top of page
Search

အားလုံးတရားမျှတမှုရအောင်(Justice for All) (Unicode version)

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 6, 2019
  • 1 min read


စစချင်းပြောလိုတာကVictoria ကိစ္စကိုဝမ်းနည်းပါတယ်။ဒီကိစ္စကိုရဲတပ်ဖွဲ့ရဲ့ရ၅% ထိပ်ပိုင်းနေရာယူထားတဲ့မိုးကျရဲကမရှင်းဘဲရဲစစ်စစ်ရှင်းခိုင်းကထဲကသံသယရှိပါတယ်။ဇတ်ရှိန်မြှင့်လိုက်ပုံပါ။ရန်ကုန်မှာလစ်ဘရယ်သမားတွေဟာငြိမ်းချမ်းရေးလိုလို၊တပ်ဆန့်ကျင်ရေး၊အစိုးရဆန့်ကျင်ရေးလုပ်ရင်လူအုပ်ရလေ့မရှိပါ။ထို့အတူပါဘဲဖွတ်တွေကမီတာခဦးဆောင်ဆန္ဒပြရင်လူအများကြီးထွက်လာလေ့မရှိပါ။မီတာခတက်လို့ထွက်ချင်သူတောင်အမေဝိုင်းကိုမြင်ပြီးဆန္ဒမပြတော့ပါ။

ယခုVictoria ကိစ္စမှာကျောင်းကလူဘယ်လောက်များများကိုလာဘ်ထိုးနိုင်မလဲ? စဉ်းစားကြပါ။နောက်တပ်ထောက်ခံတဲ့အုပ်စုတွေကလဲJustice for Victoria ဖြစ်လာပါတယ်။တိုက်ဆိုင်တာပါ။ဘီဘီစီနဲ့အင်တာဗျူးမှာNGO မိန်းမကပြည်ထဲရေးကုမပြောဘဲအစိုးရကိုသာဖောင်းထုကထဲကမှားနေတယ်လိုါထင်ပါတယ်။

ဒီလိုVictoria ကိစ္စဖြစ်ခဲ့ရင်တောင်ဒါဟာခြေဥကြောင့်ပါ။ဒီနေ့တွေ့တဲ့လူအုပ်မှာVictoria justice အတွက်ကာချုပ်ထွက်ပေးပါလို့အော်ရင်တော့်ဒါဟာအဘလုပ်တာမဟုတ်လို့ယုံပါ့မယ်။ဒါမှမဟုတ်Victoria Justice အတွက်ခြေဥပြင်ရေးထောက်ခံတယ်ဆိုရင်တော့ယုံပါ့မယ်။အချို့ကိစ္စတွေမှာတရားမျှတမှုကိုမိမိလိုချင်တာလေးကိုကွက်ပြီးတရားမျှတချင်လို့မရပါ။စနစ်ကြောင့်ဖြစ်နေတာပါ။စနစ်ကိုပြင်ဖို့အဲ့ဒီစနစ်ရဲ့အခြေခံခြေဥပြင်ဖို့ဆန္ဒပြရမှာပါ။

Justice for Victoria လို့အော်ပြီးခြေဥပြင်ဖို့မအော်ခဲ့ရင်ရခိုင်မှာတရားမျှတမှု၊ကချင်မှာတရားမျှတမှု၊ရှမ်းမှာတရားမျှတမှုအတွက်၊ဦးကိုနီအတွက်တရားမျှတမှု၊ကလေးစစ်သားအတွက်တရားမျှတမှုကိုထားခဲ့သလိုဖြစ်နေပါ့မယ်။မြန်မာပြည်မှာတရားမျှတမှုမရှိတာဟာVictoria ကိစ္စမှမဟုတ်ပါ။၁၉၆၂ထဲကပါ။

ဆန္ဒပြသူတွေအနေနဲ့အော်ရမှာကJustice for All အားလုံးအတွက်တရားမျှတမှုရှိရေးခြေဥပြင်ရေးပါ။ခြေဥပြင်လို့ပြည်ထဲရေးသာအစိုးရအောက်မှာရှိခဲ့ရင်ပြည်ထဲရေးဝန်ကြီးသာအရပ်သားဖြစ်ခဲ့ရင်အောင်ဝင်းခိုင်လဲလွတ်မှာမဟုတ်ဝီရသူလဲလွတ်မှာမဟုတ်သလိုရခိုင်မှာလဲအရပ်သားတွေမသေပါ။

ဒါကြောင့်လူအုပ်ကြီးအနေနဲ့သတ္တိရှိရင်အားလုံးတရားမျှတမှုရဖို့Justice for All အတွက်ခြေဥပြင်ဖို့တောင်းဆိုပါလို့ပြောကြားလိုပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page