top of page
Search

အာဖဂန်တပ်နှင့်တူသော မအလတပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 27, 2021
  • 1 min read

အာဖဂန်တပ်မတော်ဟာ အမေရိကန်က တိုက်ရိုက်သင်တန်းပေးတာပါ။ တစ်နှစ်ကို ဒေါ်လာ ၁၂ ဘီလီယံနီးပါးသုံးပြီး စစ်သည်အင်အား တစ်သိန်းရှစ်သောင်းကျော်ကနေ သုံးသိန်းခန့်ရှိတယ်လို့ စာရွက်ပေါ်မှာ ရေးထားပါတယ်။ စစ်တိုက်နိုင်တဲ့ ခြေလျှင်တပ်ရင်းကတင် တစ်သိန်းရှစ်သောင်းပါ။ နောက် သူ့ရဲ့လေတပ်မှာ ခေတ်မှီတိုက်လေယဉ်နဲ့ ရဟတ်ယဉ် ၁၆၇ စင်းရှိပါတယ်။ ဒါက တကယ့်ကို တိုက်လို့ရတာတွေပါ။ အစုတ်တွေမပါပါ။ တာလီဘန်ရဲ့ အင်အားက ခြောက်သောင်းကနေ ရှစ်သောင်းအများဆုံးလို့ခန့်မှန်းပါတယ်။ တာလီဘန်ရဲ့ တစ်နှစ်ဝင်ငွေဟာ သန်း ၅၀၀ ကနေ ၁.၅ ဘီလီယံလို့ ခန့်မှန်းရပါတယ်။တာလီဘန်ဝင်ငွေရဲ့ ဆယ်ဆကို အာဖဂန်တပ်က သုံးထားပါတယ်။ ဒါ့ကြောင့် ပုံမှန်မှာ အာဖဂန်တပ်ကိုတာလီဘန်က ဘယ်လိုမှ နိုင်စရာမရှိပါ။

ဒါဆိုဘာ့ကြောင့်ရှုံးလဲ? လေ့လာသူများက အာဖဂန်တပ်ထဲကို ဝင်လာသူများဟာ အခွင့်အရေးလိုချင်လို့ ငွေလိုချင်လို့ ဝင်သူအများစုလို့ ဆိုပါတယ်။ အရေးကြုံရင် မတိုက်လို ပြေးလိုသူများက အများစုဖြစ်နေတယ်လို့ ဆိုပါတယ်။ အာဖဂန်တပ်ထဲမှာက စိတ်ဓာတ်ကျနေပြီး အာဖဂန်တပ်က စစ်သားများဟာ မိမိတို့တင့်ကားတွေ စခန်းတွေကနေ အပြင်မထွက်ရဲအောင် ကြောက်ကြတယ်လို့ ဆိုပါတယ်။သူက အမြှောက်နဲ့ ရမ်းပစ်လို့ နယ်ကပြည်သူက သူ့ကို မုန်းလာပါတယ်။

နောက်အချက်က အာဖဂန်စစ်တပ်ထဲမှာ ချစားမှုအလွန်ကြီးတယ်လို့ဆိုပါတယ်။ ကန်ထရိုက်တွေကိုလာဘ်စားပြီးချပေးတာ လက်နက်ဝယ်ရင် လာဘ်စားတာက ကာကွယ်ရေးဝန်ကြီးဌာနမှာ ခေတ်စားပါတယ်။ အဆင့်ဆင့်ခိုးလို့ ရိက္ခာတွေဟာ အောက်ခြေက ရဲဘော်တွေထံရောက်ချိန်မှာ ဘာမှမကျန်တော့ပါ။ ဒါ့ကြောင့် အောက်ကရဲဘော်တွေက သူတို့လက်နက်တွေ အသုံးအဆောင်တွေကို ရောင်းစားရာကနေ တာလီဘန်လက်ထဲ လက်နက်ရောက်တယ်လို့ဆိုပါတယ်။ နောက်တပ်ရင်းမှူးတွေ၊ ဗျူဟာမှူးတွေ၊တပ်မမှူးတွေက မရှိတဲ့ တပ်ပြေးတွေကို စာရင်းပြပြီး ပိုက်ဆံထုတ်ကြပါတယ်။ ပြဿနာက အထက်ကတိုက်ဖို့ အောက်ကိုအမိန့်ပေးချိန်မှာ စစ်သား ၁၀၀၀ ဆိုတဲ့တပ်ဟာ ၅၀၀ သာရှိနေတာ သွားတွေ့ရပါတယ်။

ယခုလို အထက်ကအရာရှိတွေခိုးတာကိုမြင်တဲ့ ရဲဘော်တွေဟာ အထက်အရာရှိတွေကို မလေးစားတော့ဘဲ စစ်ပွဲမှာ အထက်အရာရှိကို ပြန်သတ်တာတွေ တပ်ပြေးတာတွေ အလွယ်လက်နက်ချတာတွေဖြစ်လာခဲ့ပါတယ်။

နောက်အချက်က ရဲဘော်တွေက ငါတို့ဘာလို့အသေခံတိုက်ရမလဲဆိုတော့ နိုင်ငံရေးခံယူချက်မရှိတာပါ။ ဒီကောင်တွေလာဘ်စားနေတာ ငါတို့က ဘာလို့အသေခံရမှာလဲဆိုတဲ့စိတ်က အာဖဂန်စစ်သားတွေထံမှာ ရှိနေတာပါ။

ကျန်တာကတော့ တာလီဘန်တော်လို့ နိုင်ခဲ့တာလို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ တာလီဘန်က နယ်စပ်တွေကိုသိမ်းတာ အဝေးပြေးလမ်းတွေကို ပိတ်ထားနိုင်တာက သူ့ရဲ့ စစ်ဗျူဟာအားသာချက်လို့ဆိုပါတယ်။ တာလီဘန်ဟာ ထောက်လှမ်းရေးကို အဓီကလုပ်ပြီး လက်နက်ကြီးပစ်သူ၊ တင့်ကားတပ်နဲ့ လေတပ်က လေယဉ်မောင်းသူများကို စနစ်တကျ တိုက်ခိုက်ရှင်းလင်းခဲ့ပြီး အချို့နေရာတွေမှာ ဗုံးဖောက်သတ်ခဲ့လို့ အာဖဂန်တပ်မှာ လေယဉ်ရှိသော်လဲ မောင်းသူမရှိ ဖြစ်ခဲ့ရပါတယ်။ အခြားတင့်ကားတွေလဲ ထို့အတူပါဘဲ။

မအလရဲ့ လက်ရှိတပ်ဟာ ချစားတာကအစ စိတ်ဓာတ်ကျဆင်းတာတွေအားလုံးနီးပါး အာဖဂန်နဲ့တူပါတယ်။ ဒါ့ကြောင့် ဒီမိုတွေ တာလီဘန်လောက် PDF အားလုံး M16 (သို့) AK 47 သာ ကိုင်နိုင်ခဲ့ရင် ရန်ကုန်ဟာ လက်တလှမ်းမှာသာ ရှိပါတယ်လို့ ပြောပါ၍ရစေ။


News Source: Al-Jazeera, BBC

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page