top of page
Search
  • Writer's pictureMyat Tun Oo

အားလုံးအတွက် ၂၀၂၀


အားလုံးအတွက် ၂၀၂၀

အားလုံးသိတဲ့အတိုင်း ဒီနေ့ဟာ ၂၀၂၀ ရဲ့ ပထမဆုံးနေ့လေးပါ။ ဒီနေ့မှာ ၂၀၂၀ က ဘာကြောင့် မြန်မာပြည်အတွက် အရေးကြီးလဲ လေ့လာရအောင်။

နိုင်ငံရေး

၂၀၂၀ မှာ တိုင်းပြည်ရဲ့ အနာဂတ်လားရာကို ဆုံးဖြတ်မယ့် ရွေးကောက်ပွဲရှိပါတယ်။ ပြည်သူတွေကသာ အတွေးအမြင်မှန်မှန်နဲ့ NLD ကိုဆက်ပြီး မဲပေးခဲ့ရင် တိုင်းပြည်ဟာ အနှောက်အယှက်တွေကြားကယခုထက်ပိုပြီး အရှိန်အဟုန်နဲ့ တိုးတက်လာပါမယ်။

ပြည်သူတွေအနေနဲ့ တပ်ချုပ်အသစ်ရွေးရာမှာ ပြည်သူ့အစိုးရကတဆင့် အတိုင်းအတာတစ်ခုအထိပါဝင်ခွင့်ရလာနိုင်ပါတယ်။

ထို့အတူဘဲ ယခုအခေါက်မှာ ခြေဥပြင်ဖို့ အဆင်မပြေသေးရင်တောင် ၂၀၂၀ နောက်ပိုင်း တပ်ချုပ်အသစ်တက်အပြီးမှာ ထပ်မံကြိုးစားလို့ ရနိုင်ပါမယ်။ အနည်းငယ် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာနိုင်ပါမယ်။

၂၀၂၀ နောက်ပိုင်းဖွဲ့တဲ့ အစိုးရအဖွဲ့ဟာ ပြုပြင်ပြောင်းလဲမှုတွေကို ယခင်ကထက် ပိုလုပ်နိုင်လာမှာဖြစ်ပါတယ်။

စစ်ရေး

ရခိုင်မှာ စစ်ပွဲတွေဟာ ၂၀၂၁ အထိ ဆက်ဖြစ်နေပါမယ်။ လောလောဆယ်မှာက ဓာတ်ခဲရဲ့အိမ်မက်က၂၀၂၀ ဖြစ်လို့ ၂၀၂၀ မှာ စစ်ပွဲတွေဟာ ပိုပြင်းထန်လာပါမယ်။ စာရေးသူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့လူမျိုးက မြောက်ပိုင်းမှာ ထောက်ခံလို့ ၂၀၂၀ မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါမယ်။ အဆိုပါတိုက်ပွဲအခြေအနေပေါ်မူတည်ပြီး ၂၀၂၁ မှာ အစိုးရသစ်ကလဲ တက်လာလို့ ငြိမ်းချမ်းရေးအတွက်လမ်းစပေါ်နိုင်ပါတယ်။

စီးပွါးရေး

စီးပွါးရေးဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ NLD သာ နိုင်ခဲ့ရင် ရင်းနှီးမြုပ်နှံသူများရဲ့ ယုံကြည်မှုရှိလာမှာဖြစ်လို့ အရှိန်အဟုန်နဲ့ တိုးတက်လာပါမယ်။ ဖွတ်နိုင်ခဲ့ရင်တော့ သူကလက်ရှိတပ်ချုပ်ကို သမ္မတတင်နိုင်လို့ စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုလုပ်လာနိုင်ပါတယ်။

လူမှုရေး

NLD သာ နိုင်ခဲ့ရင် လူမှုဖူလုံရေးထောက်ပံ့မှုတွေကို ပိုလုပ်နိုင်မှာဖြစ်သလို ဆင်းရဲ ချမ်းသာကွာဟမှုကျဉ်းမြောင်းလာမှာဖြစ်ပါတယ်။ လူတစ်ဦးခြင်း ဖျမ်းမျှဝင်ငွေဟာ စီးပွါးရေးနဲ့အတူ တက်လာမှာဖြစ်ပြီး ဆင်းရဲမွဲတေမှုဟာ ကျဆင်းလာမှာဖြစ်ပါတယ်။

ပညာရေး

NLD အစိုးရဟာ ပညာရေးကို ပြန်မရတဲ့ ရင်းနှီးမြုပ်နှံမှုလို့ ပြောတဲ့အစိုးရမဟုတ်လို့ ပညာရေးမှာရင်းနှီးမြုပ်နှံမှုတွေ လုပ်နေပါတယ်။ လက်တွေကျတယ့် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေကို ဖွင့်လစ်ပေးနေပြီး လူငယ်တွေ အလုပ်အကိုင်ရအောင် ဖန်တီးပေးနေပါတယ်။ ဒီပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေဟာ ၂၀၂၀ မှာ NLD အစိုးရသာ ဆက်နိုင်ခဲ့ရင် ပိုမိုခိုင်မာလာပါမယ်။

ပြည်သူတွေအတွက် ၂၀၂၀ ဟာ လမ်းဆုံတစ်ခုပါ။

ပြည်သူတွေအနေနဲ့ ၂၀၂၀ မှာ NLD နဲ့အတူ လမ်းမှန်ပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

156 views0 comments

Recent Posts

See All

ရာထူးတက်သူတွေပျော်လား?

ရာထူးတက်သူတွေပျော်လား? ယခင်က တပ်ထဲမှာ ရာထူးတက်ရင် လူတိုင်းပျော်ကြပါတယ်။ ယခုက ပြောင်းပြန်ဖြစ်လာနေပါတယ်။ အရန်အင်အားရောက်သူများက အချင်းချင်း Congratulations လုပ်ကြပြီး စစ်သံဖြစ်သွားသူက ထီပေါက်သလို ဖြစ်နေ

Comments


bottom of page