top of page
Search
  • Writer's pictureMyat Tun Oo

ဦးရှင်ကြီးကပြောသောမီဒီယာ


ဦးရှင်ကြီးကပြောသောမီဒီယာ

လွှတ်တော်ကိုယ်စားလှယ်ကဆက်ကြေးပေးရတာကိုဦးရှင်ကြီးနဲ့ဥပမာပေးသွားတယ်။ဒါကိုပုံမှန်လူတောင်သူဘာပြောလဲဆိုတာသိပါတယ်။စာရေးသူလဲသူကရေတပ်ကိုပြောတာသိတယ်။ဒါပေမယ့်အဘနဲ့ခရိုနီမီဒီယာတွေကဒီလူကဘဲကြောင်ပြောသလိုလိုနဲ့ဖွတယ်။ဖွတ်နဲ့ တပ်အကောင့်တုကရှယ်တယ်။ဒါကဘာကိုပြလဲဆိုတော့မီဒီယာရဲ့အဘအားကိုးခရိုနီအားကိုးပုဆိန်ရိုးဖြစ်နေတာကိုပြပါတယ်။

ဒါကပြည်တွင်းမီဒီယာပါ။ပြည်ပကတော့အထဲမှာဘာသတင်းတွေဖြစ်ဖြစ်သူကဘင်္ဂါလီဘာဖြစ်တာ၊ထမင်းစားတာ၊သေးပေါက်တာကိုသခင်အားရကျွန်စာဝအနေနဲ့လွှင့်ပေးပါတယ်။ဒါမှသူတို့ကအနောက်နိုင်ငံမှာအလုပ်မြဲမှာပါ။အနောက်ကသတင်းသမားအများစုဟာဒီလိုသတင်းဌာနတွေမှာအလုပ်မရရင်စတိုးဆိုင်ထိုင်တဲ့အလုပ်လောက်သာသူတို့ပညာကအလုပ်ရမှာပါ။

ဒါနဲ့စာရေးသူတို့ရဲ့မြန်မာ့အသံကိုအားကိုးမယ်ဆိုပြီးကြည့်တော့နိုင်ငံခြားသမ္မတလာတာလဲမလွှင့်။မိမိပြည်တွင်းကတိုက်ပွဲလဲမလွှင့်ပါ။မြဝတီကလဲအဘဘယ်သွားတယ်။ထမင်းစားတယ်နဲ့အချိန်ကုန်နေပါတယ်။

သူပုန်ကလက်နက်ကြီးနဲ့ပစ်ပြီးတော့ချက်ခြင်းသူမဟုတ်သရောင်နဲ့ကြေညာချက်ထုတ်နဲ့အဆင်ပြေနေပါတယ်။ဒါကတော့တပ်သတင်းထုတ်ပြန်ရေးကလဲဒါမျိုးဆိုနှေးပါတယ်။

ယခုဘဏ်ကိစ္စမှာလဲခရိုနီမီဒီယာဟာခရိုနီကိုသာဗျူးပြီးအစိုးရကိုဖိအားပေးဖို့လုပ်နေပါတယ်။ဘယ်သူကမှကမ္ဘာပေါ်ကပညာရှင်ကိုမမေးပါ။သူတို့အချင်းချင်းအမေးအဖြေလုပ်ပြီးငါတို့မြန်မာပြည်ကနိုင်ငံခြားနဲ့မတူဘူးဆိုပြီးဟုတ်နေပါတယ်။

စာရေးသူတို့တိုင်းပြည်မှာပြန်ကြားရေးကအစဗဟိုဘဏ်အဆုံးယခင်လူများကနေရာယူထားပါတယ်။ပြည်ထဲရေးနဲ့တပ်ကတော့ပြောစရာမလိုပါ။စာရေးသူတို့ယခင်အဘချုပ်ကိုင်ထားတဲ့နေရာကလူတွေကိုလျှော့နိုင်မှအဆင်ပြေပါမယ်။မလျှော့နိုင်ရင်တော့မလွယ်ပါလို့ပြောပါရစေ။စစ်သဘောအရရန်သူထောင်ခဲ့တဲ့မိုင်းတွေကိုရန်သူမတိုက်ခင်ရှင်းထားရမှာပါ။တိုက်တဲ့အချိန်မှထရှင်းရင်နောက်ကျသွားတတ်ပါတယ်။


Zawgyi version


ဦးရွင္ႀကီးကေျပာေသာ မီဒီယာ


လႊတ္ေတာ္ကိုယ္စားလွယ္က ဆက္ေၾကးေပးရတာကို ဦးရွင္ႀကီးနဲ႔ ဥပမာေပးသြားတယ္။ ဒါကို ပုံမွန္လူေတာင္ သူဘာေျပာလဲဆိုတာ သိပါတယ္။ စာေရးသူလဲ သူက ေရတပ္ကိုေျပာတာသိတယ္။ ဒါေပမယ့္ အဘနဲ႔ ခရိုနီမီဒီယာေတြက ဒီလူကဘဲ ေၾကာင္ေျပာသလိုလိုနဲ႔ ဖြတယ္။ ဖြတ္နဲ႔ တပ္အေကာင့္တုက ရွယ္တယ္။ ဒါကဘာကိုျပလဲဆိုေတာ့ မီဒီယာရဲ့ အဘအားကိုး ခရိုနီအားကိုး ပုဆိန္ရိုးျဖစ္ေနတာကို ျပပါတယ္။


ဒါကျပည္တြင္းမီဒီယာပါ။ ျပည္ပကေတာ့ အထဲမွာ ဘာသတင္းေတြျဖစ္ျဖစ္ သူက ဘဂၤါလီဘာျဖစ္တာ၊ ထမင္းစားတာ၊ ေသးေပါက္တာကို သခင္အားရကၽြန္စာဝအေနနဲ႔ လႊင့္ေပးပါတယ္။ ဒါမွ သူတို႔ကအေနာက္နိုင္ငံမွာ အလုပ္ျမဲမွာပါ။ အေနာက္ကသတင္းသမားအမ်ားစုဟာ ဒီလိုသတင္းဌာနေတြမွာ အလုပ္မရရင္ စတိုးဆိုင္ထိုင္တဲ့ အလုပ္ေလာက္သာ သူတို႔ပညာက အလုပ္ရမွာပါ။


ဒါနဲ႔စာေရးသူတို႔ရဲ့ ျမန္မာ့အသံကို အားကိုးမယ္ဆိုၿပီးၾကည့္ေတာ့ နိုင္ငံျခားသမၼတလာတာလဲ မလႊင့္။ မိမိျပည္တြင္းက တိုက္ပြဲလဲ မလႊင့္ပါ။ ျမဝတီကလဲ အဘဘယ္သြားတယ္။ ထမင္းစားတယ္နဲ႔ အခ်ိန္ကုန္ေနပါတယ္။


သူပုန္က လက္နက္ႀကီးနဲ႔ပစ္ ၿပီးေတာ့ခ်က္ျခင္း သူမဟုတ္သေရာင္နဲ႔ ေၾကညာခ်က္ထုတ္နဲ႔ အဆင္ေျပေနပါတယ္။ ဒါကေတာ့ တပ္သတင္းထုတ္ျပန္ေရးကလဲ ဒါမ်ိဳးဆို ေႏွးပါတယ္။


ယခုဘဏ္ကိစၥမွာလဲ ခရိုနီမီဒီယာဟာ ခရိုနီကိုသာဗ်ဴးၿပီး အစိုးရကို ဖိအားေပးဖို႔လုပ္ေနပါတယ္။ ဘယ္သူကမွ ကမၻာေပၚက ပညာရွင္ကို မေမးပါ။ သူတို႔အခ်င္းခ်င္း အေမးအေျဖလုပ္ၿပီး ငါတို႔ျမန္မာျပည္က နိုင္ငံျခားနဲ႔မတူဘူးဆိုၿပီး ဟုတ္ေနပါတယ္။


စာေရးသူတို႔တိုင္းျပည္မွာ ျပန္ၾကားေရးကအစ ဗဟိုဘဏ္အဆုံး ယခင္လူမ်ားက ေနရာယူထားပါတယ္။ ျပည္ထဲေရးနဲ႔ တပ္ကေတာ့ ေျပာစရာမလိုပါ။ စာေရးသူတို႔ ယခင္အဘခ်ဳပ္ကိုင္ထားတဲ့ ေနရာကလူေတြကို ေလၽွာ့နိုင္မွအဆင္ေျပပါမယ္။ မေလၽွာ့နိုင္ရင္ေတာ့ မလြယ္ပါလို႔ ေျပာပါရေစ။ စစ္သေဘာအရ ရန္သူေထာင္ခဲ့တဲ့မိုင္းေတြကို ရန္သူမတိုက္ခင္ ရွင္းထားရမွာပါ။ တိုက္တဲ့အခ်ိန္မွ ထရွင္းရင္ ေနာက္က်သြားတတ္ပါတယ္။

61 views0 comments
bottom of page