top of page
Search

အားလုံးအထက်က ဆရာမင်းသူ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 24, 2021
  • 1 min read

အစိုးရအဖွဲ့သစ်မှာ ဘယ်သူပါမလဲဆိုတာဟာ အခြားသူတွေအတွက် မသေချာပေမယ့် ဆရာမင်းသူဟာ ဘာမှပြည်သူကြိုက်အောင် မလုပ်တတ်ပေမယ့် ဝန်ကြီးပြန်ဖြစ်ဖို့ ၉၀% ကျော်သေချာတယ်လို့စာရေးသူရေးခဲ့ပြီးပါပြီ။ NLD က ဘယ် CEC မှ မသိပေမယ့် စာရေးသူက သိပါတယ်။ မှန် မမှန်ကဧပြီလမှာသိပါမယ်။

သူ့မှာ ဘာအရည်အချင်းတွေရှိလဲ? စာရေးသူတို့ တပ်ထဲမှာက အထက်ကခိုင်းတာကိုလုပ်၊ ဖား၊ မိန်းမကလဲ ဖားတတ်ရင် ရာထူးတက်ပါတယ်။ သူကအဖားတော်သလို သူ့မိန်းမကလဲ အဖားကျွမ်းပါတယ်။သူရာထူးမတက်တာက သူလေယဉ်ကိစ္စနဲ့ ပြစ်ချက်ရှိခဲ့လို့ပါ။ ဘယ်လိုမှ ရာထူးတိုးပေးလို့မရတော့လို့သူကထွက်လိုက်တာပါ။


မနေ့က ဆင်းရဲတဲ့ အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့မယ်လို့ သူ့ရဲ့စာမျက်နှာကနေ ကြေညာပါတယ်။ ဒါက မျက်နှာရမယ့်ကိစ္စပါ။ အဆိုပါကိစ္စကို အခြားသမ္မတတို့ အတိုင်ပင်ခံတို့က မကြေညာဘဲသူ့စာမျက်နှာကနေ ကြေညာပါတယ်။ ဒါက မိုးကျထုံးစံအတိုင်း မျက်နှာရမယ့်ကိစ္စကို ပဏာဝင်ယူတာပါ။ ဒါဆိုရင် တာဝန်ရော ဝင်ယူမလား? သူ့ကြေညာချက်မှာ သူကဘာဆက်ရေးသလဲဆိုတော့ အဆိုပါပေးတာကို တိုင်း/ပြည်နယ်အစိုးရတွေက တာဝန်ခံကြီးကြပ်ရန်ဆိုပြီး ဘော်လီဘောပုတ်လိုက်ပါတယ်။ဒါက ဘာကိုပြသလဲဆိုတော့ မိုးကျတစ်ယောက်ရဲ့ ပဏာသာ ဝင်ယူပြီး တာဝန်ကျတော့ မခံရဲတဲ့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုညံ့ဖျင်းတာကို ပြတာပါ။


မင်းကဘာကို စိုးရိမ်တာလဲ? ပုံမှန်မှာက ပြည်သူကို ပိုက်ဆံပေးတာ အင်မတန် မျက်နှာရစရာကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ထောက်ပံ့ကြေးပေးရာမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ ယခုဟာက ရပ်ကျေးထွေအုပ်ရွေးကောက်ပွဲလဲ လုပ်နေပါတယ်။ ဒါ့ကြောင့် အဆိုပါ ရွေးကောက်ပွဲကို မကျေနပ်လို့ ဆန္ဒပြတာနဲ့ ထောက်ပံ့ကြေးမရလို့ ဆန္ဒပြတာကနေ ပြဿနာအကြီးကြီး ဖြစ်သွားခဲ့ရင် သာဝအတွက် အကွက်ဖြစ်သွားမှာ စိုးရိမ်ရပါတယ်။ ပုံမှန်မှာ ဖွတ်တွေဟာ ဆန္ဒပြဖို့ လူတစ်ရာတောင်စုရခက်ပါတယ်။ ဆရာမင်းသူရဲ့ ညံ့ဖျင်းမှုကြောင့် ထောက်ပံ့ကြေးမရသူတွေ လမ်းပေါ်ထွက်ခဲ့ရင် သာဝအတွက်က အကွက်ဖြစ်သွားနိုင်ပါတယ်လို့ ကြိုသတိပေးထားပါရစေ။ သူကယခုထဲက တိုင်း/ပြည်နယ်အစိုးရတွေကို ကြီးကြပ်ဆိုပြီး တာဝန်ရှောင်ထားလို့ ပိုပြီးစိုးရိမ်ရပါတယ်။ သူရေးထားတာကဝန်ကြီးချုပ်တွေအထက်မှာ ဆရာမင်းသူရှိပုံပါ။ ရာထူးတောင်တက်မလား မသိပါဘူး။

(Note to Facebook Team: This is the article about a government minister U Min Thu who is ex military personnel. He failed to show leadership and unable to manage COVID aid to poor families in the past. Please read this article before you remove it and don’t remove it based on the information from Myanmar Facebook team as it is also controlled by ex military personnel.)

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page