top of page
Search

ဦးတီကို ဖြုတ်ချရန် အဆိုတင်သူ စိုင်းထွန်းစိန်၏ ထွေအုပ်နှင့်ပေါင်း ရိုက်စားလုပ်ရပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 29, 2020
  • 1 min read

ပြည်သူ့လွှတ်တော်ဥက္ကဌကို ရာထူးမှဖယ်ရှားဖို့ အဆိုတင်သူကတော့ မိုင်းပြင်း ကြံ့ဖွတ်အမတ် စိုင်းထွန်းစိန်ပါ။ သူ့ကို လူတွေက ဘယ်သူလဲဆိုတာ ဒီအဆိုမတင်ခင်က မသိခဲ့ပါ။ သေချာတာကတော့ မိုင်းပြင်းဟာ တပ်ချုပ်မအလ တိုင်းမှူးဖြစ်စဉ်က သွားလာခဲ့တဲ့ နေရာပါ။ အဲ့ဒီနေရာက တပ်မဲဟာ ဘယ်သူအမတ်ဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပါတယ်။ ရှမ်းမဲတွေက ရှမ်းပါတီကြား ကွဲပါတယ်။

ဒီလူက အသက် ၅၃ နှစ်သာရှိသေးတဲ့ အငြိမ်းစားကျောင်းဆရာပါ။ ဒါပေမယ့် သူ့ရဲ့မိုင်းပြင်းကအိမ်ကြီးက သိန်းထောင်ချီပါတယ်။ သူလဲရသမျလခ စုခဲ့ပုံပါ။ သူအဲ့ဒီအိမ်ကို ဘယ်လိုဆောက်ခဲ့ပါသလဲ?



သူဟာကြံ့ဖွတ်အဖွဲ့ဝင်ပြီးကထဲက ပြည်သူပိုင်မြေကို ထွေအုပ်၊ မြေစာရင်းတို့နဲ့ပေါင်းသိမ်း ဂရံဖောက်ပြီးရင် အမြတ်တင်ပြန်ရောင်းပါတယ်။ အဲ့ဒီကငွေနဲ့ စီးပွါးဖြစ်လာတာပါ။ အခြားဟာတွေလဲရှိပါတယ်။ဒါတွေက ယခင်ဖွတ်အစိုးရဆိုတော့ ထားလိုက်ပါ။ ဒါပေမယ့် စားဖားတွေက မနေပါဘူး။

အားလုံးသိတဲ့အတိုင်း ရှမ်းပြည်နယ်အစိုးရဆိုတာက တောင်ကြီးလောက်သာ အုပ်ချုပ်ပါတယ်။ မိုင်းပြင်း၊ မိုင်းဆတ်တို့လိုနေရာက တပ်၊ ဖွတ်လွှတ်တော်အမတ်နဲ့ ထွေအုပ်က အဓိက အုပ်ချုပ်ပါတယ်။စားဖားက NLD အုပ်ချုပ်ချိန်မှာလဲ မနေပါ။


ယခုနောက်ဆုံးကတော့ မိုင်းပြင်းကမ်းနားလမ်းအလယ်ပိုင်းရပ်ကွက်က ပြည်သူပိုင်မြေပါ။ ဖွတ်တွေဟာ ရန်ကုန် မန္တလေး မြို့ပေါ်မှာတောင် ပြည်သူပိုင်မြေကို ခိုးတာဆိုတော့ နယ်မှာကတော့ အေးဆေးပါ။ သူက နယ်ခံသူ့ဖွတ် ၅၀ လောက်နဲ့ အစည်းအဝေးလုပ်ပြီး သိမ်းဖို့လုပ်ပါတယ်။ အဆိုပါ


အစည်းအဝေးကို သက်ဆိုင်တဲ့ ရပ်ကွက်က ပြည်သူနဲ့ ချောင်းရှေ့က လယ်သမားတွေကို မဖိတ်ခဲ့ပါ။သူတို့က ကန့်ကွက်မှာလေ။ နိုဝင်ဘာ ၂ ရက် ၂၀၁၉ မှာ ထွေအုပ်၊ မြေစာရင်းကမြေတိုင်း၊ ဖွတ်အမတ်တို့တိုင်းပြီး မြေဝယ်သူဖွတ်ကို ရောင်းဖို့လုပ်ပါတယ်။ မြေလိုနေလို့ ချောင်းထဲကို မြေဖို့ပါတယ်။ ပြီးရင်၄၀x ၆၀ တစ်ကွက်ကို သိန်း ၇၀၀ နဲ့ သုံးကွက်ဖော်ပြီး ရောင်းပါတယ်။ စုစုပေါင်း သိန်း ၂၁၀၀ ရပါတယ်။ ဒါပေမယ့် အမည်ခံသိမ်းတဲ့ ရှမ်းစာပေအသင်းကိုတော့ သိန်း ၁၀၀၀သာလှူပြီး ကျန်တာကို သူ့အိတ်ထဲထည့်သွားခဲ့ပါတယ်။ ယခုလို သူ့အနေနဲ့ မိုင်းပြင်းမှာ လုပ်စားလာတာကြာပါပြီ။ သူ့ကို ကူညီရတဲ့ ထွေအုပ်ကတော့ အာကာတင်ဦးပါ။ သူကထွက်စာတင်ထားပါတယ်။


ဒါကဘာကိုပြလဲ။ ကြံ့ဖွတ်ဆိုတာ သူခိုးများပြီး ယခုလို ဒီမိုအစိုးရတက်ချိန်မှာတောင် ဒီလူဟာ မိုင်းပြင်းက ပြည်သူပိုင်မြေတွေကို အကွက်ဖော်ရောင်းစားနေတယ်ဆိုတာပါ။

ဒါကိုရှမ်းပြည်နယ်ဝကခအနေနဲ့လဲ ကွင်းဆင်းအရေးယူဆောင်ရွက်သင့်ပါတယ်။ နေပြည်တော်က ထွေအုပ်ဝန်ကြီး ဦးမင်းသူလဲ NLD က လူတွေကိုထောက်တာသာ လုပ်မနေဘဲ အဆိုပါ စည်းကမ်းနဲ့မညီဖွတ်နဲ့ပေါင်းပြီး ပြည်သူပိုင်မြေကို ရောင်းစားနေသူကိုလဲ အရေးယူသင့်ပါတယ်။ NLD က CEC တွေအနေနဲ့လဲ မိမိကို တိုက်ခိုက်တဲ့ ရန်သူကို ထောင်ကျနိုင်သည်အထိ အဂတိနဲ့ ကိုင်ပြီး ထောင်ချသင့်ပါတယ်။ သူဟာလွှတ်တော်ကိုယ်စားလှယ်ပေမယ့် ဦးတီက သူ့ကိုရဲကဖမ်းရင်တော့ လွှတ်ပေးမှာပါ။






စာရေးသူ တတ်နိုင်သလောက် တင်ပေးပြီးပါပြီ။ လုပ်မလုပ်ကတော့ NLD ရဲ့တာဝန်ပါ။ ရှမ်းပြည်နယ်ဝကခအနေနဲ့လဲ အသေးစိတ်သိလိုရင် ဆက်သွယ်လိုက်ပါ။ SNLD က အမတ်တွေလဲ မိမိရှမ်းတွေကိုပြန်ကြည့်ပါ။ သူခိုးတွေထံမှာ မထားခဲ့ပါနဲ့။

သတင်းသမားများလဲ ဒီသတင်းလေးလိုက်ကြပါအုံး။ ဒီမိုဆိုသူများလဲ ဒေါ်လဲ့လဲ့မွန်ထက် ၁၀ ဆ ဆိုးသူများကို ဖွကြပါအုံး။ အားကိုးပါရစေ။ ဆန်ရင်းဆိုသာ ဖွတ်မယ်ဆိုပြီး အရူးပါးမလုပ်နဲ့နော်။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

4 Comments


naynanmyint629395
naynanmyint629395
May 30, 2020

spokesman မတွက်သင့်တော်သူ

အမျးာကြီးပါ

မတော်တရော်ပြောဆိုချက်

များကြာနေရတာလဲ

အော့နှ လံ ုး နာလှပါပီ

Like

naynanmyint629395
naynanmyint629395
May 30, 2020

ဆရာ ရှင့်

ဒီ ပို့စ် နဲ့ မဆိုင်သော် လည်း

(တနည်းအားဖြင့် သက်ဆိုင်နေ​သော

ဖွတ် အုပ်စု မျိုးဆက် ပါဝင်

နေတဲ့ ကိစ္စ ရပ်များဟာ

တော် ရှက်စရကောင်း

နေတာပြည်သူ များအသိပါ )


သမ္မတ. ရံ ုး သတင်းစာ

ရှင်းလင်း​ပွဲများဟာ အဆင့်

ကို မရှိဘူးပြောလောအောင်

ကိုဦဇော်ဌေး ရဲ့ပြောဆိုမှုများ

ဟာ စိတ်ပျက်စရကောင်း

လှပါတယ် ( NLDထောက်ခံသူများဟာ ရိုင်းစိုင်းလိုက်တာလို့

ပြောမခံနိုင်လို့ " ဦး " ဆိုတဲ့ စာ

လံ ုး ကို မတတ်သာဘဲ ထည့်

လိုက်ရပါတယ် ၊ တကယ်တမ်း

က ပျစ်ပျစ် နှစ်နှစ် ကို ဆဲပစ်

ချင်တာပါ။

Spokesman က အဲ့ဒီလူထက်

တော် သူများ ရိုက်သတ်လို့

မကုန်ပါဘူး


နင်တို့နိုင်ငံ ရဲ့ spokesman က

ဘာကြီးလဲပြောခံရတာ

ကြိမ်ပေါင်းများစွာ ရှိနေပါပီ


Like

Myint Soe Oo
Myint Soe Oo
May 30, 2020

ဦးမြတ် စာကျန် စာလိုသွားပါသည်။ပြင်ဆင်ဖတ်ရှုပါရန်

(တစောင် ၂၀ ကျပ် × ၂ စောင်)

ဟူ၍

မြူးရယ်မာန်ကြွ #လှပရေဆင်း#ပြည့်ဖြိုးခြင်းငှါ

ဟူ၍လည်းကောင်း

ဖြည့်စွက်ဖတ်ရှုပေးပါရန် တောင်းပန်အပ်ပါသည်။

Like

Myint Soe Oo
Myint Soe Oo
May 30, 2020

ဦးမြတ် ! ငယ်စဥ် အလယ်တန်းကျောင်းသားဘဝ (မဆလ ခေတ်)က. အူမတောင့်မှ သီလစောင့်နိုင်မည် -----ဆိုရှယ်လစ် လူ့ဘောင်သစ်ကြီးဆီသို့ ------။ မနက်တိုင်း ရွတ်ဆိုခဲ့ရပါသည်။ သို့ငြားလည်း အူမ အတောင့် လွန်ကုန်၍လား? မပြောတတ်ပါ။ ၁၉၈၈ခု သြဂုတ်လမှာတော့! ကျွန်ုပ်တို့ ယုံကြည်ချက်အတိုင်း မျှော်မှန်းထားသော ဆိုရှယ်လစ် လူ့ဘောင်သစ်ကြီးမှာ ------? ဖြစ်ချင်တိုင်းဖြစ် နစ်မြုပ်ပျောက်ကွယ်ခဲ့ရပါသည်။

၂၀၁၂ ဝန်းကျင်ခန့်က ရန်ကုန်နှင့် မြို့ အမြန်မီးရထားလက်မှတ်ခ ၉၈၀ကျပ် ရိုက်နှိပ်ဖော်ပြထားသော်လည်း ဝယ်တိုင်း ( ၁၀၀၀ကျပ် ပေးသော်လည်း) ပြန်အမ်းငွေ ၂၀ကျပ်မှာ! #ပလုံ#ဟူ

၍သာ။ တစ်ခါတရံမျှ ပြန်မရခဲ့ဘူးပါ။ တခါက စခန်းပွဲအတွက် ကမ္မဌာနာစရိယဆရာတော်ပင့်ရမည်မို့ သွားဝယ်ရာ ကုန်ပါပြီ တဲ့။ ခင်မင်ရင်းနှီးကျွမ်းဝင်သော ရထားအရာရှိအား အကြောင်းအကျိုးပြောပြရာ သွားဝယ်လိုက်ပါတဲ့ (ဖုန်းနဲ့)ပြောထားလိုက်မယ် တဲ့။ လက်မှတ်နှစ်စောင်ကို ရောင်းချပေးပြီး ပြန်အမ်းငွေ (တစောင်၂၀×၂၀ကျပ်) ၄၀ကျပ်ကို မှတ်မှတ်ရရ. ရခဲ့ဘူးပါသည်။ သူ၏နှုတ်မှလည်း ခင်ဗျားက စောစောက ကြိုမပြောဘူးတဲ့။ ၄၀ကျပ်ကိုလည်း လက်၂ဘက်နဲ့ ပြန်အမ်းပေးခဲ့ပါသည်။ ၁စောင်လျှင် ၂၀ကျပ် ။ ရထားတစီးမှာ လက်မှတ်စောင်ရေက ----? တစ်နေ့တစ်ရက်! တလတွင် ရက်၃၀! တစ်နှစ်တွင် ?။နောင်တလမှာတော့ နောက်တစ်ယောက် ပြောင်း ရောင်း! အလှည့်ကျ စနစ်ဖြင့် ရောင်း #ရ# ပါသည်။

ငယ်စဥ်က မီးရထားသံလမ်က ခဲတလုံးမျှပင် မယူရန် ဆရာကြီးဦးညီပုမှ အတတ်လည်းသင် ပဲ့ပြင်ဆုံးမခဲ့ပါသည်။ ဆရာ့တာဝန် ကျေပွန်ခဲ့ပါသည်။ ကတ္တရာလမ်းက ကတ္တရာစေး (နေပူချိန်မှာ ကတ္တရာ ပျော့တတ်ပါသည်) မခွါဖို့။ ကျောင်းပန်းဝန်းကျင်ရှိ အင်ဖက်အစို မခူးဖို့ (ဖက်စိုက စျေးကုန်များ ထုပ်ပိုးရန်သုံးပါသည်။)

၁၉၇၀ဝန်းကျင် မူလတန်းကျောင်းသားဘဝ. ရန်ကုန်-မန္တလေး အမှတ် ၄ အစုန် အမြန်ရထားလာလျှင် ကျောင်းသားအသီးသီး၏ ရင်ထဲက…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page