Myat Tun Oo
ဦးဉာဏ်ဝင်းကို စကစ ဘယ်လိုသတ်ခဲ့လဲ?

ဒီနေရာမှာ အချို့ ဉာဏ်တိမ်သူများက တစ်ခုခုဖြစ်ရင် NLD ဘာလုပ်နေလဲ ဘာညာဆိုပြီး NLD နဲ့ ပြည်သူကို ရန်တိုက်ပေးလေ့ရှိပါတယ်။ အန်ကယ်ဦးဉာဏ်ဝင်းဟာ NLD CEC တွေနဲ့အတူ အာဏာသိမ်းချိန်မှာ အဖမ်းခံခဲ့ရပါတယ်။ သူဟာ အသက် ၇၈ နှစ်ရှိပါပြီ။ သူဟာ ဒီမိုကရေစီအတွက် NLD မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့သူပါ။ အာဏာရချိန်မှာလဲ ဘာရာထူးမှ မယူခဲ့ပါ။ မရခဲ့ပါ။ ဒါပေမယ့် NLD ကိုသစ္စာရှိစွာ အမှုထမ်းခဲ့ပါတယ်။
သူဟာ ရောဂါအခံရှိသူပါ။ နဂိုထဲက အုပ်ချုပ်ရေးပိုင်းမှာ ပါသူမဟုတ်ပါ။ ဒါပေမယ့် ဖက်ဆစ်မအလက ဖမ်းပါတယ်။ သူ့ကိုမေးတာက သိပ်မကြာလိုက်ပါ။ အင်းစိန်ထောင်မှာထားပါတယ်။ သူပိုးကူးတော့သူ့ကို ချက်ခြင်း ရန်ကုန်ဆေးရုံကြီးကို မတင်ပါ။ အင်းစိန်ထောင်ထဲက ဆေးရုံမှာသာ အစက ကုပါတယ်။ နောက် အောက်ဆီဂျင်လိုချိန်မှာ ရန်ကုန်ဆေးရုံကြီးကို ပြောင်းပါတယ်။ ဆေးရုံကြီးမှာ အောက်ဆီဂျင်သာပေးပြီး သူက သတိမေ့သလိုဖြစ်လိုက် အောက်ဆီဂျင်ပြတ်ရင်ဖြစ်တတ်တဲ့ ဂရောင်ချောက်ခြားတွေ ဖြစ်လိုက်နေပေမယ့် သူ့ကိုလိုအပ်တဲ့ အသက်ရူစက်တင်တာတွေ မလုပ်ပေးခဲ့ပါဘူး။နောက်ပြီး သူ့မိသားစုနဲ့လဲ ပေးမတွေ့ခဲ့ပါဘူး။ ဒါက ကိုဗစ်ကြောင့် ထားလိုက်ပါ။ ပုံမှန်ဆိုရင် အထူးကြပ်မတ်ကုသဆောင်ထဲမှာဆိုတာက အခြေအနေမကောင်းတဲ့ သူတွေကိုသာ ထားတာပါ။ မိသားစုနဲ့တွေ့ဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် မအလဟာ မိသားစုတွေနဲ့ ပေးတွေ့ဖို့ကို ငြင်းပယ်ခဲ့ပါတယ်။သူက ချက်ချင်းကောက်ခါငင်ကာ သေသွားတာမဟုတ်ဘဲ အောက်ဆီဂျင်မရတာကနေ သေသွားခဲ့တာပါ။ ဆရာဝန်တွေကလဲ စကစအလိုကျ ဝတ်ကျေတန်းကျေသာ ကုတာပါ။ မိမိတို့လူနာ အခြေအနေမကောင်းရင် မိသားစုနဲ့ ပေးတွေ့သင့်ကြောင်း စရဖကို ဆရာဝန်ကျင့်ဝတ်နဲ့အညီ မပြောရဲကြပါ။ မပြောခဲ့ကြပါ။ သူ့ကိုကုဖို့ ဆေးပေးဖို့လိုရင်တော့ မိသားစုပေါ့။ သူ့ကို အသက်ရူစက်တပ်ဖို့လဲ မကြိုးစားခဲ့ကြပါ။ ဦးဉာဏ်ဝင်းနေရာမှာ ဘရွှေဆိုရင်တောင် အကုန်လုပ်ပေးကြမှာပါ။ မအလဆိုရင်တော့ ဘောပါ မပေးမှာပါ။
ဦးဉာဏ်ဝင်း သေရတာဟာ မသေသင့်ဘဲ သေရတာပါ။ မဖမ်းသင့်ဘဲ ဖမ်းတယ်။ ပထမက ပိုးကူးစက်အောင်ထားတယ်။ နောက် ရောဂါစဖြစ်ချိန် သေချာမကုဘဲ ရောဂါရင့်မှ ဆေးရုံကြီးကိုပို့တယ်။ ဆေးရုံရောက်တော့လဲ ဝတ်ကျေတန်းကျေ အောက်ဆီဂျင်သာပေးပြီး အသက်ရူစက်တပ်ဖို့ မကြိုးစားခဲ့ပါဘူး။ သူက ရောဂါအခံရှိပေမယ့် ပုံမှန်သွားလာနိုင်သူပါ။ ကိုဗစ်ကုထုံးအတိုင်း စနစ်တကျ မကုခဲ့ပါဘူး။အမေစုဝယ်ထားတဲ့ Remedesivir ဆေးလဲ မပေးဘဲ ယခင်ဝယ်ထားတာတွေကလဲ တပ်ထဲကို ယူသွားခဲ့ပါတယ်။ အသက်ကယ်ဆေး Dexamethasone လဲ ဦးဉာဏ်ဝင်းကို ရန်ကုန်ဆေးရုံကြီးက ဆရာဝန်တွေက မပေးခဲ့ပါဘူး။
မင်းက သိလှချည်လား မဟုတ်ပါဘူးလို့ ငြင်းချင်ရင် ဆရာဝန်ကိုယ်တိုင် အထောက်အထားနဲ့ ထွက်ရှင်းပြလိုက်ပါ။ စိန်ခေါ်ပါတယ်။ ကုသသူဆရာဝန်ကိုတော့ နာမည်မဖော်သေးပါ။
ဦးဉာဏ်ဝင်းလို အာဏာမမက်ဘဲ တိုင်းပြည်အတွက် အလုပ်လုပ်သူကတော့ NLD မှာသာ တွေ့နိုင်ပါတယ်။ မအလလို အာဏာမက်သူ ခိုးသူ ဓားမြတိုက်သူ လူသတ်သူ မုဒိမ်းကျင့်သူ မိမိရဲ့ မရီးကိုခိုးစားသူကတော့ ဖက်ဆစ်တပ်ထဲမှာ တွေ့နိုင်ပါတယ်လို့ ပြောပါရစေ။
ပြည်သူတွေ NLD က တွေဝေနေသူတွေအနေနဲ့က NUG ရဲ့ ဦးဆောင်မှုကိုခံယူပြီး လက်နက်ကိုင်တော်လှန်ရေး အောင်မြင်အောင်သာ လုပ်ကြပါ။ မအလက အသေထွက်လမ်းသာရှိပါတယ်။အရှင်ထွက်ဖို့က မမြင်ပါ။ မအလကို မဖြုတ်ချနိုင်ရင် ကိုဗစ်လိုကိစ္စတွေ ကိုဗစ်ထက်ဆိုးတဲ့ကိစ္စတွေနောက်ပိုင်းထပ်ကြုံရအုံးမှာပါ။