top of page
Search

ဥပဒေအထက်မှာ ဖက်ဆစ်ပြည်ထဲရေးဝန်ကြီးသားရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 11, 2021
  • 1 min read

လွန်ခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်း ဖက်ဆစ်ပြည်ထဲရေးဝန်ကြီးသား စည်သူထွဋ်စားသောက်ဆိုင်မှာ မူးယစ်ရမ်းကားပြီး ရန်ဖြစ်တယ်။ ပြီးတော့ ရဲကားရောက်လာပြီး သူနဲ့ရန်ဖြစ်တဲ့လူကို သူပုန်လိုဖမ်းသွားတယ်။ ဒီကနေ ဘာသင်ခန်းစာရလဲ?


ပထမက အဆိုပါ စားသောက်ဆိုင်ပိုင်ရှင်ရော စားသောက်သူပါ ဒီမိုကရေစီကို သိပ်စိတ်ဝင်စားသူမဟုတ်ပါ။ ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုပြီး ဆိုင်ဖွင့်ထားတာပါ။ ဒါကို သူခိုးစိုးထွဋ်သားလူမိုက်သား စည်သူထွဋ်နဲ့ ရန်ဖြစ်လို့ ဆိုင်ရှင်ရော အဆိုပါလူငယ်တွေပါ ဆန္ဒပြသူကိုဖမ်းသလိုဖမ်းသွားတာပါ။ ဆိုင်ကိုဝင်စီးတာက သူပုန်စခန်း ဝင်စီးသလိုပါ။ ယခင်က နေဝင်းမြေး သန်းရွှေမြေး ထိပ်ပိုင်းလူကြီးတစ်ယောက်ရဲ့ သားသမီးမြေးတွေသာ ကြမ်းပေမယ့် ယခုက စိုးထွဋ်လိုသူခိုးရဲ့သားကတောင် အာဏာစပြလာနေပါပြီ။ မိုးမြင့်ထွန်းက သမီးသာမွေးထားလို့ မပြသေးတာပါ။ ဒါက ဒီကောင်တွေသာ အာဏာဆက်ရရင် တိုင်းပြည်ဘယ်လောက်ဆိုးမလဲဆိုတာကို ပြနေပါတယ်။


ဒုတိယက သူ့ကိုလုံခြုံရေးပေးထားမှုပါ။ ထိပ်ပိုင်းက သူတို့သားသမီးတွေကို ပေးထားတဲ့ အစောင့်က လက်ရှိဝန်ကြီး သက်သက်ခိုင်တို့ကိုပေးထားတာထက် များပါတယ်။ သူတို့ကို နေပြည်တော်နားသာ သွားလာခွင့်ပေးထားပြီး စရဖရော သတင်းတပ်ဖွဲ့ကပါ လိုက်ပြီးလုံခြုံရေး ယူပေးထားပါတယ်။ ဒါပေမယ့် လူအများကြီးမပါပါ။ သူတို့က အရန်တပ်ရင်းကို အဆင်သင့်ထားပြီး သူတို့သားသမီး အရေးပေါ်လိုရင် သွားကယ်နိုင်အောင် သီးသန့်ထားထားပါတယ်။ ဒီနေရာမှာ သူတို့သားသမီးကို ဒန်ပေါက်ကျွေးရင် နောက်လာကယ်မယ့်အဖွဲ့ကိုလဲ ဘယ်လိုဒန်ပေါက်ကျွေးမလဲဆိုတာ ကြိုစဉ်းစားထားရပါမယ်။ ရန်သူ့သားသမီးတွေဟာ နာမည်ကြီး စျေးတွေ စားသောက်ဆိုင်တွေ လာဝယ်နိုင်လို့ အဆိုပါဒေသတွေကနေ ကင်းထောက်နိုင်ပါမယ်။

တတိယက လူအချို့က အဖေလုပ်တာ မိဘလုပ်တာ သားသမီးနဲ့မဆိုင်ဘူးဆိုတာ ရှိကြပါတယ်။မှန်တာလဲ ရှိပါတယ်။ ဒါပေမယ့် အများစုက မှန်ပါတယ်။ ဥပမာ စိုးထွဋ်ရဲ့အဖေ လွန်းမောင်ကလဲသူခိုးအာဏာရှင်ပါ။ ခိုးသလို တပ်ထဲမှာ မိန်းမရှုတ်ပါတယ်။ ထွန်းကြည်ပေါက်စပေါ့။ ခင်ညွန့်ကိုအာဏာလုလို့ အရှင်းခံရတာပါ။ သူ့သားစိုးထွဋ်က သူ့အဖေထက် ပိုဆိုး ပိုခိုးတာတွေ့ရမှာပါ။ ယခုသူ့မြေးက ယူနီဖောင်းတောင်မဝတ်ဘဲ အာဏာပြပြီး အဖေ့အရှိန်ကို အလွဲသုံးစား လုပ်ပြနေပြန်ပါတယ်။ ဒါ့ကြောင့် အဘိုးယုတ်ကမွေးတော့ မြေးယုတ်ထွက်တာ မဆန်းပါ။ နေဝင်းမြေးတွေလဲ ဒီလိုပါဘဲ။ တိုင်းပြည်မှာက ဒီလိုကောင်တွေထဲက တစ်ယောက်လောက်ကို ဒန်ပေါက်ကျွေးနိုင်ရင်တိုင်းပြည်ပိုအေးချမ်းသွားမှာပါလို့ ပြောပါရစေ။ အာဏာရှင်ဟာ မျိုးဆက်တောင်မချန်ထားသင့်ပါ။ သူတို့ဟာ ဆန်ကုန်မြေလေး မအေပေးတွေပါလို့ ပြောပါရစေ။


News Source: Irrawaddy

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 comentário


Myint Soe Oo
Myint Soe Oo
12 de jun. de 2021

ဦးမြတ်!!ကိုမင်းကိုနိုင် ပြောထားပါတယ်။**အပင်ကြီးလို့သာ နတ်ကွန်း ဖြစ်ရတာ ၊ ပြစရာ တန်ခိုးက မရှိဘူး**။

ဆင် မှီပြီး ကြံ စုပ်ရတဲ့အရသာ ကောင်းမှန်းသိတော့ အာဏာရှင် အဆက်ဆက်တို့၏ သားမြေးများ ဆိုးသွမ်းရမ်းကားကြခြင်းဖြစ်ပါသည်။

ပြစရာ တန်ခိုးက မရှိတာမဟုတ်၊ ပါကို ပါမလာတာ။ အဖေ အမေတို့ရဲ့ Gene ဗီဇအရပါ။

**ကြက်မှာ အရိုး ၊ လူမှာ အမျိုး**း ဆိုရိုးစကား

**ချောင်း မြောင်း ရိုး သာ တိမ်ကောမည်၊ မျိုးရိုးက မတိမ်ကောပါ**။ မှန်လွန်းလို့ ယနေ့တိုင် သက်သေပြနေပါပြီ။

အဖိုးထားခဲ့ စည်းစိမ်ပုံပေါ်ထိုင် လူတွင်ကျယ် လုပ်နေတဲ့ မြေး။ ဘာတခုမျှ လူ့ဘောင်လောကအတွက် ကောင်းကျိုးမပြု။

ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုသော အယူ ယူထားကြသော မျက်ကန်းတချို့ကို အာဏာရှင်သရုပ် ဇာတ်ရုပ်ကို မြင်စေချင်ပါသည်။

စာပေ ကဏ္ဍ အရေးပါပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်တခု ဝန်းကျင်က ဝတ္ထုတချို့ထဲက

ဇာတ်လိုက်က ဘွဲ့ရ ၊ ဥစ္စာပေါ ၊ ရုပ်ချော ၊ ကုမ္ပဏီ ပိုင်ရှင် ၊ရာထူးအာဏာ ပါဝါ အပြည့် ၊ လို တ ရ ။ အပေါင်းအသင်းက ဝိုင်းဝိုင်းလည်။ သည်လို ဇာတ်တွေနဲ့ ရေးသားတော့ မှိုင်းဝ ပြီး၊ လူငယ်တချို့ အရည်အသွေး ကျဆင်း ခဲ့ရပါသည်။

ဇာတိ သွေး ၊ ဇာတိ မာန် ပျောက်သလို အမျိုး ပုည ဂုဏ် မာန ဆိုတာ (ထားသင့် ရှိသင့်တဲ့ဖက်မှာ) ချို/ဂျို နဲ့လားအတွေးကြောင့် ဝန်ခရံသူတွေပေါလာရပါသည်။

တနည်းအားဖြင့် စက္ကူကျား ၊ စက္ကူလေတံခွန်များသာဖြစ်ပါသည်။ လေအဟုန် နှင့် ကြိုး ပေါင်းစပ်ထားလို့သာ အမြင့်မှာ ဝဲ…


Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page