top of page
Search

၁၀၇ မမ ရှာပုံတော်မင်းသားကြီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 10, 2022
  • 2 min read


မအလတပ်ဟာ စစ်ကိုင်းမှာ ရွာတွေမီးရှို့၊ မဆိုင်တဲ့လူတွေသတ်ပြီး သူနိုင်မယ်လို့ထင်ခဲ့ပါတယ်။ ဗိုလ်နဂါးနဲ့ ယင်းမာပင်အဖွဲ့ကြား ပြဿနာအပေါ်အခြေခံပြီးလဲ သစ္စာဖောက်သတင်းပေးများရဲ့ အကူအညီနဲ့ အဆိုပါအဖွဲ့များရဲ့ ဌာနချုပ်ကို သတင်းအတိအကျရပြီး ဝင်စီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝေဟင်ကတိုက်ပြီးဆင်းရလို့ စစ်သဘောအရ PDF အများအပြားကိုတော့ မတိုက်နိုင်ခဲ့ပါ။ ဒါပေမယ့် အဆိုပါအချက်တွေကို အခြေခံပြီး သူကမြေပြင်မှာအတိုင်းအတာတစ်ခုအထိ အဆင်ပြေနေပြီလို့ မအလက တွက်ထားပုံရပါတယ်။

သူ့အတွက် ထင်စရာလေးတွေလဲ ရှိပါတယ်။ မန္တလေးမှာ UG အဖွဲ့တွေကို ဖမ်းနိုင်တာ၊ ခေါခေါတို့ကို မိတာတွေပါ။ ဒီအကြောင်း နောက်မှရေးပါ့မယ်။

ယင်းမာပင်ကိစ္စကတော့ စာရေးသူရေးပြီးသလို NUG ကလဲ သူလုပ်သင့်တာလုပ်ပြီးပါပြီ။ မအလရည်ရွယ်ချက်က စစ်ကိုင်းမှာ ဒီမိုစစ်တဲ့ဘုန်းကြီးလူထွက် PDF စစ်စစ်ကို အခြားအရပ်သားတွေနဲ့တိုက်ပေးဖို့ပါ။ ဒါပေမယ့် အဆိုပါဘုန်းကြီးက အခြားအဖွဲ့တွေလိုမဟုတ်ဘဲဂျာမနီမှာနေလာသူဖြစ်လို့ အနောက်တိုင်းစံနှုန်းကိုသိပြီး NUG အရပ်သားအစိုးရရဲ့အမိန့်ကိုနာခံသွားလို့ တော်လှန်ရေးအတွက် သမိုင်းကြောင်းကောင်းသွားခဲ့ပြီး အခြား NUG အောက်မှာမရှိတဲ့ PDF ယောင်ယောင်အဖွဲ့တွေအတွက်လဲ သင်ခန်းစာဖြစ်သွားခဲ့ပါတယ်။

မအလအဖွဲ့ အနေနဲ့ အဆင်ပြေတယ်လို့ထင်နေချိန်မှာဘဲ ဗဟိုဘဏ်ဒုဥက္ကဌ အကိုင်ခံလိုက်ရလို့ နေပြည်တော်မှာ တုန်လှုပ်သွားခဲ့ပါတယ်။ ဒုဝန်ကြီးအဆင့်မှာ ယဉ်တန်းနဲ့လိုက်ချိန်သာလုံခြုံရေးရှိပါတယ်။ ဒါကသိပ်မထိခိုက်သေးပါ။ ပေါက်မှာ လက်နက်စက်ရုံကုန်ကြမ်းသယ်တဲ့အဖွဲ့ကို ဖမ်းသွားတာက မကွေးတိုင်းမှာ မီးဟုန်းဟုန်းတောက်သွားခဲ့ပါတယ်။ မကွေးလေတပ်စခန်းက ရဟတ်ယာဉ်တွေ လေယာဉ်တွေပျံတက်ပြီး PDF ငါးယောက်ကိုရှာရတာပါ။သူတို့ပစ်ချိန်မှာ သူတို့လူခုနှစ်ယောက်က ထွက်ပြေးလို့ အသတ်ခံလိုက်ရပါတယ်။ အချို့ကရဟတ်ယာဉ်ကနေ မိမိလူကိုမိမိ မှားပစ်မိရာက သေတယ်လို့လဲ ပြောကြပါတယ်။ ဒါကအင်မတန်မှန်ကန်တဲ့လုပ်ရပ်ပါ။ ဒါက ဗမာစစ်စစ်နယ်မှာ ဗမာ့နည်းနဲ့ ကိုင်ရမှာပါ။ သုံးစီးမှာတစ်စီးသာပြန်ရခဲ့ပြီး နှစ်စီးက လွတ်သွားခဲ့ပါတယ်။ ရဟတ်ယာဉ်တောင် မမှီလိုက်ပါ။ ဒါတင်လားဆိုတော့ ဘုတလင်၊ ခင်ဦးနဲ့ တန့်ဆည်နယ်တွေမှာ မအလနဲ့ရဲတပ်စခန်းတွေစနစ်တကျ တိုက်ခိုက်ခံလာရတာပါ။ ယခုအချိန်မှာ PDF တွေက တစ်ပြိုက်နက်ထဲ ဝင်မစီးလို့မအလက လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူ ပေးနေနိုင်သေးတာပါ။ PDF တွေ ယခုထက်ပို ဗျူဟာကျလာရင် နေရာများစွာကို ဥပမာ မြောက်ပိုင်းမှာ ဝန်သို၊ ကန့်ဘလူ၊ ကျွန်းလှ၊ကောလင်း၊ ထီးချိုင့်၊ တန့်ဆည်၊ သပိတ်ကျင်းနဲ့ မုံရွာ အနောက်မြောက်အောက်က ဘုတလင်၊ယင်းမပင်၊ပုလဲ၊ ပေါက်ဆော၊ ကန်ပက်လက်နဲ့ မင်းတပ်တွေက တစ်ပြိုင်နက် ဝင်စီးနိုင်ရင် မအလတပ်အနေနဲ့ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူပေးရတာ ခက်သွားမှာပါ။ ယခုတောင် အကျအဆုံးက မအလတပ်မှာ အတော်များနေပါပြီ။ ယခုရေးတာက KNU ဒေသမှာသေတာကို ထည့်မရေးထားပါ။

ဒါထက်ပိုဆိုးတာက ရန်ကုန်က မင်္ဂလာဒုံလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့အပစ်ခံရတဲ့ကိစ္စပါ။ ဒီကိစ္စက အတော့်ကိုကြီးပါတယ်။ ၁၀၇ မမ ပိုင်ဆိုင်သူက သဘောထားကြီးပြီးစစ်ရေးပစ်မှတ်ကိုသာ ပစ်သွားလို့ပါ။ မအလသမီးပိုင် Lotte Hotelနဲ့ အခြားကန်သာယာဆေးရုံကြီးတွေကိုသာ ပစ်သွားခဲ့ရင် ပစ်မလွဲမိုလို့ ဆုံးရှုံးမှုက ကြီးမှာပါ။ ဒါကြောင့် စရဖနဲ့ ရန်ကုန်တပ်တွေကို ၁၀၇ မမ တွေလိုက်ရှာခိုင်းနေပါတယ်။ နောက်ပြီး ရန်ကုန်မြို့ပေါ်က လေတပ်စခန်းကို လာတိုက်သွားတာကိုက မအလသိက္ခာကျသွားစေပါတယ်။ မြန်မာပြည်ရဲ့ နှစ် ၇၀ကျော်သူပုန်သက်တမ်းမှာ KNU အင်းစိန်ကို ရောက်ခဲ့တာကလွဲရင် မအလကို ရန်ကုန်မြေမှာPDF တွေလောက် ဒုက္ခမပေးနိုင်ခဲ့ပါ။ ဖွတ်ဥက္ကဌကြီး သန်းဌေးတောင် ရန်ကုန်အိမ်ကိုထားခဲ့ပြီး လုံခြုံရေးကြောင့် နေပြည်တော်ပြောင်းပြေးပြီးနေနေရသလို ဘူးလက်လဲထို့အတူပါဘဲ။

၁၀၇ မမ ရဲ့ပြဿနာက သူက ၁၀ မိုင်လောက်အထိရောက်အောင်ပစ်နိုင်တာပါ။ ဥပမာရန်ကုန်တိုင်းစစ်ဌာနချုပ်ကို အနားထိလာပစ်စရာမလိုဘဲ ၁၀ မိုင်လောက်က လှမ်းပစ်နိုင်တာပါ။ ဥပမာ လေဆိပ်ထဲကို ပစ်နိုင်ရင်တော့ ပိုတန်ဖိုးရှိတာပေါ့။ နောက် ၁၀၇ မမ ကို ပုံမှန်အမြောက်တွေလို ပစ်စရာအခံမလိုဘဲ ဗျောက်အိုးဖောက်သလို စနက်တံကို မီးနဲ့တိုက်ပစ်ရတာပါ။ ပစ်ရလွယ်ပါတယ်။ နောက်သူ့ရဲ့ဖျက်အားကလဲ ပြင်းပါတယ်။ တရုတ်ထုတ်ပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ လာမယ့် မိုးရာသီဟာ စာရေးသူတို့ ဒီမိုတွေအတွက်အောင်ပွဲတွေသာ ပိုတိုးလာမှာပါ။ ယခင်က တူမီးသေနတ်သာ အသုံးများလို့ မိုးရွာရင် PDF တွေက သုံးမရ တိုက်မရပါ။ ယခုသေနတ်တွေက မိုးရွာရင် ပစ်လို့ရနေပါပြီ။ မိုးရွာရင် မအလအတွက်ထောက်ပို့က ပိုခက်လာမှာပါ။ စာရေးသူတို့ PDF က ဒေသခံတွေမိုလို့ ပူစရာမလိုပါ။နောက်မိုးရွာရင် လေကြောင်းအားသာချက်က အားမသာနိုင်တော့ပါ။ ဥပမာ မိုးကြီးတဲ့နေ့မှာPDF က စစ်ဆင်ရေးလုပ်ရင် မအလရဟတ်ယာဉ်က တက်ခဲ့ရင်တောင် ပျက်ကျဖို့များသွားမှာပါ။ နောက်ပြီး မပျက်ခဲ့ရင်လဲ အောက်ကမြူနဲ့မိုးနဲ့ မမြင်ရရင် visibility မကောင်းရင် ဘာမှလုပ်မရပါ။

ယခုလောလောဆယ်တော့ ရန်ကုန်မှာ မအလတပ်က ၁၀၇ မမ ရှာပုံတော်စစ်ဆင်ရေးလုပ်နေပါတယ်။ သင်္ကြန်မှာ သူတို့ မပျော်နိုင်ပါ။ ပြည်သူ များများလှူ၊ PRF အဖွဲ့ဝင်၊ ငွေတိုက်စာချုပ်ဝယ်၊ များများ clicktodonate လုပ်ရင်တော့ ၁၀၇ တွေများများရပြီး မအလမြန်မြန်ပြုတ်မှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page