top of page
Search
  • Writer's pictureMyat Tun Oo

အားလုံးအတွက် မရှိမဖြစ် ရန်ကုန်


ယခုကိုဗစ်ဖြစ်နှုန်းဟာ ရန်ကုန်မှာမြင့်မားလာခဲ့ပါပြီ။ ဒါဆိုရင် ငါတို့ အစိုးရကို အပြစ်တင်လိုက်မယ်ဆိုပြီး တွေးသူ ဖွတ်အချို့လဲရှိပါတယ်။ အချို့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုအချို့ကလဲ အစိုးရကိုအပြစ်တင်လိုက်အုံးမယ်ဆိုသူများလဲရှိမှာပါ။

ဒီကိုဗစ်ဘယ်ကလာလဲ? အမှန်အတိုင်းပြောရင် ဘယ်သူမှ မသိပါဘူး။ ယခုလို မဖြစ်ခင်မှာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေထဲမှာ ဖြစ်နေတာက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်သာရှိခဲ့ပါတယ်။ တရုတ်၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ သိပ်မဖြစ်ခဲ့ပါ။ ဒါက သိပ္ပံနည်းကျ ကောလဟာလမဟုတ်ဘဲ အထောက်အထားအပေါ်အခြေခံပြောတာပါ။ ပိုးရဲ့မျိုးရိုးဗီဇကိုသိရင် ဘယ်ကလာလဲ သိရမှာပါ။

ဘယ်နိုင်ငံကိုမှ အပြစ်မပြောခင် မြန်မာပြည်ထဲမှာ စဖြစ်ခဲ့တာက အနောက်ဘက် ရခိုင်ကပါ။ ပြီးတော့လေယဉ်လမ်းကြောင်းအရ ရန်ကုန်ကိုရောက်ပါတယ်။ ပြည်တွင်းလေယဉ်လမ်းကြောင်းဟာ ပို့ဆက်ရဲ့ထိန်းချုပ်မှုအောက်မှာရှိပါတယ်။ လေကြောင်းလမ်း ရပ် မရပ်ကို ဆုံးဖြတ်တာက ဗဟိုကပါ။ ယခု လေယဉ်ပေါ်ကလူတစ်ဝက်က လာမဆက်သွယ်ရင် လိုက်ဖမ်းရမှာ ရှာရမှာက ပြည်ထဲရေးနဲ့ ထွေအုပ်ပါ။ ဒါကမြန်မာပြည်ရဲ့ ခြေဥအရတာဝန်ရှိတာကို ပြောပြတာပါ။ကျန်းမာရေးက သူတို့လာအစစ်ခံရင် Q ပေး၊ စစ်ပေးရမှာပါ။ အဆိုပါလူများဟာ DASSK ရဲ့ စကားကို ပုံမှန်နားထောင်နေသူများ မဟုတ်ပါ။ ဒါကြောင့် မဖမ်းရင် လာဖို့နည်းပါတယ်။



ကမ္ဘာပေါ်ကို လေ့လာလိုက်ရင် ဥရောပက စပိန်နဲ့ ပြင်သစ်မှာ ရောဂါဖြစ်နှုန်းတက်လာနေပြီး ယူကေမှာလဲ ပြန်တက်နေပါတယ်။ အမေရိကန်ကတော့ အစကထဲကာမကျခဲ့လို့ သိပ်မထူးပါ။ မြန်မာ့အိမ်နီးချင်းထဲမှာ ဆက်ဖြစ်နေဆဲက ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယပါ။

ယခုရန်ကုန်မှာဖြစ်တာများနေတာက ငြင်းမရတဲ့အချက်ပါ။ ဒါဆို lockdown ချလိုက်ပါလား Q လိုက်ပါလား ပြောသူများရှိပါမယ်။ အမေရိကန်မှာ ဖက်ဒရယ်မိုလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ထရမ့်ကိုမတိုင်ပင်ဘဲ လုပ်လို့ရပါတယ်။ မြန်မာပြည်မှာက ကူးဆက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအရကျန်းမာရေးဝန်ကြီးက ပုဒ်မ ၂၁ အရ ကြေညာနိုင်ပါတယ်။ တိုင်းဒေသကြီး အစိုးအဖွဲ့ကို လုပ်ပိုင်ခွင့် မပေးထားပါ။ ပုဒ်မ ၁၄၄ ထုတ်တာကတော့ ဗဟိုအစိုးရအဖွဲ့ကတဆင့် ဝကခအောက်မှာပါ။ မလိုက်နာသူကို ဖမ်းတာက ပြည်ထဲရေးပါ။ မြန်မာပြည်က ဇတ်လမ်းက ရှုတ်ပါတယ်။


ယခုတော့ ရန်ကုန်ကမြို့နယ်အများစုမှာ stay at home အိမ်မှာနေမိန့်ထုတ်ထားလို့ ပျောက်သွားသူများက အတိုင်းအတာတစ်ခုအထိ ထပ်ရောဂါမပြန့်နိုင်တော့ပါ။ ယခုစက်ရုံတွေ ပိတ်တာ၊ အလုပ်ရုံတွေပိတ်တာ မပိတ်တာကတော့ တိုင်းနဲ့ ဗဟိုအစိုးရက ပေါင်းလုပ်ရတာပါ။ ဘာလို့လဲဆိုတော့ စီးပွါးရေးကို မထိအောင်နဲ့ ပိတ်ထားချိန်မှာ အလုပ်သမားတွေကို လစာပေးဖို့ပိုက်ဆံက ဗဟိုကလာရလို့ပါ။


အကျဉ်းချုပ်ပြောရရင် မနေ့ညက DASSK ကိုယ်တိုင် တိုင်းပြည်ကို မိန့်ခွန်းပြောပြီး ဘာကြောင့် ဘာလုပ်ရလဲဆိုတာ ပြည်သူကိုရှင်းပြပြီး လုပ်နေပါတယ်။ အဘတွေလုပ်သလို အရမ်းလုပ်လို့မရပါ။ ဒီရောဂါဟာ ချမ်းသာတဲ့ တိုင်းပြည်ကြီးတွေကိုတောင် ဒုက္ခပေးနေတုန်းပါ။ စာရေးသူကတော့ DASSK ဦးဆောင်တဲ့ ဗဟိုအစိုးရ၊ ကျန်းမာရေးဝန်ကြီးနဲ့ ကွီးဖြိုးဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရတို့ပူးပေါင်းပြီးလုပ်ဆောင်နေကြလို့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အချို့ကိစ္စတွေမှာက ရန်သူကဝိုင်းထားချိန်မှာ ခံပစ်လေး ပစ်ထားရတာပေါ့။ ရန်ကုန်က ပြည်သူအားလုံးက အိမ်ထဲမှာနေပြီး ကိုဗစ်မထိအောင် ရှောင်ကြပါ။ အပြင်ထွက်ရင် ကိုဗစ်အပစ်ခံထိပါမယ်။ ကိုဗစ်မှာ မျက်စိမရှိပါ။စက်တင်ဘာလကုန်ရင် စာရေးသူတို့ ဒီတိုက်ပွဲ နိုင် မနိုင်သိမှာပါ။ စာရေးသူကတာ့ DASSK ရဲ့ဦးဆောင်မှုအောက်မှာ နိုင်မယ်လို့ ထင်ပါတယ်။ ရန်ကုန်ဟာ အားလုံးအတွက် မရှိမဖြစ်ပါ။

633 views1 comment
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page