top of page
Search

အားလုံးရဲ့ ဘုံရန်သူ မအလ

Writer: Myat Tun Oo
Myat Tun Oo
Mar 8, 2021
1 min read

ယနေ့ဆန္ဒပြပွဲတွေမှာ မြစ်ကြီးနားမှသည် ထားဝယ်အထိ၊ ဂွမှသည် လားရှိုးအထိ ပြည်သူပေါင်းစုံကဆန္ဒပြတာကို တွေ့ရပါတယ်။ အကြမ်းဖက်လိုသူ မအလကတော့ အကြမ်းဖက်ခိုင်းခဲ့ပါတယ်။ မသွဲ့သွဲ့ခိုင်မှသည် ဝေယံထွန်း၊ Angel မှသည် ဦးခင်မောင်လတ် သေဆုံးမှုက ဘာကိုပြသလဲဆိုတော့ ငါတို့ဟာဘာလူမျိုး ဘာဘာသာဝင်ဖြစ်ဖြစ် ဆင်းရဲရဲ ချမ်းသာသာ ဘယ်မှာနေနေ မအလရဲ့ သတ်ဖြတ်မှုကို ခံပြီးချကြရမယ်ဆိုတာပါဘဲ။ မအလဟာ ပြည်သူကို နည်းမျိုးစုံ သွေးခွဲပြီး အာဏာယူဖို့ ကြိုးစားခဲ့တာပါ။ စာရေးသူက ယခင်အစိုးရလက်ထက်ကထဲက စစ်ပွဲမှာဖြစ်ဖြစ် သတင်းသမားဖမ်းဖမ်း မအလကလုပ်နေတယ်ဆိုတာကို ရေးပြီးသားပါ။ ယခုက အစိုးရကလဲသူ အကြမ်းဖက်တပ်ချုပ်ကလဲ သူဆိုတော့ပြည်သူတွေအားလုံးက ရှင်းသွားပြီ ထင်ပါတယ်။ သူဟာ လူမျိုးဘာသာမရွေး မည်သူ့ကိုမဆို သူ့အာဏာကို စိန်ခေါ်လာရင် လူမဆန်စွာ ပစ်သတ်တာကို အားလုံးတွေ့ကြမှာပါ။

ဒီနေ့ဘဏ်တွေမဖွင့်နိုင်ခဲ့လို့ ပြည်သူတွေရဲ့ အောင်ပွဲလို့ ပြောလို့ရပါတယ်။

မတ်လ ၂၇ ရက်နေ့အထိ ယခုလို အင်အားပြပြီး သပိတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲနေနိုင်ရင် မအလရဲ့မတ် ၂၇ ရက်နေ့ ဆန္ဒပြပွဲတွေ အပြီးချေမှုန်းရမယ်ဆိုတဲ့ အမိန့်ကို ဖီဆန်နိုင်လို့ ပထမအဆင့် အောင်ပွဲရမှာပါ။ သပိတ်တွေ ၂၇ ရက်ကျော်အထိ ဆက်ရှိနေရင် သူနဲ့ သူ့အောက်တပ်မှူးတွေ ပြဿနာ ပိုကြီးလာမှာပါ။

အရေးတော်ပုံ အောင်ရမည်။

Photo credit: Myanmar Now, RFA

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page