top of page
Search

အားလုံးမျက်နှာဖုံးကွာကျလာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 19, 2019
  • 1 min read

အားလုံးမျက်နှာဖုံးကွာကျလာခြင်း

NLD တက်လာချိန် တစ်ပူးက မမှန်သတင်းနဲ့ စဖွတယ်။ ဖြိုးဝေတို့က လုပ်ကြံသတင်းကို စရဖထံကတဆင့် နာရီကိစ္စဖွတယ်။ လူအချို့က NLD ကိုထောက်ခံသလိုနဲ့ ကွီးဖြိုးလောက်သာ ဝေဖန်တာဆိုပြီး ဖွပေးတယ်။ ယခု အဲ့ဒီတစ်ပူးက DASSK ကို နေပြည်တော်မြေကိစ္စ တိုက်ခိုက်ရေးလာပါပြီ။ မမှန်သတင်းပါ။ ဒါဟာသတင်းသမားရဲ့ ဘက်မလိုက်မူဝါဒတင်မဟုတ်ဘဲ မငြိုးထားတိုက်ခိုက်တာကိုပြတာပါ။ တစ်ပူးက တပ်လုပ်တာကိုဝေဖန်တာတွေ့ဖူးပါသလား?

နောက် ဒေါက်ခိုင်။ သူကလဲ ကွီးဖြိုးကို တက်လာချိန် ကထဲက စဝေဖန်ခဲ့သူပါ။ သူမရဲ့ ကွန်ဒိုကို ယခင်ဝကခ ဘမြင့်ဆွေရံ့ စနစ်ဟောင်းအောက်မှာ ဆောက်ခွင့်ရခဲ့ပြီး စည်းကမ်းနဲ့ ကွီးဖြိုးက စစ်မယ်ဆိုတော့ စဖောင်းထုသူပါ။ သူမရဲ့ဝေဖန်မှုဟာ သူမရဲ့အကျိုးစီးပွါးကိုအခြေခံခဲ့တာပါ။ သူမကိုထောက်ခံသူများရှိခဲ့ပါတယ်။ သူတို့က သူတို့ဟာ DASSK ကိုလဲ ထောက်ခံသလို NLD မှာ ပညာတတ်ရှိစေချင်တယ် ဘာညာဆိုပြီး ထောက်ခံလေ့ရှိခဲ့ပါတယ်။ အဓိကက ဘွဲ့တွေဘယ်လောက်ရနေပါစေ သူခိုးနဲ့ပေါင်းစားခဲ့သူများဟာ ကိုယ်ကျင့်သိက္ခာ ကောင်းလေ့မရှိပါ။ နောက်ပိုင်း သူမဟာ DASSK ကို စပြီးဝေဖန်ပါတယ်။ ယခုတော့ ပါတီထောင်တဲ့အထိပါ။ ထိုသူများသာ ဝန်ကြီးအဆင့်ထိခန့်ဖြစ်ခဲ့ရင် မတွေးဝံ့စရာပါ။ ဘွဲ့မက်သူ မြန်မာလူမျိုးအချို့အတွက် ဥပမာပြရရင် ဖွတ်မောင်မြင့်ကလဲ MA(Defence) ရပါတယ်လို့ပြောပါရစေ။ သူခိုးဟာ ဘာဘွဲ့ရရ တန်ဖိုးမရှိပါ။ သူခိုးစိတ်ရှိရင် သူခိုးနဲ့ပေါင်းစားလိုစိတ်ရှိရင်တိုင်းပြည်အတွက်မကောင်းပါ။

မင်္ဂလာဒုံမြေကွက်ကိစ္စ။ ဘစိန်လက်ထက် တပ်ကမင်္ဂလာဒုံမှာသိမ်းခဲ့တဲ့မြေတွေကို ပြန်စွန့်မယ်ဆိုပြီးအတွင်းသတင်းကို ခရိုနီတွေထံပို့ခဲ့ပါတယ်။ ခရိုနီတွေက ယခင်လယ်သမားတွေထံက အောက်စျေးနဲ့ဝယ်ထားခဲ့ပြီး ဘစိန်က တပ်ကမြေစွန့် ပြီးရင် လယ်သမားတွေကို ပြန်ပေးတဲ့ပုံစံနဲ့ ခရိုနီတွေက ဝယ်ထားလို့ အချောင်စျေးနဲ့ ယူဖို့ပါ။ ဒါပေမယ့် ဘစိန်က ဆင်းရတာမြန်သွားပြီး ခရိုနီတွေထံ လယ်သမားကိုပြန်အပ်သလိုနဲ့ အပ်ဖို့ကို မအပ်ဖြစ်ခဲ့ပါ။ ယခုအစိုးရသစ်တက်လာချိန်မှာ ယခင်လယ်သမားတွေထံက အချောင်စျေးနဲ့ ဝယ်ထားခဲ့တဲ့ ခရိုနီများဟာ ပိုက်ဘောမိနေခဲ့ပါတယ်။ ဒါကြောင့် NLD ကအရေးယူထားတဲ့ မင်္ဂလာဒုံလွှတ်တော်အမတ်အောင်လှိုင်ဝင်းကို ခေတ်သစ်ကဗျူးပြီး ခရိုနီတွေအတွက်အကွက်ဖော်ပေးတာပါ။ ဒါကိုလဲ ကွီးဖြိုးကတောင့်ခံခဲ့လို့ ယခုကတော့ ဖွတ်မောင်မြင့်က လွှတ်တော်မှာသူတို့ရဲ့ ခရိုနီများအတွက် အချင်းချင်းရိုင်းပင်းပြီး မေးခွန်းထုတ်ချိန်မှာ ဒီကိစ္စဟာ ဖွတ်နဲ့ခရိုနီတွေရဲ့ ဂွင်ဖန်ထားတဲ့ကိစ္စမှန်းထင်ရှားသွားခဲ့ပါပြီ။ သူကမေးလိုက်ချိန်မှာ ပြည်ထောင်စုအစိုးရက ပြန်ဖြေရလို့ကွီးဖြိုးလုပ်နေတာက ပြည်ထောင်စုက သိလား မသိလူးလားဆိုတဲ့ သမ္မတနဲ့ ကွီးဖြိုးကို ရန်တိုက်လေ့ရှိတဲ့ ခေတ်သစ်နဲ့ ဖွတ်ကျော်ဇေယျတို့ရဲ့ မေးခွန်းကိုလဲ ဖြေပြီးသား ဖြစ်သွားခဲ့ပါတယ်။

ဒါတင်လားဆိုတော့ ဒီနေ့သတင်းတွေအရ ကွီးဖြိုးကို အဓိကဝေဖန်ခဲ့တဲ့ ရန်ကုန်ကဖွတ်ကျော်ဇေယျကဦးဝှေ့တင်းကိစ္စ ကာလုံခေါ်ဖို့ပြောလိုက်ချိန်မှာ သူဟာဘယ်သူလဲဆိုတာ သိသာသွားခဲ့ပါပြီ။ ၂၀၂၀ နီးလာချိန်မှာ မျက်နှာဖုံးတွေကတော့ ကွာကျလာပါပြီ။ နောက်ဘယ်သူလာအုံးမလဲ ဆက်စောင့်ကြည့်ကြပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page