top of page
Search
Writer's pictureMyat Tun Oo

၁၉၈၈ ကနေ ယခုဘာတွေ ကမ္ဘာကြီးက ပြောင်းလဲလာပြီလဲ


မြန်မာပြည်မှာ ၁၉၈၈ အရေးအခင်းဖြစ်စဉ်က စစ်အေးတိုက်ပွဲမပြီးသေးသလို ကွန်မြူနစ်ရန်ကိုကြောက်နေရဆဲပါ။ နောက်ပိုင်း တရုတ်ပြည်က ၁၉၈၉ ဒီမိုဆန္ဒပြပွဲကိုနှိမ်နင်းခဲ့လို့ မြန်မာစစ်အစိုးရနဲ့တရုတ်ဟာ နီးစပ်ခဲ့ပါတယ်။ ၁၉၉၁ ဒီဇင်ဘာမှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး ဒီမိုကရေစီက အရှေ့ဥရောပမှာ ပြောင်းလဲမှုတွေဖြစ်ခဲ့ပါတယ်။ ၁၉၉၉ မှာ နေတိုးက ယူဂိုဆလပ်မှာ ဆာဗီးယားက ကိုဆိုဗိုမှာ လူမျိုးတုန်းသတ်ဖြတ်လို့ ဗုံးစကြဲခဲ့ရာကနေ “humanatarian intervention” လူသားတွေကိုကယ်ဆယ်ဖို့ ဝင်ရောက်စွက်ဖက်မှုဗျူဟာကို ကမ္ဘာပေါ်မှာ စတင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၂၀၀၃ မှာအီရတ်ကို လူအမြောက်အများသေစေတဲ့လက်နက်ရှိတယ်ဆိုပြီး အမေရိကန်က ကုလက သဘောမတူဘဲ ဗလိုင်းကြီး ဝင်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်း ၂၀၁၀ မှာကတော့ Ivory Coast အိုင်ဗရီကို့စ်လို့ခေါ်တဲ့နိုင်ငံမှာ ရွေးကောက်ပွဲနိုင်သူကို အာဏာမလွှဲပေးလို့ ကုလတပ်က ဝင်ရောက်စွက်ဖက်ခဲ့တာပါ။


၂၀၁၁ မှာ လစ်ဗျားက ကဒါဖီက ဒီမိုတောင်းတဲ့ဆန္ဒပြသူကို ပစ်နိုင်တယ်ဆိုပြီး ဝိုင်းဗုံးကြဲလိုက်ရာမှာကဒါဖီသေသည်အထိဖြစ်ခဲ့ပါတယ်။ လစ်ဗျားလေတပ်ဟာ မြန်မာလေတပ်ထက် လေကြောင်းရန်ကာကွယ်ရေး အဆင့်မြင့်ခဲ့ပါတယ်။ ဆီးရီးယားမှာ ဒီမိုတောင်းတာက မအောင်မြင်ခဲ့ပေမယ့် ဆီးရီးယားမှာ နိုင်ငံစုံကတပ်တွေ အခြေချသွားခဲ့ပါတယ်။ ရုရှားတပ်ဟာ ဆီးရီးယားက အာဏာရှင်အာဆတ်ခေါ်လို့ ကုလသဘောတူစရာမလိုဘဲ ဝင်လာသလို တူရကီနဲ့ အမေရိကန်ဟာလဲ ဒီမိုသမားတွေကခေါ်လို့ဆိုပြီး ဝင်လာကြပါတယ်။ ယခုအထိ တိုက်နေဆဲပါ။ အာဆတ်အာဏာဆက်ရှိနေပေမယ့် တိုင်းပြည်ဟာ စုတ်ပြတ်သွားခဲ့ပါပြီ။


အဲ့ဒီအချိန်အထိ ကမ္ဘာပေါ်ကစည်းမျဉ်းက အစိုးရအဖွဲ့ခေါင်းဆောင်တွေ စစ်ဦးစီးချုပ်တွေကို အမေရိကန်က လေကြောင်းကနေ ပစ်မသတ်ဘဲ သူတို့ကိုဖမ်းလိုရင် သူတို့နိုင်ငံကို ဝင်တိုက်မယ်ဆိုတဲ့ သီအိုရီပါ။ ဒါပေမယ့် အမေရိကန်ဟာ အီရန်ရဲ့ စစ်ခေါင်းဆောင်ကို မောင်းသူမဲ့လေယဉ်နဲ့ ပစ်သတ်ပြီး သူ့ကိုရန်မူသူကို ဘယ်နေရာမှာမဆို သတ်နိုင်ကြောင်း ပြသခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့ ပြောင်းလဲလာမှုပါ။


စာရေးသူတို့တိုင်းပြည်မှာက ဟိုသမိုင်းဆရာကျော်ဝင်းလို အဘတများက တပ်မတော်ကိုသီးခံပေါင်းသွားမစနဲ့ ဘာညာဆိုပြီး ဟိုယုန်ဖွတ်လို စည်းလုံးခြင်းဆိုတာဟာ ပြည်သူက စစ်အာဏာရှင်ကို ဒူးထောက်တာမျိုးသာ ပြောလေ့ရှိပါတယ်။ ဆီးရီးယားအတွေ့အကြုံက စာရေးသူတို့လို တိုင်းပြည်မနာလိုသူများက ယခုလိုသီးခံတာက ဟုတ်မလားလို့ တွေးမိစေပါတယ်။


ဒါတွေဟာ ဘင်္ဂါလီကိစ္စမှာ စာရေးသူတို့တွေးခေါ်မှုအချို့ကို စပြောင်းလဲစေခဲ့ပါတယ်။ သူက လစ်ဗျားလို လက်နက်ပါသူနဲ့ လက်နက်မပါသူရောတိုက်ပြီး ပြန်တိုက်ရင် ကုလကိုတိုင်တာပါ။ စာရေးသူတို့ ဒီမိုတွေ ၁၉၈၈ ထဲက ကြိုးစားလို့ စစ်အစိုးရကို မစွဲနိုင်ခဲ့တဲ့နေရာတွေကို သူတို့ကလုပ်သွားတာတွေ့ရပါတယ်။ ရလာဒ်က စစ်အာဏာရှင်တွေကို ICJ ကတဆင့်ဖိအားပေးသလို ICC ကလဲ ဖိအားပေးထားတာပါ။ ဒီကနေ စစ်အာဏာရှင်အချို့ကို ဖမ်းဝရမ်းထုတ်နိုင်တာပါ။ ဒါကို စာရေးသူတို့ဟာ မကြိုက်ပေမယ့်ယခုလို ခြေဥမပြင်ဘဲ တင်းခံနေတဲ့ စစ်အာဏာရှင်ကိုတွေ့ချိန်မှာ ဒီကိစ္စတွေက အသုံးဝင်လာတာ တွေ့ရပါတယ်။ ဒီင်္ဘဂါလီရဲ့နည်းဗျူဟာကိုသုံးပြီး ဓာတ်ခဲက ရခိုင်မှာတိုက်နေရာမှာလဲ သူ့အတိုင်းအတာနဲ့သူအောင်မြင်နေတာဟာ စာရေးသူတို့ ဝန်ခံရမယ့်အချက်ပါ။ အစပိုင်းမှာ DASSK က ကာလုံခေါ်အောင်သေချာမတိုက်ဘဲ ဟထားပေခဲ့ပေမယ့် ယခုနောက်ပိုင်းသေချာတိုက်တာ တစ်နှစ်နီးပါးရှိလာပေမယ့်နယ်မြေစိုးမိုးမှု မရနိုင်တာ အားလုံးအသိပါ။ ဘာကြောင့်လဲဆိုတော့ ရခိုင်တိုင်းရင်းသားတွေက ဓာတ်ခဲဘက်က ပါနေလို့ပါ။


ဒီကြားထဲမှာ ကိုဗစ်ဖြစ်အပြီး စာရေးသူတို့မထင်မှတ်တာတွေ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံကတောင်တရုတ်ပင်လယ်မှာ နယ်မြေအများကြီးကို သူပိုင်တယ်ဆိုပြီး ကြေညာခဲ့သလို အိန္ဒိယနဲ့လဲနယ်စပ်မှာတိုက်ခိုက်လာပါတယ်။ အမေရိကန်ဟာ တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ စာရေးသူတို့ ပုံမှန်တွက်ထားတာက တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ဟာ အပြန်အလှန်မှီခိုနေရလို့အမေရိကန်က တရုတ်လူ့အခွင့်အရေးကအစ ထိုင်ဝမ်အဆုံးဘာမှမစွက်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့်အမေရိကန်ဟာ တရုတ်ကိုစီးပွါးရေးပိတ်တာ၊ ထိုင်ဝမ်ကို ကူတာ၊ တရုတ်မူစလင်ပြည်နယ်ကိစ္စအော်တာ၊ တောင်တရုတ်ပင်လယ်ထဲကို တပ်ရွှေ့တာတွေလုပ်ပြီး တရုတ်ကို တုန့်ပြန်ခဲ့ပါတယ်။


အမေရိကန်ဟာ ဒုံးပျံတင်ဖျက်သင်္ဘော USS Bunker Hill နဲ့ USS Barry ကို တရုတ်နဲ့ အငြင်းပွါးတဲ့ကျွန်းတွေရဲ့ ရေပြင်ပင်လယ်ထဲကို ပို့လိုက်ပါတယ်။ တရုတ်နိုင်ငံက ဗီယက်နမ်ငါးဖမ်းသင်္ဘောကို တိုက်မြုပ်ထားသလို မလေးရှားကမ်းလွန်ရေနံရှာတာကို ရပ်ခိုင်းထားလို့ အမေရိကန်က မိုက်ကြေးခွဲပြီးတရုတ်က မဖြတ်ရပြောတဲ့ ရေကြောင်းလမ်းကို ဖြတ်မောင်းတာပါ။ သူ့ကိုပစ်ရဲရင်ပစ်ပေါ့။


ဒါတင်လားဆိုတော့ အမေရိကန်က လေယဉ်တင်သင်္ဘောနှစ်စီး USS Nimitz နဲ့ USS Ronald Reagan နဲ့သူ့တို့ကို ထောက်ပို့သင်္ဘောတွေကိုပါ ပို့ပြီး စစ်ရေးလေ့ကျင့်စေပါတယ်။


ဒီသင်္ဘောတွေကို တာဝေးဗုံးကြဲလေယဉ် B52 တွေက ဝင်ကူလေ့ကျင့်ပြီး အမေရိကန်ကနေ ဂူအန်ကျွန်းကို ရွှေ့ထားလိုက်ပါတယ်။ နောက် လေယဉ်တင်သင်္ဘောတွေကို စောင့်ရှောက်ဖို့ ရေငုပ်သင်္ဘောနှစ်စီးစီလိုက်သွားခဲ့ပါတယ်။


တရုတ်နိုင်ငံက ငါတို့အချိန်မရွေးပစ်လို့ရကြောင်း ကြေညာရာမှာ အမေရိကန်ရေတပ် Twitter အကောင့်ကလဲ ပြန်ပစ်မယ်ဆိုတဲ့အကြောင်း ရာဇသံပေးခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်သာ ပြဿနာဖြစ်ခဲ့ရင်တောင်တရုတ်ပင်လယ်က တရုတ်နိုင်ငံကိုပို့တဲ့ ရေနံလမ်းကြောင်းဟာ စစ်သဘောအရ ဖြတ်တောက်ခံရမှာဖြစ်ပြီး မြန်မာပြည်ကသွင်းနေတဲ့ ရေနံပိုက်လိုင်းကိုလဲ အမေရိကန်က သုံးစေချင်မှာမဟုတ်ပါ။


ဒါက ဘာကိုပြသလဲ? စာရေးသူတို့တိုင်းပြည်ဟာ သူပုန်ပေါင်းများစွာရှိပြီး ပေါက်ကွဲခါနီးတိုင်းပြည်ပါ။ဒါကို DASSK က ငြင်သာစွာပြောင်းလဲနိုင်အောင် ပြည်ထောင်စုမပြိုကွဲအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင်၊ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မြောက်အောင် လုပ်ဆောင်နေပါတယ်။ သူမက ပျော့ပြောင်းစွာလုပ်နေတာဟာ ကြောက်လို့မဟုတ်ဘဲ တိုင်းပြည်မနာအောင်ပါ။ ဒါပေမယ့် လက်ရှိတပ်ချုပ် မအလနဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ စဉ်းစားရမှာက ပြည်သူကို လျှော့မတွက်ဖို့ပါ။ ယခုရခိုင်မှာတောင် သူ့တိုင်းရင်းသားက ညီညာစွာထတိုက်လို့ စာရေးသူတို့ရဲ့ ခေတ်မှီတပ်မတော်ကြီးက တစ်နှစ်နီးပါး ကြည်း၊ ရေ၊ လေ တိုက်နေရပါတယ်။ ဓာတ်ခဲဟာ “ဝ” မဟုတ်သေးပါ။ အကယ်၍အာဏာသိမ်းခဲ့ရင် DASSK နဲ့ သမ္မတကို ဖမ်းလို့ရနိုင်ပေမယ့် ပြည်သူက ပြည်မမှာ ပုန်ကန်မှာပါ။ အဲ့ဒီလိုသာဖြစ်ခဲ့ရင် ပြည်ပတပ်တွေကလဲ ဆီးရီးယားမှာလို ဝင်စွက်မှာပါ။ တပ်မတော်ဟာ အာဏာရနိုင်ပေမယ့် တိုင်းပြည်ကြီးဟာလဲ ဆီးရီးယားနဲ့ လစ်ဗျားလိုဖြစ်သွားပြီး ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာဟာပျောက်ကွယ်သွားမှပါ။ ပြည်သူအချို့အတွက်က သန်းခေါင်ထက် ညဉ့်မနက်တော့ပါ။


ဘာကြောင့်ဒီလိုရေးပြရသလဲဆိုတော့ ကမ္ဘာကြီးက ပြောင်းလဲသွားပြီဖြစ်လို့ အဘနဲ့ အဘတတွေအတွေးမမှားစေလိုလို့ပါ။ ကမ္ဘာကြီးဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ပြောင်းလဲသွားခဲ့ပါပြီ။

609 views1 comment

1 commento


Myint Soe Oo
Myint Soe Oo
17 ago 2020

ဦးမြတ် ! တိုင်းရင်းသား + လုပ်သား + ပြည်သူ >> နိုင်ငံတော်

တွေ့ဆုံပွဲအပြီး အော်သံတွေ ဆူညံသွားတာနဲ့ ကရင် နှင့် ကယားပါတီ နှစ်ခု ရှင်းချက်ထုတ် မဟုတ်ကြောင်း Fb မှာ တွင်တွင် အော်နေပါသည်။ ဓနုလေး (ကြီးကြီး မဟုတ်)တွေကလည်း သူတို့အမြင် ထင်ဟပ်ပြနေပါသည်။

***စောင်းကြိုးများ တင်းလွန်းလျှင်*** သူတို့နားလည်သွားကြပါသည်။

လုပ်သား ၊ ရန်ကုန်မှာ ဆိုက္ကား တက္ကဆီ သံပြိုင်ညီ ဆိုသလိုပါပဲ။

ပြည်သူ ၊ fb စာမျက်နှာမှာ? ?????

မနေ့က ပို့စ်တစ်ခု အောက်မှာ ဟ ဟ က သောင်းကျော် မန့်သူရဲ့ ၉၀

ရာနှုံးကျော်က မကြည်။ သူ့အျမိုးထဲ မျက်ဆံပြာ အသားဖြူ အိုးမဲခဲ မပါဘူးလို့ ပြော ယုံမျှပင်ရှိသေး။

ရဟန်းသံဃာတော်များမှလည်း

အရက်မူးယစ် ဆူး နစ် နေတာကို

မမြင်ရက် ၊မချမ်းမြေ့


ရဟန်းရှင်လူ တိုင်းရင်းသား လုပ်သား ပြည်သူအပေါင်း၏

ရင်မှာတော့ ? ? ?

Mi piace
bottom of page