top of page
Search
  • Writer's pictureMyat Tun Oo

ဦးကိုနီအမှု ဘာမှားနေလဲ


ဦးကိုနီအမှု ဘာမှားနေလဲ

ဦးကိုနီအမှုမှာ တကယ်သွားသတ်တဲ့လူကို သေဒဏ်ချပေမယ့် သတ်ရန်စေခိုင်းသူကို ထောင် (၅) နှစ်သာ ချခဲ့တာတွေ့ရပါတယ်။ ဒီနေရာမှာ တရားစီရင်ရေးဟာ လုံးဝလွဲနေတာတွေ့ရပါတယ်။

ဒါဟာ သီအိုရီအရကို ပေါ်တင်မှားနေတာပါ။ အဆိုပါအမှုလို လူသတ်တဲ့ ၉/၁၁ အမေရိကန်ကအမှုပါအကြမ်းဖမ်သမားတွေကိုသာမက သတ်ရန်စေခိုင်းသူ ဘင်လာဒင်ကိုပါသတ်ခဲ့ပါတယ်။ အဲ့ဒီကနေပြတာက သတ်ရန်စေခိုင်းသူဟာလဲ ပြစ်မှုမြောက်တယ်ဆိုတာပါ။ ဒါကို အောက်တရားရုံးကအစအထပ်တရားရုံးအထိ မြန်မာပြည်မှာ လွတ်သွားတာဟာ တရားစီရင်မှုမှာ လစ်ဟာနေတာကိုပြနေတာပါ။ မြန်မာ့ဥပဒေနဲ့သာစစ်ရင် ဘင်လာဒင်တောင် လွတ်မဲ့သဘောရှိပါတယ်။ ဒီနေရာမှာ အဂတိနဲ့ ဖြုတ်မရရင် လွှတ်တော်အမတ်တွေက လွှတ်တော်သဘောအရ တရားသူကြီးကိုဖြုတ်ချဖို့ စဉ်းစားသင့်ပါတယ်။ အောက်ကိုကိုင်မရရင် တရားသူကြီးချုပ်ကို ကိုင်ရပါမယ်။

နောက် တရားသူကြီးတွေက အမှုတည်ဆောက်တာ အားနည်းလို့သူတို့က သေဒဏ်ပေးလို့မရတာပါလို့ပြောလို့ရှိရင် အမှုတည်ဆောက်တဲ့ရဲနဲ့ ဥပဒေအကျိုးဆောင်ကို အရေးယူသင့်ပါတယ်။ နောက်တစ်ခုကသူတို့တွေရဲ့ ပိုင်ဆိုင်မှုကို အကြီးအကျယ် ထိန်းချုပ်မှုမလုပ်ခဲ့တာပါ။ သူတို့အမှုနဲ့ ဓာတ်ခဲညီအမှုကိုယှဉ်ကြည့်ရင် ဓာတ်ခဲညီရှယ်ယာထည့်တဲ့ဆိုင်တွေကို လိုက်ပိတ်တာက စနစ်ကျပါတယ်။ ဥပဒေဟာ ဦးကိုနီကိုသတ်သူရော ဓာတ်ခဲအားပေးသူကိုပါ တန်းတူသက်ရောက်ရပါမယ်။

စာရေးသူအနေနဲ့ လွှတ်တော်အမတ်တွေက အခြားနေရာတွေမှာဝေဖန်ပေမယ့် ယခုလို တရားသူကြီးတွေကို စွပ်စွဲပြစ်တင်တာ ဝေဖန်ရှုတ်ချတာတွေ မလုပ်တာကတော့ နည်းလမ်းမသိလို့လားမပြောတတ်ပါ။ ခြေဥအရ လုပ်ပိုင်ခွင့်နည်းနေတာလဲ ပါနိုင်ပါတယ်။

တရားမျှတမှုမရှိရင် တိုင်းပြည်မှာ တိုးတက်ဖို့ခက်နိုင်ပါတယ်။ စဉ်းစားနိုင်အောင်ပါ။ ရန်သူဟာ ဦးကိုနီကိုလုပ်လို့ရရင် နောက်လက်ထပ်တိုးလုပ်လာနိုင်ပါတယ်။

2,406 views1 comment
bottom of page