top of page
Search

အိမ်ထောင်မှသည် ပြည်ထောင်စုဆီသို့ (From the marriage to the Union)

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 23, 2024
  • 2 min read



ကမ္ဘာဦးက စစ်ပွဲတွေမှာနိုင်ရင် သူ့မိန်းမသိမ်း သားသမီးသိမ်းရှိခဲ့ကြပါတယ်။ တိရစ္ဆာန်လောကမှာ ရှိနေဆဲပါ။ လူ့ယဉ်ကျေးမှုတိုးတက်လာတဲ့အခါ စာချုပ်နဲ့ လက်ထက်ပေါင်းသင်းလာခဲ့ကြပါတယ်။ အာရှမှာ မိဘပေးစားလို့ယူတာ၊ ပိုက်ဆံရှိလို့ ယူတာတွေရှိပေမယ့် အနောက်မှာတော့ အများစုက အသွင်တူမှ ပေါင်းသင်းကြတယ်လို့ ဖတ်ရပါတယ်။ လိင်ကိစ္စနဲ့တင် လက်မထပ်ကြပါ။

ဥပမာ မိန်းမက မိမိအရက်သောက်တာမကြိုက်၊ ဆေးလိပ်သောက်တာမကြိုက်ရင် လက်ထပ်အောင်

အရက်ဖြတ်၊ ဆေးလိပ်ဖြတ်ပြရတာမျိုးပေါ့။ ဒါပေမယ့် သူတို့ယဉ်ကျေးမှုမှာ ယောင်္ကျားက နှိပ်စက်ရင်၊ စိတ်သဘောထားချင်း မတူရင်၊ မိန်းမရှုတ်ရင်လဲ၊ ယောင်္ကျား ရှုတ်ရင်လဲ လမ်းခွဲ ကွဲလိုက်ကြပါတယ်။ ဆူးပေါ်ဖက်ကြဖက်ပေါက်တာတွေ ဘာညာမရှိပါ။ ဒါက မျိုးဆက်မတူရင် အမြင်မတူနိုင်ပါ။ ဒီနေရာမှာ သူတို့က မကောင်းတဲ့ယောင်္ကျား၊ မိန်းမ စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် အောင့်အင်းသီးခံပြီး ပေါင်းမနေပါ။ သူတို့က မိမိယောင်္ကျားဖောက်ရင် မိမိယောင်္ကျားကိုသာ အပြစ်တင်ပြီး အခြားမိန်းကလေးတွေကိုအပြစ်မတင်ပါ။ ထင်ရှားတဲ့ မိန်းမနဲ့ကွဲခဲ့သူတွေက လက်ရှိကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း Boris Johnson တို့ပါ။ သူတို့မိန်းမတွေက ကြားလူကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် မြန်မာမှာက ကြားကမိန်းကလေး ခံရသူကို အပြစ်တင်တာ (victim blaming) ရှိကြပါတယ်။

ထို့အတူပါဘဲ ရှေးယခင်က နိုင်ငံငယ်တွေကိုသိမ်း၊ မီးရှို့ပြီး မိမိအင်ပါယာကို ချဲ့ခဲ့ကြပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ လက်နက်နဲ့ နိုင်ငံတည်ထောင်တာက သိပ်ခေတ်မစားတော့ပါ။ ပထမဥပမာက အမေရိကန်ပြည်ထောင်စုပါ။ သူ့ရဲ့ ပြည်နယ် ၁၃ ခုက ၁၇၇၆ ဇူလိုင် ၄ ရက်မှာ လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ အစမှာ ၁၃ ပြည်နယ်သာ ပါခဲ့တာပါ။ NUG က စစ်ကြေညာခဲ့သလိုပေါ့။ ၁၇၈၇ ဒီဇင်ဘာမှာ သုံးပြည်နယ်နဲ့စပြီး ပြည်ထောင်စု ကြေညာပါတယ်။ အခြားပြည်နယ်တွေက နောက်ပိုင်းမှာ ပါလာခဲ့ကြရာက နောက်ဆုံးပြည်နယ် ဟာဝိုင်ယီက ၁၉၅၉ မှာပါလာခဲ့ပါတယ်။ ဒီကြားထဲမှာ ၁၈၆၁-၁၈၆၅ အထိ အချို့ပြည်နယ်တွေက ကျွန်ကိစ္စ အများသဘောတူတာ မလိုက်နာလို့ ပြည်တွင်းစစ်ဖြစ်လိုက်ပါသေးတယ်။ သူတို့က အမေရိကန် အခြေခံဥပဒေကို လိုက်နာမယ်လို့ ခံယူလက်မှတ်ထိုးမှသာ ၁၈၆၅ နောက်ပိုင်းပြည်နယ်တွေကို ပေးအဝင်ခံခဲ့တာပါ။ ဒါဟာ ပြည်နယ် ၅၀ ပါတဲ့ အမေရိကန် ပြည်ထောင်စုဖြစ်ဖို့ ဘယ်လောက်ကြာတယ်ဆိုတာကိုပြတာပါ။ ဒါတောင် ပေါတိုယီကို Puerto Rico က ပြည်နယ်အဆင့် အမေရိကန်မှာ မရသေးပါ။

ထို့အတူ ဥရောပသမဂ္ဂကလဲ ဝင်ခြင်တိုင်း ဝင်မရပါ။ ဥရောပသမဂ္ဂထဲကိုမဝင်ခင် စီးပွါးရေးပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ တပ်ပြောင်းလဲမှုတွေ၊ ဥပဒေပြောင်းလဲမှုတွေပြုလုပ်ပြီး သူ့စည်းကမ်းလိုက်နာမှ အဝင်ခံပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂထဲက ဂျာမနီက ဆီးရီးယားက ဒုက္ခသည်တွေကို အတိုင်းအဆမရှိ လက်ခံချိန်မှာ အင်္ဂလန်က ထိုဒုက္ခသည်တွေကို သူ့တိုင်းပြည်ထဲ အဝင်မခံလိုလို့ ဥရောပသမဂ္ဂကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ထိုကိစ္စ ဦးဆောင်ခဲ့သူ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ကို လက်ဝဲသမားနဲ့ မူစလင်နိုင်ငံများက လူမျိုးရေး၊ ဘာသာရေးခွဲခြားသူဆိုပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် သူ့မူဝါဒနောက်ကိုလိုက်ဖို့ နယ်သာလန်၊ ဟမ်ဂေရီတို့က လိုက်လုပ်နေပါတယ်။ အရှေ့ဥရောပနိုင်ငံတွေက ဥရောပ သမဂ္ဂထဲမှာ ဝင်လိုပေမယ့် ဒုက္ခသည်ကို လက်ခံဖို့ ငြင်းနေကြလို့ ဥရောပမှာ ပြဿနာတက်နေပါတယ်။ ထို့အတူ ထရမ့်ဟာလဲ သူတက်ချိန်မှာ မူစလင်နိုင်ငံတွေကို ဗီဇာပိတ်လို့ အပြောခံခဲ့ရပါတယ်။ ဒါက ပြည်ထောင်စုတွေဟာ အသွင်(value) တူရတယ်ဆိုတာကို ပြောပြတာပါ။

ဒါက ဘာကိုပြောချင်တာလဲဆိုတော့ တိုင်းရင်းသားတွေဟာ သူတို့တွေ ပြည်ထောင်စုထဲမှာ ဆက်ပါချင်လား မပါချင်လား သူတို့ဖာသာ ဆုံးဖြတ်ရမှာပါ။ သူတို့ပါတာကို ခွင့်ပြုမှာလားဆိုတာလဲ အရင်ဖွဲ့ထားတဲ့ ပြည်ထောင်စုက ဆုံးဖြတ်ရမှာပါ။ ပြည်ထောင်စုဖြိုခွဲသူ ဒို့ရန်သူ ဆိုတာတွေက ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။ အဖေနဲ့သားများလို သွားလုပ်လို့ ယခုခေတ်မှာ မရတော့ပါ။ ထို့အတူပါဘဲ အနာဂတ်နိုင်ငံတော်မှာ ပါလိုသူများကလဲ သူတို့ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့နေမှ ပြည်ထောင်ချင်း ပေါင်းစုလို့ရမှာပါ။ ဥပမာ ပြည်နယ်တစ်ခုက တစ်ပါတီအာဏာရှင်၊ အခြားပြည်နယ်တွေက ဒီမိုကရေစီဆိုရင် ပေါင်းရခက်မှာပါ။ ပြည်နယ်တစ်ခုက အစွန်းရောက်တယ်ဆိုရင် လူမျိုးရေးခွဲခြားတယ်ဆိုရင်(racist) ဆိုရင် ပေါင်းရခက်မှာပါ။

အကျဉ်းချုပ်ရရင် စာရေးသူတို့ဟာ အိမ်ထောင်ပြုသလို နှစ်ဦးသဘောတူ ပေါင်းစပ်တဲ့ ပြည်ထောင်စုတွေသာ လိုအပ်ပါတယ်။ မိမိနဲ့ မပေါင်းလိုသူကို အတင်းပေါင်းခိုင်းလို့မရပါ။ ထို့အတူ အိမ်ထောင်မကွဲအောင်လို ပြည်ထောင်စု မပြိုကွဲအောင်ဆိုပြီး အောက်ကျခံပြီး အလျှော့ပေးစရာလဲ မလိုပါ။ အသွင်တူ သဘောတူမှ နှစ်ဦးသဘောတူပေါင်းသင့်ပါတယ်။ ဘယ်သူ့ဘယ်သူ့ကိုမှ ပြည်ထောင်စုထဲမှာနေဖို့ တောင်းပန်နေစရာမလိုပါ။ မိမိတို့လုပ်ရပ်က ကောင်းနေရင် မိမိတိုင်းပြည် ချမ်းသာနေရင် ပေါင်းလိုသူတွေများမှာပါ။ မအလလိုကောင် အုပ်ချုပ်နေရင်လဲ ဘယ်သူကမှ အဖက်လုပ်မှာမဟုတ်ပါ။ ပြည်နယ်တစ်ခုက ပေါင်းလိုရင်လဲ အခြားပြည်နယ်တွေက အင်္ဂလန်လုပ်သလို သူ့ပြည်နယ်ထဲပါသူအပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါလို့ ပြောပါရစေ။ ဖြစ်သင့်တာက စာရေးသူတို့ NUG စစ်ကြေညာခဲ့တာက အမေရိကန် လွတ်လပ်ရေးကြေညာခဲ့သလိုဖြစ်ပြီး စာရေးသူတို့ ပြည်ထောင်စုကိုလဲ အမေရိကန် ပြည်ထောင်စုလို သဘောထားတူသူ တန်ဖိုးတူသူတွေနဲ့သာ စုဖွဲ့နိုင်ပါစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page