top of page
Search

ဦးဝှေ့တင်းကပြောသော ဓာတ်ခဲ၏အကြမ်းဖက်လုပ်ရပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 4, 2019
  • 1 min read

ဦးဝှေ့တင်းကပြောသော ဓာတ်ခဲ၏အကြမ်းဖက်လုပ်ရပ်

စာရေးသူတို့အများစုက တပ်ချုပ်ကိုဝေဖန်တယ်။ DASSK နဲ့ NLD ကိုထောက်ခံတယ်။ လွှတ်တော်မှာကိုမောင်မောင်က ထကြောင်ရင် ဆဲချင်တယ်။ တပ်ချုပ်က မဟုတ်တာပြောရင်ဝေဖန်တယ်။ ဒီအထိတော့ တူကြပါတယ်။ ဒါပေမယ့် တပ်လုပ်သမျှကိုတော့ စာရေးသူက အပြစ်မမြင်ပါ။ အချို့ကိစ္စတွေမှာ သူပုန်က ဗြောင်လိမ်ရင် အကျိုးသင့် အကြောင်းသင့် ရှင်းပြလေ့ရှိပါတယ်။ ကြိုက်သူ မကြိုက်သူရှိပါမယ်။ ဒါလူ့သဘာဝပါ။

ဒီနေရာမှာ ဓာတ်ခဲက ရဲတွေ၊ GE တပ်က တပ်သားတွေနဲ့ အရပ်သားကိုဖမ်းပါတယ်။ တပ်က ဝင်ကယ်ချိန်မှာ ဓားစားခံကာပစ်ပြီး ဓာတ်ခဲကသတ်ပါတယ်။ သူကသတ်လို့သေပြီး ဓာတ်ခဲဟာ နာရီပိုင်းအတွင်း တပ်ကပစ်လို့သေတယ်လို့ လွယ်လွယ်ထုတ်ပြောခဲ့ပါတယ်။ စာရေးသူတို့တပ်ကတောင်အချင်းချင်းပြန်မေးတာ အဖြေမရသေးပါ။ ဒီမိုအချို့ကလဲ တပ်ကိုဆဲပြီးပါပြီ။

နောက်ပိုင်း အရပ်သားတစ်ယောက်ကို ရခိုင်လိုပြောသူတွေက ဝိုင်းသတ်တဲ့ ဗီဒီယိုထွက်လာပါတယ်။ဒါကလဲ ဓာတ်ခဲကသတ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဓာတ်ခဲက သူမဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ ဓာတ်ခဲ ထောက်ခံသူတွေက အဲ့ဒီအထဲမှာ သေသူက မသေခင်မှာ ဓာတ်ခဲတပ်မတော် အဓွန့်ရှည်ပါစေလို့ ပြောသွားလို့ ဒါကဓာတ်ခဲမဖြစ်နိုင်လို့ ဆင်ခြေပေးပါတယ်။ ထိုသူတွေကို ပြောလိုတာက ISIS အကြမ်းဖက်သမားတွေ မသတ်ခင်မှာ သူတို့သတ်မယ့်လူတွေကို သူတို့ဘုရားက မြင့်မြတ်ကြောင်းအော်ခိုင်းလေ့ရှိပါတယ်။ အသတ်ခံရမည့်သူက သတ်သူအကြိုက် အော်ပေးရတာပါ။ အဲဒီဗီဒီယိုကဘယ်သူလုပ်တာဖြစ်ဖြစ် မြန်မာပြည်မှာ ISIS လို အကြမ်းဖက်ယဉ်ကျေးမှု ရောက်လာတာကတော့ထင်ရှားပါတယ်။

ထိုသတင်းမထွက်ခင်ကလဲ တပ်ထောက်ခံသူများ အသတ်ခံရပြီး အလောင်းကို မြို့ပေါ်လာပစ်သွားတာဟာ ISIS က ဆီးရီးယားမှာ ခေါင်းဖြတ်ပြီး လာပစ်တာတွေကို အမှတ်ရစေပါတယ်။ ထို့အတူ မြောက်ဦးမှာ ပစ်ချိန်ကလဲ တပ်ကဘဲ တစ်ဖက်သတ်ဖြစ်သလို ဂျင်းထည့်ပါတယ်။

ယခုကတော့ NLD ရဲ့ လွှတ်တော်အမတ်ကို ဖမ်းတဲ့အထိဖြစ်လာပါပြီ။ သူက သူ့လူမျိုးနဲ့ သူ့ပြည်နယ်မှာ ဘာလုပ်လုပ် ဘယ်အကြမ်းဖက်အဖွဲ့အစည်းကမှ ဖမ်းပိုင်ခွင့်ပေးမထားပါ။ သူဟာ တရားဝင်လွှတ်တော်အမတ်ပါ။ အမေရိကန်လွှတ်တော်အမတ်ကို အီရတ်မှာ သူပုန်ကဖမ်းရင် ဘာဖြစ်သွားမလဲတွေးကြည့်တာတောင်သိနိုင်ပါတယ်။

ဒီနေရာမှာ အကြမ်းဖက်သမားတွေအနေနဲ့ အကြောင်းမျိုးစုံပြပြီး အကြမ်းဖက်ကြပါတယ်။ ဘင်လာဒင်က သူ့မွေးရပ်မြေဆော်ဒီမှာ အမေရိကန်တပ်စွဲလို့ဆိုပြီး အမေရိကန်ကို ၉/၁၁ မှာ တိုက်ပါတယ်။ အမေရိကန်က သူ့ကို အကြမ်းဖက်သမားဆိုပြီးသတ်ပါတယ်။ နောက် ဆီးရီးယားမှာ အသေဆိုးနဲ့သေသွားတဲ့ IS ခေါင်းဆောင်ဟာ အမေရိကန်လူမျိုးကို ဖမ်းတာ မဒိန်းကျင့်တာတွေလုပ်လို့ အမေရိကန်ကထိုအမျိုးသမီးနာမည်နဲ့ စစ်ဆင်ရေးလုပ်ပြီး ဝင်သတ်ခဲ့ပါတယ်။

အချို့နေရာမှာ စာဖတ်သူအချို့က တပ်ကို မအလနဲ့ လွှတ်တော်ထဲက အချိုးမပြေသူအချို့ကြောင့်အမြင်မကြည်တာ နားလည်ပါတယ်။ ဒီနေရာမှာ အဘနဲ့ ဓာတ်ခဲကွာတာက အဘက သူ့ကိုဝေဖန်ရင်ဥပဒေဘောင်ထဲက တရားစွဲပါတယ်။ ဓာတ်ခဲကတော့ သတ်ပါတယ်။ ဟိုရခိုင်ရွာမှာ စစ်ဆေးစဉ်လူသေမှုမှာလဲ တပ်ထဲကလူတွေ အစစ်ခံနေရပါတယ်။ တပ်နဲ့ အဘကို ခွဲမြင်ပါလို့တော့ ပြောချင်ပါတယ်။ အချို့ကိစ္စတွေမှာ အကြမ်းဖက်သမားက အကြမ်းဖက်သမားပါလို့သာ ပြောပါရစေ။

News Credit : BBC Burmese

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page