top of page
Search

၁၀၇ မမ နှင့် မကွေးလေတပ်စခန်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 22, 2022
  • 1 min read

ကွေးလေတပ်စခန်းကို ၁၀၇ မမ နဲ့အပစ်ခံရတာ အားလုံးသိမှာပါ။ ၁၀၇မမရဲ့ ပစ်နိုင်တဲ့အကွာအဝေးက ၅ မိုင်လောက်အထိရှိပါတယ်။ အပစ်ခံရအပြီးမှာဘဲ မကွေးလေတပ်စခန်းထဲကိုဝင်တာကိုရပ်လိုက်ပါတယ်။ အောက်ခြေတပ်သားတောင် ချက်ခြင်းပေးမဝင်ခဲ့ပါ။ မြောက်ဘက်စခန်းကနေလေယာဉ်ထားရာနေရာကို ပေးမသွားခဲ့ပါ။ ပေါက်ကွဲမှုရှိခဲ့ပါတယ်။ ဒီနေရာမှာ ဘောမတွေက ဆိုက်ဝါးစဝင်ပါတယ်။ လေယာဉ်ထိတာ မဟုတ်ဘူး ဘာညာဆိုတာပါ။ မှတ်မိလားမသိပါဘူး စစ်ကြောင်းတွေလက်နက်ချလို့ ပုံတင်ရင် စစ်သားရုပ်မဟုတ်ဘူး ဘာညာဆိုပြီး ဝေဝါးအောင် ဝင်လုပ်ပြီး ရေတိုမှာ သူ့လူတွေစိတ်ဓာတ်မကျအောင် မအလတပ် ဆိုက်ဝါးက ဝင်လုပ်ပါတယ်။ ပြီးရင် ဒီမိုတွေက ပြဿနာတက်တာ မင်းသမီးချွတ်တာ ဘာညာနဲ့ လူတွေ လိုင်းလွဲသွားပါတယ်။ ထိုအချိန်မှ သူတို့ကျတာ သေတာဟုတ်တယ်ဆိုတာ လူတွေသိတာပါ။ ဒါပေမယ့် ရက်အနည်းငယ်ကြာချိန်မှာ လူတွေက အာရုံမရှိတော့ပါ။ ဒီမိုတွေရွာတွေ ဗုံးကျဲခံရ၊ မီးရှို့ခံရရင်တော့ သူ့ဆိုက်ဝါးတပ်က NUG တံဆိပ်၊ အမေစုပုံ၊NLD ပုံနဲ့ NUG ဘာလုပ်နေလဲဆိုပြီး လူထုနဲ့ NUG ကို တိုက်ပေးတာပါ။

ယခု မကွေးလေဆိပ်ကိစ္စကို ပြန်ဆက်ပါ့မယ်။ မကွေးလေဆိပ်ဟာ မကွေးလေတပ်နေရာပါ။ မြောက်ဘက်မှာ လေတပ်စခန်းဌာနချုပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးရှိပြီး တောင်ဘက်မှာ လေယာဉ်ခြောက်စီး ထားတဲ့နေရာရှိပါတယ်။ ပုံထဲမှာ တွေ့မှာပါ။ အမြဲတမ်း အထဲမှာ ထည့်မထားပါ။ ယခုအချိန်က PDFနဲ့ KIA, AA ကိစ္စတွေရှိလို့ အထဲမှာ အမြဲထည့်မထားနိုင်ပါ။ မြောက်ဘက်မှာ ရဟတ်ယာဉ်တွေထားဖို့ အသစ်ဆောက်ထားတာလဲရှိပါတယ်။ သူကထိရင် ပေ ၆၀ ပတ်လည်လောက်ကို ဖျက်နိုင်စွမ်းရှိပါတယ်။

ဒါဆို ဘယ်လိုပစ်ခဲ့သလဲ? စာရေးသူမသိဘဲ ထင်တာကိုပြောပါ့မယ်။ လေဆိပ်နားကပ်လို့ရလို့ ပစ်သွားတာပါ။ သူတို့ဟာ နေရာအတိအကျသိလို့ ပြေးလမ်းကိုပစ်ချိန်မှာ တိုက်ရိုက်ထိသွားတာပါ။ ထိတာကိုသိလို့ လေတပ်စခန်းဌာနချုပ်မှူးက ကကလေကို သတင်းပို့ ကကလေက မအလရုံးကိုသတင်းပို့တာပါ။ယခုစုံစမ်းနေတာက ဒီလိုနေရာအတိအကျကို ဘယ်လို PDF က သိသွားလဲဆိုတာပါ။ လေယာဉ်ကိုမထိရင် အထက်ကိုလိမ်တင်ပြစရာမရှိသလို ခုံရုံးဖွဲ့စစ်စရာလဲမရှိပါ။ ယခုက လေတပ်စခန်းလုံခြုံရေးမှူးကိုလဲ ဖမ်းထားပါတယ်။ ပုံထဲမှာ လေယာဉ်ရပ်ထားပုံကိုကြည့်ရင် အမြောက်ဆန်သာမှန်ရင် အနီးအနားကလေယာဉ်တွေပါ ပျက်သွားနိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ထိသွားတာက ကံကြောင့်လား PDF ကစာရေးသူလို ဒီလိုရပ်တယ်ဆိုတာ ညက ကြိုသိလားတော့ စာရေးသူမသိပါ။ လေယာဉ်ဆိုတာက အပစ်ခံရလို့ အပေါက်သေးဖြစ်ရင်တောင် ဖိအားမှန်အောင် ပြန်ပြင်ရပါတယ်။

အကျဉ်းချုပ်ရရင် ဒီလိုပစ်နိုင်တာကို ကြိုဆိုရမှာပါ။ များများပစ်နိုင်လာရင် ပိုပိုမှန်လာမှာပါ။ များများပစ်နိုင်အောင် ပြည်တွင်းပြည်ပ အလှူရှင်တွေက NUG ကို တိုက်ရိုက်လှူခြင်းဖြင့် အရှိန်မြှင့်နိုင်အောင်ကြိုးစားပေးပါ။ ရောင်းသူက NUG ကို သာ အသိအမှတ်ပြု ရောင်းပေးမှာပါ။ သဘောပေါက်မှာပါ။အခြားအဖွဲ့တွေမှာ ငွေမဖြုန်းပါနဲ့။ စီးပွါးရေးအရ စစ်ရေးအရတွက်ရင် ၁၀၇ ဖိုးရင်းပြီး လေယာဉ်ပစ်နိုင်တာ တန်ပါတယ်။ ဒါကြောင့် ထပ်ပြောပါ့မယ် ၁၀၇ မမ ရအောင် NUG ကို လှူပေးပါ။ ကျေးဇူးပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page