top of page
Search

အားလုံးချစ်တယ့် ၈၂

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 16, 2019
  • 1 min read

အားလုံးချစ်တယ့် ၈၂

၁၉၈၂ နိုင်ငံသားဥပဒေကို ANP က ကိုအေးမောင်၊ တပ်ချုပ်ကြီး မအလနဲ့ ဘင်င်္ဂါလီရွှေမောင်းတို့က ကြိုက်ကြပါတယ်။ ၈၂ ဟာ နိုင်ငံသားကို လူမျိုးစုအပေါ်အခြေခံပြီး ဘယ်မှာမွေးမွေးပေးထားပါတယ်။ ဒါကြောင့် မုန်းကိုးဗမာတရုတ်ဟာ တိုင်းရင်းသားဆိုတယ့်အမိန့်ကို သိန်းစိန်ကထုတ်ပြီး အဲဒီလူတွေ ထောင်သောင်းခန့်ကို မြန်မာပြည်မှာအကုန်မမွေးဘဲ နိုင်ငံသား မိဘတစ်ယောက်က မမွေးဘဲ မြန်မာစကားမပြောဘဲနိုင်ငံသားပေးသွားပါတယ်။ အဲဒါဟာ အဲဒီဥပဒေရဲ့ မည်သို့ပင်ဆိုစေကာမူရဲ့ အားနည်းချက်ပါ။ ဒါကြောင့် ရွှေမောင်းတို့က ရိုဟင်ဂျာကိုလူမျိုးအနေနဲ့ ဆွဲတင်လာတာပါ။ ကမ္ဘာပေါ်ကနိုင်ငံသားဥပဒေတွေက လူမျိုးကိုအခြေမခံပါ။ လူမျိုးဘာသာကို အခြေခံတာက အစ္စရေးဘဲ ရှိပါတယ်။ ဒီမိုဘိုးအေ အင်္ဂလန်နဲ့ အမေရိကန်မှာ ကြိုက်တယ့်လူမျိုးနာမည်ဖြည့်လို့ရပါတယ်။ စကော့ရေးရေး ဌာနေလူရိုင်းရေးရေး မိဘနှစ်ပါး (သို့) တစ်ပါးက နိုင်ငံသားဖြစ်မှရပါတယ်။ စကော့လူမျိုးက သူ့မိဘတစ်ပါးက အင်္ဂလန်နိုင်ငံသားမဟုတ်ရင် နိုင်ငံသားမရပါ။ နိုင်ငံခြားသားဆို တရားဝင် ဝင်ရပါမယ်။ ဥပမာ ကျောင်းသားဗီဇာ တိုးဗီဇာနဲ့ ခိုးနေရင် ၁၀ နှစ်ဆိုမှ နေထိုင်ခွင့်ဘဲပေးပါတယ်။ ပြစ်မှုကင်းရပါတယ်။ အဲဒါကိုလျှောက်ရင် နိုင်ငံသားစာမေးပွဲ ဖြေရပါတယ်။ သူတို့သတ်မှတ်တယ့် ဘာသာစကားနဲ့ပါ။ တရားမဝင် ဝင်လာသူကိုတော့် ၂၀ နှစ်လဲ နိုင်ငံသားမပေးပါ။ အမေရိကန်မှာ မပေးလို့အိုဘားမားတောင် ဥပဒေမပြင်နိုင်ခဲ့ပါ။ မွေးတာနဲ့နိုင်ငံသားပေးတာ အမေရိကတိုက်မှာသာကျန်ပါတယ်။ ဒါပေမယ့် ရန်သူ့နိုင်ငံက မဟုတ်ရလို့ အမေရိကန်ဥပဒေ 14th Amendment မှာ ထည့်ထားပါတယ်။ အင်္ဂလန်နဲ့ ဥရောပက သူတို့ဆီမှာ မွေးရုံနဲ့ နိုင်ငံသားမပေးတော့်ပါ။ ဒါကြောင့် ဘင်္ဂလီကို ကမ္ဘာ့စံချိန်ဥပဒေနဲ့ နိုင်ငံသားစစ်ရင် သူတို့ကိုသူတို့ ဘာလူမျိုးပြောပြော မိဘတစ်ပါးက နိုင်ငံသားဆိုမှ နိုင်ငံသားပေးရပြီး ကျန်တယ့် ကမ္ဘာတလွှားကသူတွေကို ပေးစရာမလိုဘဲဖြစ်သွားမှာပါ။ သူတို့ဖာသာ ရိုဟင်ဂျာဆက်အော်လဲ ဘာမှမဖြစ်ပါ။ နိုင်ငံသားကိုတော့် ဘာသာအပေါ်မခွဲခြားဘဲ တန်းတူအခွင့်အရေး ပေးရပါတယ်။ ယခုဟာက မအလနဲ့ အေးမောင်က NLD အကျပ်ရအောင် ၈၂ ကိုကိုင်ပြီး ရွှေမောင်းတို့က ဟာကွက်နင်းဖို့ ကြိုးစားနေတာပါ။ လေ့လာနိုင်အောင် တင်ပြတာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page