top of page
Search

ဦးတီမှပြောသော ရင်ကြားစေ့ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 28, 2020
  • 1 min read

မနေ့က ပြည်သူ့လွှတ်တော်ဥက္ကဌကို ရာထူးကဖယ်ရှားဖို့ ဖွတ်အမတ်က အဆိုတင်ပါတယ်။ အဆိုတင်သူက အဘတပ်ထိုင်ထားတဲ့ မိုင်းပြတ်ကဖွတ်အမတ် စိုင်းထွန်းစိန်ပါ။ သူက အမတ် ၁၁၀ ရဲ့ လက်မှတ်လိုတာကြောင့် အဘကလုပ်ခိုင်းလို့ လုပ်တာထင်ရှားပါတယ်။

ဦးတီကို ရှမ်းပြည်က တပ်လက်အောက်မှာရှိတဲ့ ပြည်သူ့စစ်က ဘိန်းလုပ်လို့ဝင်ဖမ်းတာကို ဘာမှမဆိုင်ဘဲ ကောလဟာလထုတ်ကထဲက ဘာလို့ဒီလိုလုပ်ရတာလဲလို့ သံသယဝင်ခဲ့ပါတယ်။ သတင်းထောက်ဟာ ဖွတ်နဲ့တပ်ကအကောင့်တုကတင်တဲ့ ကောလဟာလကို သတင်းစာရှင်းလင်းပွဲမှာ မေးသွားတာပါ။စာရေးသူတို့ ပြည်တွင်းကသတင်းထောက်တွေကလဲ ဖွတ်တွေနဲ့ အနောက်နိုင်ငံကသိချင်တာသာ မေးပေးပုံပါ။

ဒီကိစ္စမဖြစ်ခင် စာရေးသူက စစ်တမ်းကောက်ပါတယ်။ ဒါဟာ သိပ္ပနည်းကျမဟုတ်ပေမယ့် ပေါ်လစီချမှတ်သူတွေအနေနဲ့ အတိုင်းအတာတစ်ခုအထိ အသုံးဝင်မယ်လို့ ထင်ပါတယ်။

စာရေးသူရဲ့စစ်တမ်းကို ၃၁၁၈ ယောက်ကဖြေခဲ့ပါတယ်။


ပထမမေးခွန်းက အမျိုးသားရင်ကြားစေ့ရေးအပေါ်သဘောထားပါ။

၉၃.၅% က မအောင်မြင်ပါလို့ သုံးသပ်ပြီး ၆.၅% ကသာ အောင်မြင်တယ်လို့ ဖြေကြပါတယ်။


ဒုတိယမေးခွန်းက အမျိုးသားရင်ကြားစေ့ရေး မအောင်မြင်ပါက မည်သူ့ကြောင့်လဲလို့မေးထားပါတယ်။

၇၂.၁% က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကန့်လန့်တိုက်လို့ မအောင်မြင်တာလို့ ဖြေကြပြီး ၂၅% ကဒေါ်အောင်ဆန်းစုကြည်ကြောင့် မအောင်မြင်တာလို့ ဖြေပါတယ်။ ၂.၉% က အောင်မြင်တယ်လို့ ဖြေပြီးလို့ မဖြေတော့ပါ။


တတိယမေးခွန်းက ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမဲပေးရန် ဆန္ဒရှိပါသလဲ လို့မေးပါတယ်။

၇၅% က NLD ကိုမဲပေးမယ်လို့ဖြေပြီး ၁၃.၉% က အခြားအတိုက်အခံပါတီ ၉.၂% က ဖွတ်ပါတီနဲ့၊၁.၉% က တိုင်းရင်းသားပါတီကို မဲပေးမယ်လို့ဖြေကြပါတယ်။


နောက်ဆုံးမေးခွန်းဖြစ်တဲ့ လက်ရှိအစိုးရရဲ့ ကပ်ရောဂါကိုင်တွယ်ပုံကို ၇၅.၇% က သဘောကျတယ်လို့ဖြေဆိုခဲ့ပြီး ၂၄.၃% ကတော့ သဘောမကျပါလို့ ဖြေခဲ့ပါတယ်။


အကျဉ်းချုပ်ရရင် ပြည်သူအများစု ၉၃.၅% က ရင်ကြားစေ့ရေးဟာ မအောင်မြင်ဘူးလို့ သုံးသပ်ကြပါတယ်။ သူတို့သုံးသပ်တာမှန်ကြောင်းကို မနေ့က ဦးတီကို အဆိုတင်ပြီး ဖြုတ်ချဖို့လုပ်တာကသက်သေပြလိုက်ပါတယ်။ ဦးတီဟာ သူတို့ပါတီက တက်လာခဲ့ပြီး သူတို့လူဟာ DASSK နောက်ပါသွားလို့ လိုက်ဒေါက်ဖြုတ်နေပုံပါ။ ဘကျော်ဆွေကို ပြန်ခေါ်သလိုပေါ့။ DASSK ဟာ သူမအနားကလူတွေကိုစည်းရုံးရာမှာ အလွန်အောင်မြင်နေပါတယ်။ ဒါပေမယ့် ကန့်လန့်တိုက်သူကတော့ ဆက်ကန့်လန့်တိုက်နေပုံပါ။ စစ်တမ်းရဲ့ကောင်းတဲ့အချက်က ပြည်သူအများစုက NLD ကိုသာ ဆက်မဲပေးဖို့ရှိတာနဲ့ ကပ်ရောဂါကိုင်တွယ်ပုံကို သဘောကျကြတာပါ။

ရင်ကြားစေ့ရေးပေါ်လစီကိုတော့ ပြန်သုံးသပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ၂၀၂၁ မှာတော့ တစ်ခုခုဗျူဟာပြောင်းရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

5 Comments


Myint Soe Oo
Myint Soe Oo
May 29, 2020

ဦးမြတ် ! ကြိုတင်အသိပေးအပ်ပါသည်။ ကျွန်တော်ရေးသမျှသည် (ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ) ဓမ္မ အပေါ် အားကိုးပြု မှီတည်ရေးသားမှုကို သတိပြုမိမှာပါ။

သဘော သဘာဝ / သဘောတရားရေးရာ/ သဘာဝတရား >>အနှစ်ချုပ် လမ်းဆုံးသည် = #ဓမ္မ# ။

သဘာဝ(ဓမ္မ)နှင့် လိုက်လျောညီထွေလျှင် ချမ်းသာသုခ မုချရပါသည်။ သဘာဝကို ဆန့်ကျင်လျှင်တော့ သုခနှင့်ဝေး

ဒုက္ခဘေးနှင့် ပြေးတွေ့ရပါသည်။

တစ်ချိန်က. #သဘောတရားရေးရာသင်တန်း# သင်တန်းတွေ ခြိမ့်ခြိမ့်သဲ ဆင်နွဲခဲ့ကြသော်လည်း လက်တွေ့မှာမပါ (သဘောတရားအပေါ် မုသာဝါဒ ကံကြီးထိုက် သစ္စာဖောက်မှုကြောင့်) ပြိုကွဲပျက်ဆီး မရှုမလှ ဇတ်သိမ်းခဲ့ရပါသည်။ တောတောင်သဘာများအား ပျက်ဆီးအောင် ဖျက်ဆီးခဲ့သမျှ ဘေးဒုက္ခတွေ တွေ့ကြုံခံစားနေရပါပြီ။

ချမ်းသာသုခရလိုသူမှန်သမျှ သဘာဝ (ဓမ္မ) နှင့် မဆန့်ကျင်ရန် အထူးလိုအပ်ပါသည်။သဘာဝဓမ္မသည် မဖေါက်မပြန် အစဥ်မှန်ကန်ခြင်းကြောင့် #သစ္စာ#ဟု အမည်တွင်ပါသည်။

~~~~~±±~~~~~

ဖတ်ဖြစ်ခဲ့ဖူးသော ဝတ္ထုတိုတစ်ပုဒ်၏ ခေါင်းစည်းကို သတိရမိပါသည်။

±±± သူတို့ဖက်​က ကြည့်တော့ သစ္စာ ဖေါက် ±±±

ဤသို့ဆိုလျှင်ရော !

ကိုယ်တို့ဖက်က. (အမှန်သစ္စာအခြေခံ) ကြည့်လျှင်တော့ ?။


*****%*****

ဗုဒ္ဓဘုရားရှင်ညွှန်ပြ သဘာဝဓမ္မတွင် မကိန်းကပ် မဆောင်ထိုက်အပ်သော သဘာဝတရား ၂ ပါးရှိပါသည်။

ဣဿ. မစ္ဆရိယ

ဣဿ= အသ်ဿ >>အများစု အသံထွက် သုံးနှုံးသည်မှာ အိတ်သာ ။

ကိုယ့်အိတ်ထက် တစ်ပါသူအိတ်က

သာ နေလျှင် (ဣဿ / မနာလိုမှုနှင့်အတူ) ဒီကောင် ဒီကောင်မကတော့ကွာ ဆိုပြီး နှုတ်ခမ်းထူထူ စူ စေသော ငြူစူမှု (ဝန်တိုမှု /မစ္ဆရိယ)သဘာဝတရားများ မဖောက်မပြန် သစ္စာအနေဖြင့် ပေါ်ထွက်လာရပါသည်။

အိမ်ရှေ့ ကားပိတ်မရပ်ရ။အဝင်အထွက်ရှိသည်။ ဤအိမ်ရှင်၏ အာဝါသမစ္ဆရိ​ယ ပမာဏကို ဖော်ပြထားခြင်းဖြစ်ပါသည်။

ကိုယ်နဲ့ ပတ်သက်ရာပတ်သက်ကြောင်း အခြားအကြောင်း…


Like

naynanmyint629395
naynanmyint629395
May 29, 2020

အဘ နဲ့ ဖွတ်အုပ် စုများ အပြင်

နောက်ထပ် သစ္စာဖောက် များ

တော့ သတင်း သမား များပါ ။

တိုင်းပြည် ကို မငဲ့ ကွက် ဘဲ ဒီ

လောက် တောင် ပိုက်ဆံ မက် ပီး

ကျွန် ဘောက် ဘဝကိုမက်နေကြ

တာ အ ခြေ ခံ လူ မှူ့ရေး စိတ်ဓာတ်

ကို မသိ ကြ မရှိကြတော့တာလား


ထမင်းစား ဖို့ သက်သက် လူဖြစ် လာကြတဲ့ ဆန် ကုန် မြေလေး

များသက်သက် သာပါဘဲ


နောက် ဆံ ုးတော့လဲ အဲ့ ဒီလို

လူ အန္ဓ္ဓ. များ ကို Athens တို့ ရဲ့ နည်း နဲ့ သာ ဖယ်ရှားမှ တော့မယ် လို့ သဘောပေါက် လာခဲ့

ပါတယ်


ဒါကြောင့် ပြည်သူ ကို လှည့် ့ကည့် ရဲ တဲ့ စစ်အုပ်စု တခု ပေါ်ထွန်း

လာစေချင် ပါတယ်

Like

Mr.Myo Min Hlaing
Mr.Myo Min Hlaing
May 29, 2020

သူတို့အုပ်စုတွေက တိုင်းပြည်နဲ့ စစ်တပ်ကို ဘိုး ဖွားပိုင်လုပ်ချင်နေပုံပါ၊ ဒီလောက်သီးခံပြီး သင်ပုန်းခြေပေးနေတာကိုမကျေနပ်နိုင်ပဲအမြဲခြေထိုးခံဘို့ကျိုးစားနေကြတာပါ။

Like

naynanmyint629395
naynanmyint629395
May 28, 2020

စာ ကျန် သွားလို့ ထပ်ဖြည့်ပါရစေ

အဲ့သလိုကို ဆန္ဒရှိကြတာ် လို့။

ရေး လိုက်ရင် ဖွတ် များ အဘဘောမ များ ဘယ်လောက် ပွက်

လောရိုက် ပီး ဘယ် လို တရားမဲ့

လုပ်ရပ် များ လုပ်လာကြမလဲ

ဆိုတာ ( ပြေးကြစောင့်ကြည့်စရာ

တောင် မလိုပါဘူး

သူ့ တို့ လုပ်နေတဲ့ သာဓက. များ

က.နောက် ဘဝ. များ အထိမေ့

နိုင်စရာ မရှိ ဘူလေ) ပြောစရာ ကို မလို ခန့် မှန်း စရာ ကို မလိုပါ

Like

naynanmyint629395
naynanmyint629395
May 28, 2020

ဆရာ ရယ််


အချို့ပြည် သူများက ဆိုရင်

NLD. ကိုနောက်ထပ် ၂၆ နှစ်

Election. မလုပ် ဘဲ ကို

အစိုးရ လု ပ်စေချင်တဲ့ ဆန္ဒ.

ကြတယ် ( အာဏာဖြစ်သွားမယ် တို့ ၊ ခိုးကြ လိမ့်မယ်ပြောကြ ပါလိ မ့် မယ် ၊ လံ ုး ဝ ဖြစ် လာနိုင်ပါဘူး ဘာလို့လဲ တော့ အဘဘောမ. များ မျိုးဆက် က. တုန်း

နိုင်မှာ မှ မဟုတ်တာ၊ အဲ့ ဒီတော့

NLD. ဟာ always alert အမြဲ ကို သတိ အနေအထား မှာ ကို ရှိ

နေမှာသေ ချာလို့ပါဘဲ ) ကျမ တဦး ထဲ ရဲ့သ ဘော ထားပြော ရ ရင်

ဖွတ်ကြီး များကို တရုပ်ပြည် နဲ့

မြောက်ကိုရီး ယား တို့ ရဲ့

တရားစီ ရင် မှုအတိုင်းသာ

လုပ် ပစ် လိုက်ချင် တာပါဘဲ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page