top of page
Search

အားမရသူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 11, 2020
  • 1 min read

NLD အစိုးရတက်လာအပြီးမှာ အားမရဘူးလို့ ဆိုသူများလဲရှိပါတယ်။ ပထမအုပ်စုက သာကူးလာသူများပါ။ မခိုင်တို့ ဒေါက်ခိုင်တို့ပေါ့။ သူတို့က နဂိုထဲက NLD မဟုတ်ဘဲ သာမယ် နေရာရမယ်ထင်လို့ကူးလာသူများပါ။ သူတို့က ယခုအချိန်မှာ မိမိအကျိုးမရှိလို့ NLD ကို ဆက်မထောက်ခံတော့ပါ။ ဒီအုပ်စုကိုတော့ ဘာမှမပြောလိုပါ။ ဒုတိယအုပ်စုက NLD နဲ့ လက်တွဲလုပ်လာတဲ့ တိုင်းရင်းသားပါတီအချို့က တပ်ကို NLD က ရင်ကြားစေ့လွန်းတယ်ထင်သူများပါ။ တတိယအုပ်စုက NLD ကိုထောက်ခံခဲ့တဲ့ ထောက်ခံနေဆဲ ဒါပေမယ့် အားမရဘူးဆိုသူများပါ။ ဒုတိယနဲ့ တတိယအုပ်စုကို အဓိကထား ပြောလိုတာပါ။


၂၀၂၁ နောက်ပိုင်းဟာ မြန်မာပြည်ရဲ့ အနာဂတ်အလှည့်အပြောင်းတွေကို ဖန်တီးမယ့်နှစ်များပါလို့ ပြောပါရစေ။ မင်းက ဘာအထောက်အထားရှိလဲ? ပထမက တပ်ချုပ်သက်တမ်းကုန်လို့ အသစ်ရွေးရပါမယ်။ သူကမဆင်းရင်လဲ ရင်ဆိုင်ပြီးရှင်းရမှာပါ။ ဒါက ပထမအချက်ပါ။ ဒုတိယက DASSK ဟာလဲနောက်သက်တမ်းအထိ ဆက်အလုပ်လုပ်ရင်တောင် နောက် ၅ နှစ် သက်တမ်းအကုန်မှာ ၈၀ ဖြစ်မှာပါ။ဒါကြောင့် ဇတ်မျောဆွဲထားလို့မရပါ။ တတိယက သူမက ရင်ကြားစေ့ရေးနဲ့ ဘာမှမလုပ်ဘဲ ထားချင်ရင်တောင် ICC က စကျပ်လာပါမယ်။


ကမ္ဘာ့နိုင်ငံတွေက စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးမယူရင် ဝိုင်းကျပ်မှာပါ။ ဒါမျိုးက ယခင်ကလို KNU ကို အကြမ်းဖက်သမားလို့ခေါ်ပြီး နောက်ပိုင်းမှာ ဗိုလ်မြကို ဖထီးခေါ်ပြီး ပြီးမသွားပါ။DASSK လဲ ဒါတွေကိုသိမှာပါ။


သူမရဲ့ ၂၀၂၁ အစိုးရအဖွဲ့မှာ ဘယ်သူပါမလဲသိချိန်ဆိုရင် အစိုးရရဲ့ သွားရာလမ်းကြောင်းကိုသိမှာပါ။၂၀၁၅ မှာက ရင်ကြားစေ့ရေးအတွက် မိုးကျအချို့ကို တမင်ရွေးခဲ့ပုံပါ။ မိုးကျတွေဟာ NLD ကခန့်တဲ့ဝန်ကြီးတွေထက် ပိုတော်တာမတွေ့ခဲ့ရပါ။ ဒါကြောင့် ၂၀၂၁ မှာတော့ NLD က နိုင်ငံရေးသမားတွေကိုသမ္မတရုံးနဲ့ အခြားနေရာတွေမှာ ဝန်ကြီး၊ ဒုဝန်ကြီး၊ အထူးအကြံပေးတွေခန့်ပြီး ပြောင်းလဲမှုကို အရှိန်မြှင့်မယ်လို့ ထင်ပါတယ်။


အားမရသူများအနေနဲ့က မဲစာရင်းစစ်ပြီး NLD ကို မဲပေးခြင်းဖြင့် နောက်ဆုံးအနေနဲ့ ဝိုင်းတွန်းပါလို့ပြောပါရစေ။ ပုံထဲကလို လမ်းပိတ်ရပ်ပြီး အားမရဘူးလို့တော့် မအော်ပါနဲ့။ သူမဟာ ပြည်သူ့အသံကိုနားထောင်နေပါတယ်။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Aug 12, 2020

အကြောင်းပေါ်လာ၍ ခုမှဆက်ပါမည်။ တစ်ခု>>၂ ခြမ်း >>၄ ခြမ်း>>၁၆ခြမ်း >>၃၂>>၆၄

>>>>•••••••••>> စွမ်းအင် ပိုပိုကြီး။ဒီစွမ်းအင်ကို လျှပ်စစ်ကဏ္ဍမှာ သုံးရင်တော့ ကောင်းတာပေါ့။

အဖျက် လက်နက်အတွက်တော့ ?

မြင်အောင်ပြရရင် ! ငှက်ခတ်မုဆိုး ပစ်လွတ်တဲ့ လောက်စာလုံး (ပစ်မှတ် ထိသည်ဖြစ်စေ ၊ မထိသည်ဖြစ်စေ ၊ ပစ်လွတ်ပြီး လောက်စာလုံးကို) တမ်းတမ်းတတ လိုက်ရှာရိုး မရှိ။ လွယ်ထားတဲ့ လွယ်အိတ်ပလိုင်းထဲမှာ နောက်ထပ် လောက်စာလုံးတွေက အပြည့်။ ပစ်မှတ်မှန်လို့ လောက်စာလုံး ကွဲကြေသွားလည်း တကူးတက လိုက်မရှာ။ လိုချင်တဲ့ အရာ ရပြီလေ။ ကွဲပြဲကြေပြီး နွားချေးပုံပေါ် ကျကျ ၊ ဗွက်ထဲ ရောက်ရောက် ။ အချိန်တန်တော့ မြေကြီးထဲက လောက်စာလုံး မြေကြီးထဲပဲ ပြန်ရောက်ရပါသည်။


အယူ ဖြောင့် ဖြူ နိုင်ကြပါစေရန်

Like

Myint Soe Oo
Myint Soe Oo
Aug 12, 2020

ဦးမြတ် ! သုတေသန မပါသော ပညာရေး အလိုမရှိ ၊ကြွေးကြော်ခဲ့တဲ့ သမဂ္ဂ ကလေးတွေ ! မင်းတို့သုတေသန ပြုရမယ့် အချိန်ရောက်နေပြီနော်။ မင်းတို့ ပြောနေတဲ့ နိုးဗုတ် ! ! ! အကျိုးယုတ်တာကို သုတေသနပြု၊ မင်းတို့ အားမရဘူး! ဒါလည်းမြင်အောင် သုတေသန (စာတွေ့ကို စဥ်းစားဉာဏ်နဲ့) လုပ်ကြည့်ပါဦး။

အားမရဘူး = no. gain net. force = F (net)=0. WHY. ? ? ?


F(to south) + F(to north)=F


F(net)=0. : same magnitude but opposite. direction

F = – F

အဲဒီတော့ ဒီအဖွဲ့အစည်း (system) မှာ အရွေ့ ဆိုတာ မရှိ။

အရွေ့ (displacement) မရှိရင် အလျင်(velocity)0၊ အရှိန်(acc)0

လားရာ ဆန့်ကျင် နေသမျှ ပေါင်းဖက်သော်လည်း ရလဒ်မှန်သမျှသည် အချည်းနှီး။

F(south) ဟာ ယခုထက် ပမာဏကြီးခဲ့ရင် F(north) ဆိုတာ F(south)ရဲ့ လားရာနောက် လိုက်ရတယ်ဆိုတာ သိပါတယ်နော်။

မင်းတို့ သုတေသန မပါသောပညာရေး အလိုမရှိ ဆိုတဲ့ အလျှင်(vel) ရဖို့ အရွေ့(displacement)ရှိခဲ့လို့ဆိုတာ နားလည်နိုင်မှာပါ။ အရွေ S မရှိခဲ့ရင် ? ကျေးဇူး မကန်းကြပါနဲ့။ကျေး မစွပ် မိပါစေနဲ့။

သတ္တုဒြှဗ်စင်တစ်ခုကို (အယ်လ်ဖါ ဘီတာ ဂါမာ) တခုခုနဲ့ တိုက်ရင် မူလဒြဗ် ပြောင်းသွားပြီး (chain reaction) အရ အစိတ်စိတ်အမွှာမွှာ ကွဲပြီး အချင်းချင်း တုံ့ပြန်မှုတွေဖြစ်ပြီး

ကွဲထွက်မှု စွမ်းအင်တွေ ပိုကြီးလာတာ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page