top of page
Search
Writer's pictureMyat Tun Oo

ဥပဒေကဲ့သို့ အာဏာတည်သော NUG ရဲ့အမိန့်


မအလက NUG ကို မတရားအသင်းကြေညာသလို NLD ပါတီဝင်တွေကိုဖမ်းတာ ဆရာဦးဝင်းမြတ်အေးအိမ်ကို ပိတ်တာ သိမ်းတာတွေ လုပ်လာခဲ့ပါတယ်။ အခြား NUG ဝန်ကြီးတွေရဲ့ အိမ်ကိုလဲ လုပ်ခဲ့ပါတယ်။

ယခု NUG က မအလအဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ တရားဝင်ကြေညာသလို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ MOGE ကိုလဲ မတရားအသင်းရဲ့ လက်အောက်ခံအဖြစ် ကြေညာလိုက်ပါပြီ။ မအလအောက်မှာ အမှုထမ်းနေသူများဟာလဲ အကြမ်းဖက်သမားဖြစ်လာပြီး သူတို့ဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အဖမ်းခံရမှာဖြစ်သလို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အိမ်တွေဟာလဲ ပြန်ပိတ်သိမ်းခံရမှာဖြစ်ပါတယ်။ အဖမ်းမခံရင် အပိတ်မခံရင်တော့ ပြည်သူတွေက မုန့်ဟင်းခါးကျွေးပြီး ဒဏ်ခတ်သွားမှာပါ။

မြန်မာလူမျိုးအချို့က သပိတ်မှောက်ဆိုရင် ကြောက်လို့ဆိုပြီး အခွန်ဆောင်သူရှိပါတယ်။ မအလကားမစီးနဲ့ဆိုရင်လဲ သူ့ကားမစီးရင် ဘာစီးမှာလဲဆိုတဲ့ Gen Lee များလဲရှိပါတယ်။ ဒါပေမယ့် မအလဘတ်စကားကို မုန့်ဟင်းခါးကျွေးလိုက်ရင် Gen Lee က ကြောက်တတ်လို့ နှစ်ခါပြန်စဉ်းစားပါတယ်။

ယခု မြန်မာ့ရေနံဟာ အကြမ်းဖက်အဖွဲ့ဖြစ်သွားလို့ သူနဲ့အလုပ်လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေလဲစဉ်းစားလာရမှာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။ ပြည်သူက စစ်ကိုင်းမှာလို မြေပြင်မှာဩဇာရှိခဲ့ရင် ရေနံကုမ္ပဏီတွေလဲ နှစ်ခါပြန်စဉ်းစားလာမှာပါ။

နောက်ဆုံးကတော့ ကုလက ဆုံးဖြတ်မှာမဟုတ်ဘဲ ပြည်သူကသာ ဆုံးဖြတ်သွားမှာပါ။ ပြည်သူညီရင်ဥပဒေကဲ့သို့ အာဏာတည်တာ စစ်ကိုင်း၊ ကယားနဲ့ ချင်းမှာ စတွေ့နေရပါပြီ။

517 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page