top of page
Search

အိုဘားမားစာအုပ်မှ မီဒီယာသင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 23, 2021
  • 1 min read

အိုဘားမား သမ္မတဖြစ်ချိန်မှာ သတင်းသမားတွေကို ကိုင်တွယ်ဖို့ သတင်းဌာနမှာ လုပ်ဖူးတဲ့ ဝါရင့်သတင်းသမားကို အိမ်ဖြူတော်ပြောရေးဆိုခွင့် ခန့်ခဲ့ပါတယ်။

အဆိုပါလူက အိုဘားမားရဲ့ သမီးတွေကို သတင်းသမားတွေက မလိုက်ဖို့ မရေးဖို့ သတင်းသမားတွေနဲ့သဘောတူခဲ့ပြီး အပြန်အလှန်အနေနဲ့ သတင်းသမားတွေကို အိုဘားမားဘယ်သွားသွား ပေးလိုက်ခဲ့ပါတယ်။

ဒါပေမယ့် အိုဘားမားက သူအပြင်သွားတိုင်း သတင်းသမားတွေက နောက်ကလိုက်နေလို့ မလွတ်မလပ်ဖြစ်လာခဲ့ပါတယ်။ ဒါနဲ့သူက သူ့သတင်းအရာရှိကို ငါက ငါ့မိန်းမနဲ့ date လုပ်ပြီး သမီးရည်းစားလို ညစာသွားစားရင်တောင် သူတို့က လိုက်မှာလား ငါ့မှာ ပုဂ္ဂလိက လွတ်လပ်မှု မရှိတော့ဘူးလားလို့ မေးရာမှာသူ့ရဲ့သတင်းအရာရှိက နင်က ပွင့်လင်းမြင်သာရမယ်ပြောထားလို့ စံပြအနေနဲ့ လုပ်ရမှာမိုလို့ သူတို့ကိုတားမရပါလို့ ပြောပါတယ်။ ဒါကြောင့် သမ္မတအိုဘားမားက သူသတင်းသမားတွေလိုက်တာ မကြိုက်ပေမယ့် နောက်ဆုံးမှာ သူ့ရဲ့ သတင်းအရာရှိပြောသလို သတင်းသမားတွေကို သူဘယ်သွားသွားလိုက်ခိုင်းလိုက်ရတယ်လို့ သူ့စာအုပ်ထဲမှာ ရေးထားပါတယ်။

သင်ခန်းစာကတော့ သတင်းသမားတွေကို နေရာပေးဖို့နဲ့ အစိုးရ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေဟာသတင်းသမားတွေနဲ့ ဆက်ဆံရေးကောင်းသူကို မိမိတို့ရဲ့ ပြောရေးဆိုခွင့်အတွက် သတင်းအရာရှိခန့်ပြီးကိုင်တွယ်ဖို့လိုနိုင်တယ်ဆိုတာကို အိုဘားမားစာအုပ်က မီးမောင်းထိုးပြသွားခဲ့ပါတယ်။

နောက်ပြီး အိုဘားမားဟာ သူတက်လာခါစမှာ စီးပွါးရေးကျနေတာကို ပြန်တက်အောင် အလုပ်လက်မဲ့နှုန်း လျှော့ကျအောင် အသေလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အပြင်မှာသူ့ကို ပုံဖော်နေတာကအသုံးအဖြုန်းကြီးတဲ့ အစိုးရဆိုပြီးပါ။ အမှန်က သူ့အရင်ဘုရှ်လက်ထက်မှာ စီးပွါးရေးကပ်ဆိုက်တာကိုသူက ကယ်တင်ဖို့ ပိုက်ဆံသုံးခဲ့ရတာပါ။ သူကဒါကိုသိချိန်မှာ ပြည်သူတွေကို မီဒီယာကနေ အမြန်ရှင်းပြခဲ့ရပါတယ်။ သူကရေးရာမှာ သူက သမ္မတအိမ်တော်ထဲမှာ အပြင်နဲ့ဝေးသွားလို့ အပြင်ကလူတွေ ဘာထင်နေလဲဆိုတာ မသိလိုက်တာပါလို့ ပြောပါတယ်။ ဒါပေမယ့် သူက ပြည်သူ့ထံကစာတွေကို ညတိုင်းတစ်နာရီလောက် အမြဲဖတ်တယ်လို့ဆိုပါတယ်။

ဒီဟာကတော့ မီဒီယာကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အိုဘားမားစာအုပ်ကပြောတဲ့ သင်ခန်းစာပါ။နောက်ပြီး သမ္မတတွေ ဝန်ကြီးချုပ်တွေအနေနဲ့လဲ ပြည်သူတွေက Facebook ပေါ်မှာ ရေးတာလေးတွေကို တစ်ရက်မှာ တစ်နာရီလောက် အချိန်ကုန်ခံဖတ်ရင် အဆင်ပြေပါမယ်လို့ အကြံပေးပါရစေ။ အကောင့်တုရေးတာ မဖတ်ချင်ရင်လဲ မိမိဖိုရမ်ထဲမှာ မှတ်ပုံတင်နဲ့ စာရင်းဝင်ထားပြီး အဆိုပါလူတွေဟာcomment ရေးနိုင်အောင် (ဝေဖန်နိုင်အောင်) လုပ်ပေးခြင်းဖြင့် ပြည်သူအသံ ကြားနေနိုင်မယ်လို့ ထင်ပါတယ်။


https://www.myattunoo.com/post/အ-ဘ-မ-စ-အ-ပ-မ-မ-ဒ-ယ-သင-ခန-စ

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Dr aks
Dr aks
Jan 23, 2021

💯👍ကျွန်တော့်တော့အဲ့လိုတင်လိုက်တယ်ဆရာရေ💯👍


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page