top of page
Search

အားလုံးကန့်လိုက်တိုက်ရင် ဘာဖြစ်မလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 18, 2019
  • 1 min read

ree

အားလုံးကန့်လိုက်တိုက်ရင် ဘာဖြစ်မလဲ

မနက်က ပညာရေးမှာ သမ္မတက နိုင်ငံခြားငွေချေးပြီး ပညာရေးတိုးတက်အောင် ရင်းနှီးမြုပ်နှံဖို့လွှတ်တော်မှာမဲခွဲစဉ် မဲမပေးဘဲနေတာက မကောင်းကြောင်း ပြည်သူကိုစေတနာမွဲရာရောက်ကြောင်းရေးပြခဲ့ပြီးပါပြီ။ နိုင်ငံရေးအရ ပြည်သူချစ်အောင်မနေတတ်တာဖြစ်သလို မိမိတပ်ကိုမုန်းအောင်လုပ်ပြနေသလိုဖြစ်လို့ ဆင်ခြင်ဖို့ ပြောပြခဲ့ပါတယ်။

ပြောလို့မှတောင် နေ့မကူးသေးပါ။ ဒီနေ့ဓာတ်ခဲကဖမ်းသွားတဲ့ ဦးဝှေ့တင်ကို ပြန်လွှတ်ပေးဖို့နဲ့ ဓာတ်ခဲကိုပြစ်တင်ရှုတ်ချတဲ့အဆိုကို NLD အမတ်က အရေးကြီးအဆိုတင်ချိန်မှာတော့ ဒါကိုတော့ အားလုံးထောက်ခံလိမ့်မယ်လို့ ထင်ထားခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ဓာတ်ခဲက ဒေသခံ အမြင်မတူသူကိုသတ်၊ တပ်ကလူတွေ၊ ရဲတွေလဲဖမ်း ပြန်ပေးစွဲနဲ့ ပြီးခဲ့တဲ့အပတ်ကမှ တပ်ကတပ်ရင်းမှူးကို မိုင်းစွဲသတ်ခဲ့တာမိုလို့ ဒီလိုအဆိုကိုတော့ တပ်လွှတ်တော်အမတ်တွေ မဲမပေးဘဲနေမယ်လို့ မထင်ခဲ့တာ အမှန်ပါ။ANP က ကန့်ကွက်မဲပေးတာတော့ နားလည်ပေးလို့ရပါတယ်။

ယခုလို ပြည်သူနဲ့ကင်းကွာရုံမကဘဲ ပူပူနွေးနွေး တိုင်းပြည်အတွက်အသက်ပေးသွားတဲ့ တပ်ရင်းမှူးကိုပါ သစ္စာဖောက်လိုက်တာတော့ ရင်နာမိပါတယ်။

ဒီလုပ်ရပ်ဟာ တပ်မတော် သစ္စာလေးချက်ဖြစ်တဲ့

“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို

စောင့်သိရိုသေပါမည်

- ငါတို့သည် ကျဆုံးလေပြီးသောတပ်မတော်သားတို့၏ သစ္စာကို

စောင့်သိရိုသေပါမည်”

ဆိုတဲ့ သစ္စာနှစ်ချက်ကို ဖောက်ဖျက်လိုက်တာပါ။ နောက်သစ္စာနှစ်ချက်ဖြစ်တဲ့

-“ငါ့အားအထက်မှပေးအပ်သောအမိန့်နှင့်တာဝန်ကို ကျေပွန်စွာ

ထမ်းဆောင်ပါမည်

- ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန်

အဓိဌာန် ပြုပါ၏”

ဆိုတာတွေက ပြည်သူရဲ့ အမိန့်ကိုပြောတာပါ။ တပ်ချုပ်ဟာ ပြည်သူ့အမိန့်ကို ပြည်သူ့အစိုးရကတဆင့်တပ်က နားထောင်ရမှာပါ။ ဒီလိုသာဆက်မိုက်နေရင်တော့ ဗဒင်သီချင်းထဲကလို ဘုရားကျောင်းမရောက်ဘဲ ICC ရောက်သွားနိုင်ပါတယ်လို့ပြာပါရစေ။ ပြည်သူကိုစော်ကားရင် ပြည်သူက သင်တို့ရဲ့အဘကို ICC အရောက်ပို့ပါလိမ့်မယ်။ ဒီလိုလုပ်ရပ်တွေနဲ့တော့ ဓာတ်ခဲရော၊ အဘရော ၂၀၂၀ အိမ်မက်တွေ နီးလာပါပြီလို့သာ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page