
အီလွန်မတ်စ်ပြောသော မြန်မာပြည်အကူအညီအကြောင်း
အမေရိကန်မှာ ထရမ့် ရွေးကောက်ပွဲနိုင်အပြီး သူဌေးကြီး Elon Musk နဲ့ Vivek Ramaswaymy (ရာမာဆွာမိ) ကို အသုံးဖြုန်း စီစစ်လျှော့်ချရေးဌာနရဲ့ ပူးတွဲခေါင်းဆောင်တွေအဖြစ် ခန့်ခဲ့ပါတယ်။ အဲဒီအချိန်မှာသူတို့ကမြန်မာပြည်ကိုပေးမယ့် ၄၅သန်းကို ပိတ်ပင်ဖို့ဆိုပြီး သတင်းတက်လာတဲ့အတွက်အချို့ က ထရမ့်ဟာ ဗမာပြည်ကိုပိတ်တော့မယ်ဘာညာဆိုပြီးဝမ်းနည်းကြတာတွေ့ရပါတယ်။
ဒီဌာနပေါ်လာတာကိုပြန်ပြီးလေ့လာကြည့်ရအောင်။ အမေရိကန်နဲ့အနောက်အုပ်စုတွေမှာ အလုပ်သမားအခွင့်အရေးတွေ လက်ဝဲဝါဒထွန်းကားခဲ့ပြီး တအားအားကောင်းလာကြပါတယ်။ ကိုဗစ်အလွန်မှာ တစ်ပတ်ကိုလေးရက်ပဲ အလုပ်လုပ်တာတွေဘာတွေအထိ ဖြစ်လာကြပါတယ်။ အထူးသဖြင့်အစိုးရလခစား အလုပ်သမားတွေက အလုပ်နည်းနည်းလုပ်ပြီးပိုက်ဆံများများယူတယ်လို့ လူတိုင်းကထင်လာကြပါတယ်။ အိမ်မှာနေပြီးအလုပ်လုပ်တယ်ပြောပေမယ့် အလုပ်မလုပ်ဘူးဆိုတဲ့ အထောက်အထားတွေလည်း တွေ့လာကြပါတယ်။
ဒီနေရာမှာ ဒီကိစ္စမတိုင်ခင်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်လေးတွေက စာရေးသူတို့အနေနဲ့ မှတ်သားသင့်ပါတယ်။ အမေရိကန်ဟာဒီမိုကရေစီကျတဲ့အစိုးရကြီးတစ်ခုပါ။ စာရင်းစစ်ချုပ်တွေ ဘာတွေလဲရှိပါတယ်။ လွှတ်တော်လဲ ရှိပါတယ်။ အားလုံးကအားကျရတဲ့ နိုင်ငံကြီးပေါ့။ ဒါပေမယ့် အမေရိကန်ကာကွယ်ရေးဌာနရဲ့ ၂၀၂၄ ဘတ်ဂျက် ၈၃၀ ဘီလီယံက စာရင်းစစ်ချုပ်က စာရင်းစစ်ရာမှာ စာရင်းတွေပျောက်နေခဲ့ပါတယ်။ အချို့လက်နက်အစိတ်အပိုင်းတွေကလည်း စျေးတွေမတရားတင်ထားတာတွေ့ရပါတယ်။ ဟုတ်ကဲ့။ ဒါက တရုတ်ပြည်မှာဖြစ်နေတာမဟုတ် ဗီယက်နမ်မှာဖြစ်နေတာမဟုတ် မြန်မာပြည်က NUG အောက်မှာ ဖြစ်နေတာမဟုတ်ဘဲ အမေရိကန်အစိုးရရဲ့ တရားဝင် ကာကွယ်ရေးဝန်ကြီးဌာနမှာပါ။ ဒီကိစ္စကိုအင်တာဗျူးမှာမေးတဲ့အခါမှာ ဘိုင်ဒင်ခန့်ထားတဲ့ ကာကွယ်ရေးဒုဝန်ကြီးက ရယ်ရယ်မောမော ပြန်ပြောပါတယ်။ သတင်းထောက်ကဒီလောက်ငွေကွာနေတာဟာ ရယ်မောစရာမဟုတ်ပါဘူးဆိုပြီးတော့ ပြောပါတယ်။ ဘာ်သူမှ မနုတ်ထွက်ပါ။ ထို့အတူ အာဖဂန်က တပ်ဆုတ်ရာမှာ လူများစွာသေပြီး ဆုတ်ခွာမှုညံ့ဖျင်းတာကိုလဲ ဘိုင်ဒင်ကအရေးမယူခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာနကလဲ အရေးမယူခဲ့ပါ။ ဒီလိုတာဝန်ခံမှုမရှိတဲ့အဖြစ်တွေဟာ အမေရိကန်က အစိုးရဝန်ကြီးဌာနတွေမှာဖြစ်နေလို့ သူတို့ဌာနပေါ်လာတာပါ။
ဒီနေရာမှာ အီလွန်မာတ်စ် ဖြတ်တောက်မယ့်ငွေက မြန်မာပြည်သူစစ်ဘေးရှောင်တွေအတွက်မဟုတ် မြန်မာပြည်ရဲ့ NUG အစိုးရအတွက်မဟုတ် မြန်မာပြည်ရဲ့PDF တွေအတွက် လက်နက်ဝယ်ဖို့ ပေးမယ့်ငွေမဟုတ်ပါ။ အဆိုပါ ဖြတ်တောက်မယ့်ငွေက အင်္ဂလိပ်လို DEI diversity equity and inclusion လို့ခေါ်တဲ့ လူမျိုးမခွဲခြားရေး သာတူညီမျှရေး တန်းတူဖြစ်ရေးဆိုတဲ့ဘာသာရပ် လေ့လာဖို့အတွက် ဘွဲ့လွန်သင်တန်းတွေအတွက်သတ်မှတ်ထားတဲ့ ဒေါ်လာငွေ ၄၅သန်းပါ။ ဒီငွေတွေကို ဘယ်သူရမလဲ။ NUG လည်းမရပါ။ NUG နဲ့ပတ်သက်သူလည်းမရပါ။။ သာမန်ပြည်သူတွေလည်းမရပါ။ ဘယ်သူရနိုင်လဲဆိုတော့ NUGကိုဖေါင်းထုတဲ့ တတိယအင်အားစုနဲ့ နိုင်ငံခြားမှာပေါက်ရောက်တဲ့ရိုလော်ဘီအဖွဲ့အစည်းတွေရနိုင်ပါတယ်။ အမေရိကန်က LA မြို့မှာ DEI အပေါ်မူတည်ပြီး အရည်အချင်းမရှိဘဲ အမျိုးသမီးမိုလို့ အမဲမိုလို့ LGBTQဆိုပြီး မီးသတ်ဌာနမှာ အလုပ်ခန့်ခဲ့လို့ LA မီးလောင်ရာမှာ မီးမသတ်နိုင်ဘဲ ပြဿနာတက်နေပါပြီ။
ထရမ့်လက်ထက် ဘာမှအကူအညီမပေးရင်လည်းပြဿနာမရှိပါဘူး။ စာရေးသူတို့က အမေရိကန်ကအကူအညီမရဘူး ကိုယ့်အားကိုယ်ကိုးရမယ်ဆိုပြီးပြည်သူကကိုယ့်ဟာကိုယ် မိမိဖာသာ အာရုံစိုက်ဖို့တွန်းအားပေးသလိုဖြစ်သွားမှာပါ။ ယခုဖြစ်နေတာက အကူအညီရသလိုလို မရသလိုလိုနဲ့ မမဆောင်းဖြစ်နေတာပါ။ အမေရိကန်ရဲ့အကူအညီပေးတာက UNAIDS ကနေသွားပြီး အများစုက ကုလကနေသွားပါတယ်။ ပြည်တွင်းက စစ်ဘေးရှောင်ကိုကူညီမှုကတော့ ဘင်္ဂလားဒေရှ့်မှာရှိတဲ့စစ်ဘေးရှောင်ကူညီမှုနဲ့စာရင် အပုံတစ်ရာပုံ တစ်ပုံလောက်သာပါ။
ဒါပေမယ့် သူကပေးသလိုလို မပေးသလိုလိုလုပ်လို့ သတင်းသမားနဲ့တတိယအင်အားစုက NUG က ရသလိုလို ဘာလိုလိုနဲ့ သွေးခွဲရတာပိုလွယ်ပါတယ်။ ထရမ့်တက်လာပြီး မပေးဘူးဆိုရင်လဲ ဘာမှပြဿနာမရှိပါ။ နောက်ပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ထိုင်းကို သွားခဲ့စဉ်က တွေ့ခဲ့သူများက NUG အဖွဲ့ဝင်တွေမဟုတ်ဘဲ NGO အဖွဲ့များနဲ့အမည်မဖော်ပြလိုတဲ့အဖွဲ့များနဲ့တိတ်တိတ်လေးတွေ့သွားတာပါ။
အချို့ကိစ္စတွေက အီလွန်မာစ်နဲ့ ရာမာဆွာမိကိုရှင်းပြရင် ရနိုင်ပါတယ်။ Elon Musk က အစ္စရေးကိကိစ္စမှာ အမြင်မှန်သွားပါတယ်။
ယခုရေးတာကို အချို့လက်ဝဲယိမ်းသူတွေက မကြိုက်နိုင်ပါ။ ယခုလိုရေးပြရတာက အမေရိကန်မှာဖြစ်နေတာတွေကို ပြည်သူတွေအနေနဲ့ မြန်မာပြည်အတွက် နှိုင်းယှဉ်ပြီး သိနိုင်အောင် ဗဟုသုတအနေနဲ့ပါ။
Comments