top of page
Search

အားလုံးသတိထားဖို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 14, 2022
  • 1 min read



မအလက သွေးခွဲရာမှာ

NUG နဲ့ အခြားအဖွဲ့, NUG, CRPH, PDF

NLD နဲ့ အခြားအဖွဲ့

NLD နဲ့ တိုင်းရင်းသား

ဗမာနဲ့ တိုင်းရင်းသား

တိုင်းရင်းသားအချင်းချင်း

ဘာသာအချင်းချင်း

ဗုဒ္ဓဘာသာတူရင် ဘာဂိုဏ်း ညာဂိုဏ်း

ဒါတွေကိုသတိထားပါ။

ယခုဖြစ်နေတာက မအလဟာ လူမျိုးဘာသာ မခွဲခြားဘဲ နှိပ်စက်နေတယ်ဆိုတာ ခေါင်းရှိသူတိုင်း သိနိုင်မယ်လို့ ထင်ပါတယ်။

မင်းက ငါတို့ဒါတွေကိုသိတာပေါ့လို့ဆိုရင်

ယခုတလော NLD ကို အပုတ်ချတာတွေ ပိုများလာမယ်

NUG နဲ့ PDF ကြား ပိုပြဿနာဖြစ်လာမယ်

KIA နဲ့ ရှမ်းနီအကြား ပိုပြဿနာဖြစ်လာမယ်

ရခိုင်အချင်းချင်း ပိုပြဿနာကြီးလာမယ်

မိုင်းဖုန်းကိစ္စပြဿနာမျိုး ဘာမှအကျိုးမရှိဘဲ လိုင်းပေါ်မှာ ရန်ဖြစ်မယ်

ဒါတွေဟာ အလကားတက်လာတာမဟုတ်ဘူးဆိုတာ ယုံပါ။

NUG ကို ဝေဖန်တာ အိုကေတယ်

NLD ကို ဝေဖန်တာ အိုကေတယ်

ဒါပေမယ့် တော်လှန်ရေးအောင်မြင်လိုရင် အနောက်မျှော်တာ လျှော့ရမယ်

အမေရိကန်က လက်နက်မကူရင် ကူနိုင်တဲ့လူထံကပ်ရပါမယ်

NUCC အသက်ဝင်လဲ အမေရိကန်က မကူပါ

ဘိုင်ဒင်ရဲ့ မူဝါဒကြောင့်ပါ

ဘိုင်ဒင်ဟာ အိုဘားမားကို အာဖဂန်ကထွက်ခိုင်းခဲ့တယ်ဆိုတာ အိုဘားမားစာအုပ်ထဲမှာ ပါပါတယ်။

အားလုံးအနောက်မျှော်များက ဝိုင်းလော်ပြီး အမေရိကန်မကူရင် NUG/NLD ကို အပြစ်ပုံချတာကကလေးကွက်ပါ။

သတင်းသမားက သူ့အလုပ် သူလုပ်မယ်

လက်နက်ကိုင်သူက လက်နက်ကိုင်အလုပ်လုပ်

နိုင်ငံရေးသမားက နိုင်ငံရေးလုပ်

လက်နက်ကိုင်သူက နိုင်ငံရေးသမားလို အင်တာဗျူးပေးနေရင်

လက်နက်ကိုင်သူက မအလလို နိုင်ငံရေးသမားကို ဖောင်းထုဖို့ကြိုးစားရင်

ဘာအတွက် လက်နက်ကိုင်ကိုင် မအလပုံတူပါဘဲ

စာရေးသူတို့တိုင်းပြည်မှာ လက်နက်ကိုင်တွေက အရပ်သားရွေးကောက်ခံအစိုးရရဲ့ အမိန့်ကို နာခံတဲ့တိုင်းပြည်ထူထောင်နိုင်မှ ဖက်ဆစ်စစ်တပ် ပြန်မရမှာပါ။

တော်လှန်ရေးအောင်မှာလား ဘာကဆုံးဖြတ်မလဲဆိုတော့ စာရေးသူတို့ ဆီးရီးယားအတိုက်အခံလိုအနောက်မမျှော်ဘဲ မိမိထံမှာရှိတဲ့ ငွေကြေးနဲ့ မိမိထိန်းချုပ်ရာနယ်မြေမှာ အဖွဲ့မကွဲ ရန်သူကိုတော်လှန်ရေးလို တိုက်နိုင်ရင် နိုင်ပါမယ်။ အနောက်ကအဖွဲ့တွေက အပြောတမျိုး အလုပ်တမျိုးဆိုတာNGO တွေရဲ့ မအလထံရေးတဲ့စာက သူတို့ရဲ့သဘောထားကို ပြနေပါတယ်။

NUG ကျဆုံးနိုင်တာက ပြည်ပက ထောက်ပံ့သူများက ပြည်တွင်းက လက်နက်ကိုင်အဖွဲ့မှန်သမျှ ငွေပေးထောက်ပံ့လို့ စစ်ဘုရင်လေးတွေပေါ်လာရင်၊ အနောက်ကိုသိပ်မျှော်ပြီး လူ့အခွင့်အရေးနဲ့အညီ အမေရိကန်စစ်တပ်လိုလက်နက်မရှိဘဲ NUG က စစ်တိုက်ဖို့ကြိုးစားရင်တော့ ကျဆုံးပါမယ်။ ဆီးရီးယားမှာNUCC လို Syrian National Council ဆိုပြီး အဖွဲ့ရှိခဲ့ပြီး သူက NUG လို ရွေးကောက်ခံအစိုးရမဟုတ်ခဲ့ပါ။ ဆီးရီးယားတော်လှန်ရေးဟာ NUG လို အစိုးရမရှိလို့ အဖွဲ့များစွာကွဲပြီး ကျဆုံးခဲ့တယ်ဆိုတာကို မမေ့ပါနဲ့။ ပြည်တွင်း ပြည်ပက မောင်နှမများအားလုံး သမိုင်းကိုဖတ်ပါ။ လေ့လာပါ။ ပြီးရင် ဆီးရီးယားလိုမဖြစ်အောင် NUG လက်အောက်ခံ အမိန့်နာခံတဲ့ PDF ကို ထောက်ပံ့ပါ။ လှူပါ။ ပြည်ပအားကိုယူပါ။ဒါပေမယ့် အားမကိုးပါနဲ့။ ဒါပါဘဲ။ ပြည်သူကထောက်ခံရင် ဒီတော်လှန်ရေးက နိုင်ကိုနိုင်မှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page