top of page
Search
  • Writer's pictureMyat Tun Oo

အားလုံးသတိ


NLD ကိုလော်ပေးတယ် ကိုယ့်တပ်ကို မလော်ဘူးပြောမှာစိုးလို့။

ယခုဆို ဒို့အဘက ဘယ်လောက်အလုပ်လုပ်နေလဲ။

မန္တလေးမှာ ဘုန်းကြီးတွေကို တရားစွဲဖို့ အမိန့်ပေးရတယ်။ ဘာသာခြားကိုတော့ ထရမ့်ကြီးက အော်လိုက်တာနဲ့ အမှုရုတ်သိမ်းပေးတယ်။ မိမိနဲ့ ဘာသာတူကိုတော့ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တဲ့စိတ်အပြည့်နဲ့ တရားရုံးက အမှုပိတ်တာတောင် အခြားအမှုနဲ့ ထပ်စွဲတာ။ ဒါကလဲ အဘရဲ့ မိမိဘာသာအပေါ် ထားတဲ့ စေတနာ။

အဘက ကားစက်ရုံတွေ၊ စိုက်ပျိုးမွေးမြူရေးတွေ၊ ဝက်ခြံ၊ ကြက်ခြံတွေ လိုက်စစ်ရတာလဲ မမောနိုင် မပန်းနိုင်။ အဘကြောင်လို့ စာရေးသူအမျိုးသမီးတောင် တပ်ထဲမနေဘူး။ တပ်ထဲမှာ သူ့အဆင့်နဲ့ကောက်မစိုက်ရပေမယ့် အခမသင့်ရင် မွေးမြူရေး ဝင်လုပ်နေရမှာ။ အဘက စီးပွါးရေး၊ စိုက်ပျိုးရေး၊မွေးမြူရေး နေရာတကာ အကုန်ပါတယ်။

ယခုလဲ မအားတဲ့ကြားက ကိုဗစ်ထနေတဲ့ကြားက ဘုရားကြီးကို ဇွတ်တည်နေပြန်ပါပြီ။

အဘက မဟုတ်တဲ့နေရာတွေ အကုန်သွားပေမယ့် မြောက်ဦးမသွားသေးတာက ထူးဆန်းနေပါတယ်။တကယ်ဆိုရင် စစ်ဖြစ်နေတဲ့နေရာက စစ်သည်တွေကို အဘကာချုပ်ကိုယ်တိုင် အားပေးစကားပြောရင်ပိုကောင်းမှာပါ။

တကယ်တော့ အဘဟာ မိမိအလုပ်ကလွဲပြီး ကျန်တာအကုန်လုပ်နေပုံပါ။ အားလုံးသတိရှိကြပါ။

959 views0 comments

Comments


bottom of page