top of page
Search

အ ရင်တော့ခံလိုက်ပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 6, 2020
  • 1 min read

စာရေးသူတို့က လော်ကြတယ်။ အချို့ကိစ္စတွေက အထက်က ဘာမှမလုပ်ဘဲ ပြီးသွားတယ်။ ဥပမာထောင်ဆူတာမျိုး။ V ကိစ္စ။ ယခုရွေးကောက်ပွဲဥပဒေထွက်လာတယ်။ တပ်မဲရုံတွေ အပြင်ထုတ်ရမယ်။ဒါက ဗဟိုကပေါ်လစီ။ ဥပဒေရှိပြီးသား။ ဒါပေမယ့် တိုင်း/ပြည်နယ်၊ ခရိုင်ရွေးကော်အချို့က မိုးကျတွေ။ ယခုဆိုရင် မန္တလေးတပ်တွင်းမှာ မဲရုံထားဖို့ ထပ်လုပ်နေပါသေးတယ်။သွေးတိုးစမ်းနေတာပါ။ NLD ကလူတွေ မသိတာလား? ဒီသတင်းအမှန်လား စုံစမ်းရာမှာ မှန်နေတယ်။ မကန့်ကွက်ရင် လုပ်သွားမှာ။

ထို့အတူဘဲ ရှမ်း၊ ရခိုင်၊ ကချင်မှာလဲ လုံခြုံရေးအကြောင်းပြပြီး တပ်တွင်းမဲရုံ လုပ်အုံးမယ်။

NLD ကိုပြောချင်တာက ပြည်မမှာတော့ တပ်တွင်းဖြစ်ဖြစ် အပြင်ဖြစ်ဖြစ်နိုင်မှာပါဘဲ။ ရခိုင်ကလဲ နိုင်စရာမရှိတော့ ပြဿနာမရှိနိုင်ပါ။ ဒါပေမယ့် မဲအနည်းငယ်က အနိုင်အရှုံး ဆုံးဖြတ်နိုင်တဲ့ မေမြို့၊ ရှမ်းပြည်၊ ကချင်ပြည်တွေမှာ စကားပြောသွားပါမယ်။

အောက်ခြေမှာ တပ်စခန်းနားနေတဲ့ NLD ပါတီကလူတွေက ရွေးကော်ကို ဘယ်မှာမဲရုံလဲမေးပါ။ ကန့်ကွက်ပါ။ အ ရင်တော့ ခံရပါမယ်လို့သာ ပြောပါရစေ။

သူခိုးဆိုတာ အမြဲခိုးဖို့ ချောင်းနေတာပါ။


News credit: News Watch

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 07, 2020

ဦးမြတ် ! ကျွန်တော်တို့ဟာ ကံ ကံ၏အကျိုးကို ယုံကြည်ကြသော ဘာသာဝင်များ ဖြစ်ကြသည့်အလျောက် ကံ အလွန်ကောင်းချင်ကြပါသည်။ ကံကိုသာ ဂရုစိုက် ကံကိုသာ ဦးတိုက်သူများမို့ ***ကံ သာ အမိ၊ကံ သာ အဖ** မြတ်နိုးခံယူ အကျင့်ဖြူဖြူ ကုသိုလ်တိုးပွား အကျိုးတရားများရရှိခံစားနိုင်အောင် ဘိုးဘေးမှ မြစ်ဖျားခံ အစပြု လူနေမှုဘဝကို ထူထောင်ခဲ့ကြပါသည်။

ဒါပေမယ့် #ကံဆိုး#မှာကိုတော့ သေမလောက်နီးပါး ကြောက်ကြပါသည်။

ကံဆိုးမ သွားလေရာ မိုးလိုက်၍

ရွာ။

ကံဆိုး မိုးမှောင်ကျ။

ဒီအဆုံးအမတွေနဲ့ ကြီးပြင်းလာရသူများမို့ အရိုးတိုင် စွဲ နေပါပြီ။

ကံဆိုးချိန်ကို မိုး အမှောင်ကျချိန်နဲ့ ထပ်တူပြု ရူပကအလင်္ကါအရ ဖော်ပြထားပါသည်။

အမှောင်မိုက်မှာ ခလုတ်တိုက်ရင် မြွေပွေးလည်း အကိုက်ခံရနိုင်သလို (မည်သို့ကောင်းအောင် နေစေကာမူ) အမြင်မသဲကွဲသမို့ ချောင်းမြောင်းရိုက်တာလဲ ခံ ရတဲ့ သာဓကာပေါင်းများစွာလည်း ရှိခဲ့တာကိုး။

ကံ မကောင်း ၊ အကြောင်း မလှ

သည်ဘဝမျိုးတော့ ရာနှုန်းပြည့် ငြင်းဆို မလိုချင်ကြပါ။ လတ်တလောမှာပဲ ဖားကန့်မှာ ၁၇၂ ယောက် ကံဆိုး၍ သူတို့နဲ့အတူ ကျန်ရစ်သူမိသားစုများဘဝပါ မိုးမှောင်ကျခဲ့ပါပြီ။

ကံ မကောင်းခဲ့ကြပါ။

အများစုက (ယောနိသော မနသိကာရနှင့် အညီ) အတိတ်ကပြုခဲ့သော ကံကိုသာ လက်ညိုးထိုး အပြစ်ဖို့ခဲ့ကြပါသည်။ ပစ္စုပ္ပန် ကံ ကို အကြောင်းတရားအနေနဲ့ ရှာဖွေဖို့ မေ့ နေခဲ့ကြပါသည်။

အတိတ်ကံက မပြည့်စုံတဲ့ ဘဝရောက်အောင် ပို့ဆောင်ပေးခဲ့ပါသည်။ မပြည့်စုံလျှင် ပြည့်စုံအောင် ဖန်တီးယူတာ မူလပဋိသန္ဓေတည်စဥ်တည်းက ပူးတွဲပါလာသော လောဘကြောင့်ပါ။ ပြည့်စုံဖို့ အခွင့်အလမ်းက လက်တကမ်းအကွာမှာ မရှိတာကြောင့် ရခိုင်ကတောင် လာလုပ်ကြရပါသည်။(သတင်းအရ ရခိုင်ပြည်နယ်မှ အများဆုံးဟု သိရှိရပါသည်။) မည်သူမဆို အိုးအိမ်မကွာ မိသားစူနဲ့ တစည်းတလုံး အိုးမကွာ အိမ်က…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page