top of page
Search
  • Writer's pictureMyat Tun Oo

ဦးပိုင်ကို စာရင်းစစ်မဲ့ Deloitte ကုမ္ပဏီ


ဦးပိုင်ဟာ ဂျပန်ကုမ္ပဏီ Kirin နဲ့ ဖက်စပ်လုပ်ပါတယ်။ ကမ္ဘာပေါ်က စစ်တပ်အများစုဟာ ကိုယ်ပိုင်စီးပွါးရေးမလုပ်ရပါ။ ဘာလို့လဲဆိုတော့ စစ်တပ်ဟာ သူ့အတွက်ငွေကို အရပ်သားအစိုးရထံကသာ တရားဝင်တောင်းရမယ်ဆိုတဲ့ ဒီမိုကရေစီသီအိုရီအပေါ် အခြေခံထားခဲ့ပါတယ်။ ဒါမှ အရပ်သားကို ဩဇာခံမှာပါ။ နောက်တိုင်းပြည်တစ်ခုတိုးတက်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းလိုက်နာဖို့က တပ်ကစီးပွါးရေး မလုပ်ရပါ။ တရုတ်ပြည်သူ့တပ်မတော်တောင် စီးပွါးရေးလုပ်မရအောင် လက်ရှိသမ္မတရှီက တားခဲ့ပြီးထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို လာဘ်စားမှုနဲ့ အရေးယူခဲ့ပါသေးတယ်။ ထိုင်းမှာ တပ်စီးပွါးရေးကနေပြည်သူကိုပစ်လို့ ပြဿနာပေါ်တာလဲ အားလုံးသိမှာပါ။ ပါက္ကစ္စတန်တပ်လဲ ထို့အတူပါဘဲ။ အိန္ဒိယတပ်ကတော့ စီးပွါးရေးမလုပ်ပါ။ အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တပ်တွေ အပြင်စီးပွါးရေးမလုပ်တာတော့အားလုံးသိမှာပါ။ မြန်မာပြည်မှာ တပ်စီးပွါးရေးက နေဝင်းလက်ထက်က စခဲ့ပါတယ်။


အားလုံးသိတဲ့အတိုင်း တပ်ကိုလက်ရှိအစိုးရက စာရင်းစစ်လို့မရပါ။ ဦးပိုင်မှာ ရှယ်ယာများစွာပါတဲ့ဂျပန်ကုမ္ပဏီဟာ ဦးပိုင်နဲ့ တွဲလုပ်လို့ နိုင်ငံတကာရဲ့ဖိအားပေးတာကို ခံနေရပါတယ်။ ဦးပိုင်အနေနဲ့က ရတဲ့အမြတ်တွေကို တပ်အတွက် မသုံးပါဘူးဆိုတာ ပြရပါမယ်။ ဒါက အလွန်ခက်ပါတယ်။ ဦးပိုင်မှာရှယ်ယာကို တပ်ထဲက အရာရှိကြီးများသာ ဝင်ရတာပါ။ ဒါရိုက်တာအဖွဲ့တွေကို ပေးရတဲ့ပိုက်ဆံဟာဒုဗိုလ်မှူးကြီးအဆင့် ဒါရိုက်တာအဖွဲ့ဝင်တောင် သိန်းရာချီရှိပါတယ်။ဗိုလ်မှူးကြီးအထက် ဒါရိုက်တာအဖွဲ့ဝင်ဆိုရင်တော့ သိန်းထောင်ဂဏန်းပေါ့။ ဒါကြောင့်သူတို့ဟာ ကိုဗစ်မှာ လစာမယူဘဲ နေနိုင်တာပါ။ဟိုလူတွေ ဒါရိုက်တာလုပ်တာလဲ ပိုက်ဆံးပါတယ်။ ဒေါ်လဲ့လဲ့မော်နဲ့ ဝန်ကြီးဦးဝင်းခိုင် ဘဏ့်အကောင့်စစ်သလိုစစ်ရင် မိပါတယ်။ ဦးဝင်းခိုင်ကို အဂတိက အကြမ်းဖက်သမားစစ်သလို စစ်ခဲ့ပေမယ့် သူ့ရဲ့ အကောင့်က ရှင်းနေလို့ အပြစ်ရှာမရခဲ့တာပါ။


ယခုစစ်မဲ့ Deloitte ကုမ္ပဏီဟာ ၁၈၄၅ ထဲက လန်ဒန်မှာအခြေစိုက်တဲ့ ကမ္ဘာ့ထိပ်သီး စာရင်းစစ်လေးဖွဲ့ထဲမှာ ပါပါတယ်။ ဒီကုမ္ပဏီကို William Welch Deloitte က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူကစာရင်းစစ်တာလုပ်သလို အခြားဝန်ဆောင်မှုတွေလဲ လုပ်ပါတယ်။ သူကစာရင်းစစ်အတွေ့အကြုံ များစွာရှိပါတယ်။ Deloitte ကသာ ဦးပိုင်ကို တကယ်စာရင်းစစ်ခွင့်ရရင် တစ်ခုခုတော့ ပြည်သူတွေ သိခွင့်ရမှာပါ။ ဦးပိုင်က နိုင်ငံတော်လုံခြုံရေးအကြောင်းပြ စာရင်းစစ်မခံခဲ့ရင် Kirin က လမ်းခွဲမှာပါ။


ဒီပွဲမှာ ဘယ်သူ့စာရင်းစစ်မှမခံခဲ့တဲ့ ဦးပိုင်နဲ့ ကမ္ဘာ့ထိပ်သီး စာရင်းစစ်တို့ တွေ့ကြပါတော့မယ်။

Photo credit: Deloitte, Kirin, ဦးပိုင်


News credit: News Watch, Nikkei Asian review

2,514 views3 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page