top of page
Search

၁၃၈၂ နှစ်မှာ ဘာဖြစ်မလဲ?

Writer: Myat Tun Oo
Myat Tun Oo
Apr 17, 2020
1 min read

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဒီနှစ်ထဲမှာ ဘာတွေဖြစ်နိုင်မလဲလို့ တွေးကြည့်မိပါတယ်။ ပထမဆုံးကတော့ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲရှိပါတယ်။ ဘယ်သူနိုင်မလဲ?

ရွေးကောက်ပွဲမှာ ဘယ်သူနိင်မလဲဆိုတာဟာ အခြားနိုင်ငံတွေမှာ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့တွက်ချက်ရပါတယ်။ စစ်တမ်းတွေလိုပါတယ်။ မြန်မာပြည်မှာကတော့ တပ်မဲကိုထိန်းနိုင်ရင် NLD ကအပြတ်အသတ်နိုင်မှာဖြစ်ပြီး မထိန်းနိုင်ရင် ပွတ်ခါသီခါနိုင်ပါမယ်။ ဒါပေမယ့်နိုင်မှာပါ။ ဘာကြောင့်နိုင်မှာလဲဆိုရင် ICJ မှာ DASSK သွားရှင်းထားတာရယ် ကိုဗစ်ကိုင်တွယ်ပုံရယ်ကို လူအများစုက ကြိုက်လို့ပါ။ ဒီအထိက လမ်းဖြောင့်ပါမယ်။

ဒါပြီးရင်က စိန်ခေါ်မှုတွေလာပါမယ်။ သုံးခုပါ။ ပထမက ကာချုပ်အသစ်ဘယ်သူဖြစ်မလဲဆိုတာပါ။၁၃၈၃ /၂၀၂၁ မှာ ကာချုပ်သက်တမ်းက ၆၅ နှစ်တိုးထားတာ ပြည့်ပါမယ်။ ရှေ့နှစ် ဧပြီလမှာ အစိုးရသစ်ဖွဲ့ရမှာမိုလို့ သူက အငြိမ်းစားယူပြီး ဒုသမ္မတလုပ်မလား ဆက်သက်တမ်းတိုးမလား သူနဲ့ဘရွှေဆုံးဖြတ်ရပါမယ်။ သူသာ ဆက်သက်တမ်းတိုးခဲ့ရင် NLD အစိုးရက ဆက်လက်ခံမလားဆိုတာမေးခွန်းထုတ်စရာပါ။ ဆက်လက်ခံရင်တော့ ဇတ်မြောကြီးဖြစ်ပါပြီ။

ဒုတိယက အစိုးရအဖွဲ့သစ်မှာ ယခုကဲ့သို ပညာရှင်တွေTechnocrat တွေ ဆက်သုံးမလား နိုင်ငံရေးသမားတွေကို ခန့်မလားဆိုတာပါ။ စာရေးသူ အဲ့ဒါကိုတော့ DASSK ရဲ့အတွင်းစိတ်ကိုမသိလို့ မခန့်မှန်းတတ်ပါ။ ဒါပေမယ့် စာရေးသူရဲ့ ပုံမှန်အတွေးအရကတော့ စီမံဘဏ္ဏာနဲ့ကျန်းမာရေးလို ဝန်ကြီးဌာနကလွဲရင်ကျန်တာကို နိုင်ငံရေးသမားသာ ခန့်သင့်တယ်ထင်ပါတယ်။ ဒါကတိုင်းပြည်ရဲ့ အနာဂတ်ကိုအဆုံးအဖြတ်ပေးနိုင်ပါတယ်။ တပ်ထွက်တွေကို ဆက်ခန့်ရင် ပြည်သူက လက်ခံမလားဆိုတာက သူတို့က ဘာလုပ်မလဲဆိုတာအပေါ်မူတည်ပါလိမ့်မယ်။

တတိယကတော့ ICJ နှင့် ကိုဗစ် နောက်ဆက်တွဲ စီးပွါးရေးနဲ့ လူမှုရေးပြဿနာပါ။ ICJ က ရှေ့နှစ်လယ်လောက်မှ အမိန့်ချမှာဖြစ်လို့ အဲ့ဒီအချိန်ထိ ပူစရာမလိုပါ။ မြန်မာနိုင်ခဲ့ရင်လဲ ပွဲပြီးပါပြီ။ ရှုံးခဲ့ရင် သူကဘာလုပ်ညာလုပ်ပြောပါမယ်။ မလုပ်ရင် စီးပွါးရေးပိတ်တာတွေ လုပ်နိုင်ပါတယ်။

ဒါ့ထက် ယခုချက်ချင်း ရင်ဆိုင်ရမှာက ကိုဗစ်ကြောင့် ဖြစ်လာနိုင်တဲ့ အလုပ်လက်မဲ့ ပြဿနာနဲ့ စီးပွါးရေးဂယက်ပါ။ ယခုဥရောပနဲ့ အမေရိကန်က lockdown ချထားလို့ ဘယ်သူမှ အဝတ်အထည် ထွက်မဝယ်ကြပါ။ ဒါက အထည်ချုပ်စက်ရုံတွေကို လာထိပါမယ်။ ဒီနေရာမှာ ဒါကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာက မေးခွန်းပါ။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ကိုဗစ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမှီခိုနေတဲ့ နိုင်ငံတွေက ပိုထိပါမယ်။ မြန်မာပြည်ကတော့ ကိုဗစ်မတိုင်ခင်ကထဲက အနောက်ကဧည့်သည်ကဘင်္ဂါလီကိစ္စနဲ့ မလာခဲ့လို့ သူတို့လောက်မထိနိုင်ပါ။ အခြားအကောင်းအဆိုးကတော့ နောက်မှရေးပါ့မယ်။ ဒါကရေးစရာအများကြီးပါ။

ယခုရေးပြထားတာကတော့ စိန်ခေါ်မှုတွေပါ။ အကျဉ်းချုပ်ပြောရရင် စိန်ခေါ်မှုတွေရှိမှာဖြစ်ပေမယ့်လာမည့်ရွေးကောက်ပွဲကတော့ NLD သာ နိုင်မှာပါ။ ဒါပေမယ့် ဒီနှစ်နဲ့ နောက်နှစ်မှာ လုပ်ဆောင်ချက်တွေက ၂၀၂၅ ကို ဆုံးဖြတ်သွားပါလိမ့်မယ်။

နှစ်သစ်မှာ စာဖတ်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ ကိုဗစ်ရန်က ကင်းဝေးကြပါစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page