top of page
Search

ဦးပိုင်ဟာတိုင်းပြည်ကိုအကျိုးပြုလား ဦးပိုင္ဟာတိုင္းျပည္ကိုအက်ိဳးျပဳလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 22, 2019
  • 1 min read

ဦးပိုင္ဟာတိုင္းျပည္ကိုအက်ိဳးျပဳလား

ဦးပိုင္ဆိုတာဟာတပ္မေတာ္ကေထာင္ထားတဲ့ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းလီမိတက္ကိုေခၚပါတယ္။ဒီကုမၸဏီကတပ္မေတာ္သားေတြသက္သာေခ်ာင္ခ်ိေအာင္ေထာင္ထားတာလို႔ဆိုပါတယ္။

ျပည္သူေတြအက်ိဳးရွိမရွိမသိခင္မွာတပ္မေတာ္သားေတြအက်ိဳးရွိလားေလ့လာၾကည့္ရေအာင္။တပ္မေတာ္သားေတြထံကပိုက္ဆံျဖတ္ရာမွာေတာ့ဦးပိုင္ဟာနာမည္ႀကီးပါတယ္။ယခုေနာက္ပိုင္းအသက္အာမခံပါျဖတ္တာေပါ့။ဘာအက်ိဳးခံစားရလဲ။ႀကိဳက္တဲ့သူကိုေမးၾကည့္ပါ။ဘယ္တပ္မေတာ္သားမွဦးပိုင္ထံကပိုက္ဆံအႀကီးအက်ယ္မရပါ။ဗိုလ္မႉးႀကီးအဆင့္၊အခ်ိဳ႕ဗိုလ္မႉးခ်ဳပ္မွာေတာင္အႀကီးအက်ယ္မရပါ။ဒါေပမယ့္ဗိုလ္ခ်ဳပ္အဆင့္အထက္ဆိုရင္ေတာ့ဝင္ေငြမွန္လာပါတယ္။ဒီလူေတြကျပည္သူေတြကိုစစ္တလင္းျဖစ္မယ္ဘာညာဆိုၿပီးၿခိမ္းေျခာက္သူေတြအမ်ားစုျဖစ္လာခဲ့ပါတယ္။တပ္သားကေနဗိုလ္ႀကီး၊ဗိုလ္မႉး၊ဗိုလ္မႉးခ်ဳပ္ေလာက္အထိကေတာ့ခ်ာလည္လည္ပါ။ဒါေၾကာင့္လူနည္းစုသာအက်ိဳးျပဳတဲ့ကုမၸဏီပါ။

တပ္ခ်ဳပ္ႀကီးကသူပုန္ေတြကိုစီးပြားေရးလုပ္ခ်င္ရင္လက္နက္စြန္႔ပါလို႔ေျပာေလ့ရွိပါတယ္။စာေရးသူကေထာက္ခံပါတယ္။ဒါေပမယ့္စာေရးသူတို႔ရဲ႕တပ္မေတာ္ကစံနမူနာအေနနဲ႔လုပ္ျပသင့္တယ္လို႔ထင္ပါတယ္။ဒုတိယကဦးပိုင္ဘယ္လိုႀကီးထြားလာလဲဆိုတာပါ။အားလံုးသိတဲ့အတိုင္းစစ္အစိုးရလက္ထက္မွာလက္ဝါးႀကီးအုပ္ၿပီးျပည္သူကိုေသြးစုပ္ျခယ္လွယ္ကာႀကီးထြားလာခဲ့တာပါ။အျပင္ကုမၸဏီကိုဘီယာေပးမလုပ္ဘဲလက္ဝါးႀကီးအုပ္တာ၊ဆီးကရက္ထုတ္တာေတြ၊ကြန္ပ်ဴတာေရာင္းတာေတြကအစေပါ့။အားလံုးဟာဦးပိုင္နဲ႔ေပါင္းမွျမန္မာျပည္မွာစီးပြားေရးလုပ္လို႔ရခဲ့ပါတယ္။အဲ့ဒီအခ်ိန္ကဦးပိုင္နဲ႔ေပါင္းၿပီးစီးပြားေရးလုပ္ခ်မ္းသာလာသူမ်ားဟာယခုအခ်ိန္မွာဘာညာအသင္းဥကၠဌေတြ၊အတြင္းေရးမႉးေတြအမႈေဆာင္ေတြျဖစ္ၿပီးဦးပိုင္အတြက္ဆိုအသက္ေပးမယ္ျဖစ္ေနၾကသူမ်ားပါတယ္။သူတို႔ကဦးပိုင္တန္ဖိုးကိုသိပါတယ္။သူတို႔ကိုဒီဘဝေရာက္ေအာင္ဦးပိုင္ကလုပ္ေပးခဲ့တာပါ။

ဦးပိုင္ရဲ႕လက္ပေတာင္းေတာင္ေၾကးနီစီမံကိန္းကိစၥေၾကာင့္တ႐ုတ္နဲ႔ရွင္းေနရသလိုျမစ္ဆံုစာခ်ဳပ္ကလဲသူ႔ထံေရာက္သလိုၾကားရပါတယ္။သူဟာတိုင္းျပည္သယံဇာတေတြကိုလက္ဝါးႀကီးအုပ္ၿပီးျပည္ပကိုအထူးသျဖင့္တ႐ုတ္ျပည္ကိုေရာင္းစားခဲ့တဲ့ကုမၸဏီပါ။မ်ိဳးမေစာင့္တဲ့ကုမၸဏီဆိုလဲေျပာလို႔ရပါတယ္။တိုင္းျပည္အတြက္အက်ိဳးမျပဳခဲ့ပါ။

ဦးပိုင္ဟာရန္ကုန္မွာလဲဗႏၶဳလယဥ္လိုင္းအေနနဲ႔စစ္အစိုးရလက္ထက္ကစလို႔ေျပးစြဲခြင့္ရခဲ့ပါတယ္။စြဲတဲ့ကားေတြကအစုပ္ေတြပါ။ျပည္သူကိုအျမတ္ထုတ္ခဲ့တာေပါ့။ဒါကိုကြီးၿဖိဳးရဲ႕YBS ျပဳျပင္ေျပာင္းလဲမႈေၾကာင့္ဘစ္ကားအသစ္ေတြကိုဝယ္ခဲ့ရပါတယ္။ပိုက္ဆံေတြကုန္ခဲ့ပါတယ္။ယခင္ကထက္အျမတ္နည္းသြားခဲ့ပါတယ္။ဒါေၾကာင့္သူတို႔ယခင္ဂြင္ကိုကြီးၿဖိဳးက႐ိုက္ခ်ိဳးလို႔အၿငိဳးထားခဲ့ပါတယ္။ဦးပိုင္ဟာတပ္အေကာင့္တုေတြသံုးၿပီးကြီးၿဖိဳးကိုတိုက္ခိုက္ခဲ့ပါတယ္။ေနာက္ဆံုးေတာ့မဝယ္ခ်င္ေပမယ့္ကားအသစ္ေတြဝယ္ၿပီးYBS ထဲထည့္ေပးခဲ့ရပါတယ္။

ယခုဟာကဦးပိုင္ဟာျပည္သူေတြကိုမီတာခေစ်းအႀကီးေတြနဲ႔ႏွစ္ေပါင္းမ်ားစြာေရာင္းၿပီးျပည္သူေတြရဲ႕ေခၽြးနည္းစာကိုေသြးစုပ္လာခဲ့ပါတယ္။၂၀၁၆မွာအစိုးရသစ္တက္အၿပီးသူ႔ကိုတင္ဒါမေပးခ်ိန္မွာလက္ရွိဝန္ႀကီးကိုအဂတိပါဆိုၿပီးလုပ္ၾကံတိုင္တန္းလာတာျဖစ္ပါတယ္။သူ႔ရဲ႕အ႐ိုးကိုက္ေလးေတြကလဲမီဒီယာကတဆင့္ေအာ္ေပးရတာေပါ့။

လက္ရွိျမန္မာျပည္ရဲ႕ေျခဥအရတပ္ကိုျပည္သူကအရပ္ဖက္မွာတရားစြဲလို႔မရသလိုအဂတိကလဲစစ္လို႔မရပါလို႔ေျပာထားခဲ့ပါတယ္။အာဖရိကမွာဆန္ကိစၥျဖစ္ခ်ိန္မွာဦးပိုင္ဆန္လဲပါခဲ့ပါတယ္။အဲ့ဒါကိုစစ္လို႔ဦးပိုင္ဆန္ကမေကာင္းတာလို႔ေပၚရင္ေတာင္စာေရးသူတို႔အစိုးရအေနနဲ႔ကုမၸဏီဒါ႐ိုက္တာေတြကိုေထာင္ခ်လို႔မရပါ။သူတို႔ကလက္ရွိဗိုလ္ခ်ဳပ္ေတြျဖစ္ေနလို႔ပါ။ေအာက္မွာအေထာက္အထားနဲ႔တင္ထားပါတယ္။ဒါ႐ိုက္တာအားလံုးဟာဗိုလ္ခ်ဳပ္အထက္ပါ။ဆန္ေတြကေကာင္းတယ္လို႔ေျပာရင္လဲႏိုင္ငံျခားကမင္းတို႔ဦးပိုင္ကဆန္ပို႔တဲ့အထဲပါေနလို႔လိမ္ေျပာတယ္လို႔ထင္ပါမယ္။

ဥပမာမီတာေတြအရည္အေသြးမေကာင္းဘူးဆိုပါေတာ့။သာမန္ကုမၸဏီဆိုရင္ပိုင္ရွင္ကိုလိမ္လည္မႈနဲ႔တရားစြဲေထာင္ခ်လို႔ရပါတယ္။ဦးပိုင္ကဒါ႐ိုက္တာေတြပိုင္ရွင္ေတြကဗိုလ္ခ်ဳပ္အထက္မွာပါ။ဘယ္လိုေထာင္ခ်မလဲ။၂၀၀၈ေျခဥအရတပ္ခ်ဳပ္ကသာသူတို႔ကိုတရားစီရင္ပိုင္ခြင့္ရွိပါတယ္။မိတ္ေဆြတို႔ေသာက္ေနတဲ့ျမန္မာဘီယာမွာအဆိပ္ပါလို႔ေသခဲ့ရင္ေတာင္ဦးပိုင္ကိုဘာမွလုပ္မရပါ။အျခားကုမၸဏီဆိုတရားစြဲလို႔ရပါမယ္။

မေန႔ကဒုဝန္ႀကီးရွင္းၿပီးနာရီပိုင္းအၾကာမွာဘဲျမဝတီကမီတာကုမၸဏီကအလုပ္သမေလးေတြအလုပ္မရွိေတာ့ပါဘူးဆိုၿပီးမ်က္ရည္ခ်ဴတဲ့ဗီဒီယိုထုတ္ပါတယ္။သူတို႔အလုပ္မရွိရင္လဲအျခားအလုပ္ေပးလို႔ရပါတယ္။ဦးပိုင္ဟာတပ္ႏြယ္ေတြကိုသာသူတို႔စက္႐ံုေတြမွာခန္႔ထားတာပါ။စီးပြားေရးအရၿပိဳင္လိုရင္႐ိုးသားရပါမယ္။ေအာက္လမ္းနည္းသံုးလို႔မရပါ။

အစိုးရအေနနဲ႔လဲစဥ္းစားပါ။ဒီလိုျပည္သူကိုဂ်င္းထည့္ေနတဲ့အဖြဲ႕ကိုကန္ထ႐ိုက္ေပးရင္အဆိပ္ပင္ေရေလာင္းသလိုျဖစ္ေနပါ့မယ္။မိမိဝန္ႀကီးဘက္ကျပတ္ျပတ္သားသားရပ္တည္ပါ။အဲ့ဒီကရတဲ့ပိုက္ဆံေတြနဲ႔အစိုးရကိုအေကာင့္တုလုပ္ၿပီးမေကာင္းေၾကာင္းေျပာေနမွာျဖစ္သလိုဆူပူမႈေတြအစိုးရဆန္႔က်င္ပြဲေတြကိုပိုလုပ္မွာျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္ရင္ေတာ့ဦးပိုင္ဟာေအာက္ေျခတပ္မေတာ္သားေတြျပည္သူေတြကိုအက်ိဳးမျပဳ၊တိုင္းုပည္ကိုလဲအက်ိဳးမျပဴတဲ့အဖြဲ႕ျဖစ္ၿပီးတိုင္းျပည္စီးပြားေရးကိုေတာင္အႏၲရာယ္ျပဳႏိုင္ပါတယ္။အဘတို႔အေနနဲ႔လဲစီးပြားေရးလုပ္ခ်င္ရင္ယူနီေဖာင္းခၽြတ္ၿပီးမွ်တစြာစီးပြားရွာပါ။ေအာက္လမ္းနည္းမသံုးပါနဲ႔။သမၼတျဖစ္ခ်င္ရင္ေဘာင္းဘီခၽြတ္ၿပီးေရြးေကာက္ပြဲဝင္ပါ။

ေအာက္လမ္းနည္းနဲ႔ယုတ္မာရင္ေတာ့လူယုတ္မာတို႔သြားရာလမ္းဟာမေကာင္းပါ။

Unicode version

ဦးပိုင်ဟာတိုင်းပြည်ကိုအကျိုးပြုလား

ဦးပိုင်ဆိုတာဟာတပ်မတော်ကထောင်ထားတဲ့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်ကိုခေါ်ပါတယ်။ဒီကုမ္ပဏီကတပ်မတော်သားတွေသက်သာချောင်ချိအောင်ထောင်ထားတာလို့ဆိုပါတယ်။

ပြည်သူတွေအကျိုးရှိမရှိမသိခင်မှာတပ်မတော်သားတွေအကျိုးရှိလားလေ့လာကြည့်ရအောင်။တပ်မတော်သားတွေထံကပိုက်ဆံဖြတ်ရာမှာတော့ဦးပိုင်ဟာနာမည်ကြီးပါတယ်။ယခုနောက်ပိုင်းအသက်အာမခံပါဖြတ်တာပေါ့။ဘာအကျိုးခံစားရလဲ။ကြိုက်တဲ့သူကိုမေးကြည့်ပါ။ဘယ်တပ်မတော်သားမှဦးပိုင်ထံကပိုက်ဆံအကြီးအကျယ်မရပါ။ဗိုလ်မှူးကြီးအဆင့်၊အချို့ဗိုလ်မှူးချုပ်မှာတောင်အကြီးအကျယ်မရပါ။ဒါပေမယ့်ဗိုလ်ချုပ်အဆင့်အထက်ဆိုရင်တော့ဝင်ငွေမှန်လာပါတယ်။ဒီလူတွေကပြည်သူတွေကိုစစ်တလင်းဖြစ်မယ်ဘာညာဆိုပြီးခြိမ်းခြောက်သူတွေအများစုဖြစ်လာခဲ့ပါတယ်။တပ်သားကနေဗိုလ်ကြီး၊ဗိုလ်မှူး၊ဗိုလ်မှူးချုပ်လောက်အထိကတော့ချာလည်လည်ပါ။ဒါကြောင့်လူနည်းစုသာအကျိုးပြုတဲ့ကုမ္ပဏီပါ။

တပ်ချုပ်ကြီးကသူပုန်တွေကိုစီးပွားရေးလုပ်ချင်ရင်လက်နက်စွန့်ပါလို့ပြောလေ့ရှိပါတယ်။စာရေးသူကထောက်ခံပါတယ်။ဒါပေမယ့်စာရေးသူတို့ရဲ့တပ်မတော်ကစံနမူနာအနေနဲ့လုပ်ပြသင့်တယ်လို့ထင်ပါတယ်။ဒုတိယကဦးပိုင်ဘယ်လိုကြီးထွားလာလဲဆိုတာပါ။အားလုံးသိတဲ့အတိုင်းစစ်အစိုးရလက်ထက်မှာလက်ဝါးကြီးအုပ်ပြီးပြည်သူကိုသွေးစုပ်ခြယ်လှယ်ကာကြီးထွားလာခဲ့တာပါ။အပြင်ကုမ္ပဏီကိုဘီယာပေးမလုပ်ဘဲလက်ဝါးကြီးအုပ်တာ၊ဆီးကရက်ထုတ်တာတွေ၊ကွန်ပျူတာရောင်းတာတွေကအစပေါ့။အားလုံးဟာဦးပိုင်နဲ့ပေါင်းမှမြန်မာပြည်မှာစီးပွားရေးလုပ်လို့ရခဲ့ပါတယ်။အဲ့ဒီအချိန်ကဦးပိုင်နဲ့ပေါင်းပြီးစီးပွားရေးလုပ်ချမ်းသာလာသူများဟာယခုအချိန်မှာဘာညာအသင်းဥက္ကဌတွေ၊အတွင်းရေးမှူးတွေအမှုဆောင်တွေဖြစ်ပြီးဦးပိုင်အတွက်ဆိုအသက်ပေးမယ်ဖြစ်နေကြသူများပါတယ်။သူတို့ကဦးပိုင်တန်ဖိုးကိုသိပါတယ်။သူတို့ကိုဒီဘဝရောက်အောင်ဦးပိုင်ကလုပ်ပေးခဲ့တာပါ။

ဦးပိုင်ရဲ့လက်ပတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကြောင့်တရုတ်နဲ့ရှင်းနေရသလိုမြစ်ဆုံစာချုပ်ကလဲသူ့ထံရောက်သလိုကြားရပါတယ်။သူဟာတိုင်းပြည်သယံဇာတတွေကိုလက်ဝါးကြီးအုပ်ပြီးပြည်ပကိုအထူးသဖြင့်တရုတ်ပြည်ကိုရောင်းစားခဲ့တဲ့ကုမ္ပဏီပါ။မျိုးမစောင့်တဲ့ကုမ္ပဏီဆိုလဲပြောလို့ရပါတယ်။တိုင်းပြည်အတွက်အကျိုးမပြုခဲ့ပါ။

ဦးပိုင်ဟာရန်ကုန်မှာလဲဗန္ဓုလယဉ်လိုင်းအနေနဲ့စစ်အစိုးရလက်ထက်ကစလို့ပြေးစွဲခွင့်ရခဲ့ပါတယ်။စွဲတဲ့ကားတွေကအစုပ်တွေပါ။ပြည်သူကိုအမြတ်ထုတ်ခဲ့တာပေါ့။ဒါကိုကွီးဖြိုးရဲ့YBS ပြုပြင်ပြောင်းလဲမှုကြောင့်ဘစ်ကားအသစ်တွေကိုဝယ်ခဲ့ရပါတယ်။ပိုက်ဆံတွေကုန်ခဲ့ပါတယ်။ယခင်ကထက်အမြတ်နည်းသွားခဲ့ပါတယ်။ဒါကြောင့်သူတို့ယခင်ဂွင်ကိုကွီးဖြိုးကရိုက်ချိုးလို့အငြိုးထားခဲ့ပါတယ်။ဦးပိုင်ဟာတပ်အကောင့်တုတွေသုံးပြီးကွီးဖြိုးကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးတော့မဝယ်ချင်ပေမယ့်ကားအသစ်တွေဝယ်ပြီးYBS ထဲထည့်ပေးခဲ့ရပါတယ်။

ယခုဟာကဦးပိုင်ဟာပြည်သူတွေကိုမီတာခစျေးအကြီးတွေနဲ့နှစ်ပေါင်းများစွာရောင်းပြီးပြည်သူတွေရဲ့ချွေးနည်းစာကိုသွေးစုပ်လာခဲ့ပါတယ်။၂၀၁၆မှာအစိုးရသစ်တက်အပြီးသူ့ကိုတင်ဒါမပေးချိန်မှာလက်ရှိဝန်ကြီးကိုအဂတိပါဆိုပြီးလုပ်ကြံတိုင်တန်းလာတာဖြစ်ပါတယ်။သူ့ရဲ့အရိုးကိုက်လေးတွေကလဲမီဒီယာကတဆင့်အော်ပေးရတာပေါ့။

လက်ရှိမြန်မာပြည်ရဲ့ခြေဥအရတပ်ကိုပြည်သူကအရပ်ဖက်မှာတရားစွဲလို့မရသလိုအဂတိကလဲစစ်လို့မရပါလို့ပြောထားခဲ့ပါတယ်။အာဖရိကမှာဆန်ကိစ္စဖြစ်ချိန်မှာဦးပိုင်ဆန်လဲပါခဲ့ပါတယ်။အဲ့ဒါကိုစစ်လို့ဦးပိုင်ဆန်ကမကောင်းတာလို့ပေါ်ရင်တောင်စာရေးသူတို့အစိုးရအနေနဲ့ကုမ္ပဏီဒါရိုက်တာတွေကိုထောင်ချလို့မရပါ။သူတို့ကလက်ရှိဗိုလ်ချုပ်တွေဖြစ်နေလို့ပါ။အောက်မှာအထောက်အထားနဲ့တင်ထားပါတယ်။ဒါရိုက်တာအားလုံးဟာဗိုလ်ချုပ်အထက်ပါ။ဆန်တွေကကောင်းတယ်လို့ပြောရင်လဲနိုင်ငံခြားကမင်းတို့ဦးပိုင်ကဆန်ပို့တဲ့အထဲပါနေလို့လိမ်ပြောတယ်လို့ထင်ပါမယ်။

ဥပမာမီတာတွေအရည်အသွေးမကောင်းဘူးဆိုပါတော့။သာမန်ကုမ္ပဏီဆိုရင်ပိုင်ရှင်ကိုလိမ်လည်မှုနဲ့တရားစွဲထောင်ချလို့ရပါတယ်။ဦးပိုင်ကဒါရိုက်တာတွေပိုင်ရှင်တွေကဗိုလ်ချုပ်အထက်မှာပါ။ဘယ်လိုထောင်ချမလဲ။၂၀၀၈ခြေဥအရတပ်ချုပ်ကသာသူတို့ကိုတရားစီရင်ပိုင်ခွင့်ရှိပါတယ်။မိတ်ဆွေတို့သောက်နေတဲ့မြန်မာဘီယာမှာအဆိပ်ပါလို့သေခဲ့ရင်တောင်ဦးပိုင်ကိုဘာမှလုပ်မရပါ။အခြားကုမ္ပဏီဆိုတရားစွဲလို့ရပါမယ်။

မနေ့ကဒုဝန်ကြီးရှင်းပြီးနာရီပိုင်းအကြာမှာဘဲမြဝတီကမီတာကုမ္ပဏီကအလုပ်သမလေးတွေအလုပ်မရှိတော့ပါဘူးဆိုပြီးမျက်ရည်ချူတဲ့ဗီဒီယိုထုတ်ပါတယ်။သူတို့အလုပ်မရှိရင်လဲအခြားအလုပ်ပေးလို့ရပါတယ်။ဦးပိုင်ဟာတပ်နွယ်တွေကိုသာသူတို့စက်ရုံတွေမှာခန့်ထားတာပါ။စီးပွားရေးအရပြိုင်လိုရင်ရိုးသားရပါမယ်။အောက်လမ်းနည်းသုံးလို့မရပါ။

အစိုးရအနေနဲ့လဲစဉ်းစားပါ။ဒီလိုပြည်သူကိုဂျင်းထည့်နေတဲ့အဖွဲ့ကိုကန်ထရိုက်ပေးရင်အဆိပ်ပင်ရေလောင်းသလိုဖြစ်နေပါ့မယ်။မိမိဝန်ကြီးဘက်ကပြတ်ပြတ်သားသားရပ်တည်ပါ။အဲ့ဒီကရတဲ့ပိုက်ဆံတွေနဲ့အစိုးရကိုအကောင့်တုလုပ်ပြီးမကောင်းကြောင်းပြောနေမှာဖြစ်သလိုဆူပူမှုတွေအစိုးရဆန့်ကျင်ပွဲတွေကိုပိုလုပ်မှာဖြစ်ပါတယ်။

အနှစ်ချုပ်ရင်တော့ဦးပိုင်ဟာအောက်ခြေတပ်မတော်သားတွေပြည်သူတွေကိုအကျိုးမပြု၊တိုင်းုပည်ကိုလဲအကျိုးမပြူတဲ့အဖွဲ့ဖြစ်ပြီးတိုင်းပြည်စီးပွားရေးကိုတောင်အန္တရာယ်ပြုနိုင်ပါတယ်။အဘတို့အနေနဲ့လဲစီးပွားရေးလုပ်ချင်ရင်ယူနီဖောင်းချွတ်ပြီးမျှတစွာစီးပွားရှာပါ။အောက်လမ်းနည်းမသုံးပါနဲ့။သမ္မတဖြစ်ချင်ရင်ဘောင်းဘီချွတ်ပြီးရွေးကောက်ပွဲဝင်ပါ။

အောက်လမ်းနည်းနဲ့ယုတ်မာရင်တော့လူယုတ်မာတို့သွားရာလမ်းဟာမကောင်းပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Aung Si
Aung Si
Aug 22, 2019

လက္​ရွိ NLD အစိုးရအေမနွင္​့ ယခုလို ဖံုးမရေသာ ကိစၥမ်ားတြင္​ ရင္​ၾကားေစ့မေနပါနွင္​့ေတာ့။ BLACK LIST ေၾကျငာတာအျပင္​ ထိေရာက္​မည္​့ အေရးယူမႈမ်ားကိုလုပ္​ေဆာင္​ပါ။ ကြီးၿဖိဳးလို ျပတ္​သားပါ။ ကီြးၿဖိဳးေနာက္​မွာ ဗဟိုအစိုးရရွိသလို အစိုးရ ေနာက္​မွ အမွန္​လိုလားေသာ ျပည္​သူမ်ားရွိေနပါတယ္​။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page