top of page
Search

အာဖဂန်စစ်ပွဲမှ ဒီမိုများအတွက် သင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 22, 2021
  • 1 min read

ယခုရေးမှာက ကမ္ဘာပေါ်ကအဖြစ်အပျက်တွေကနေ သင်ခန်းစာယူလို့ရအောင်ပါ။ အာဖဂန်က စာရေးသူတို့အတွက် ဘာသင်ခန်းစာတွေပေးသလဲ? အမေရိကန်ဟာ ကမ္ဘာပေါ်မှာ စစ်ရေးအရ ဝင်မပါဖို့ ဆုံးဖြတ်ထားပုံပါ။ ဒါ့ကြောင့် ဒီလောက်ဖြစ်တာတောင် အမေရိကန်က အာဖဂန်က ထွက်သွားခဲ့ပါတယ်။ တာလီဘန်ဟာ လူ့အခွင့်အရေးအချိုးဖောက်ဆုံးပါ။ ဒါတောင်အမေရိကန်က အာဖဂန်ကနေ ထွက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် စာရေးသူတို့ရဲ့တော်လှန်ရေးကို အမေရိကန်နဲ့ အင်္ဂလိပ်ကို စစ်ရေးအရမမျှော်ဘဲ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာကိုသင်ခန်းစာရစေပါတယ်။ NUG အတွက် လှူစရာရှိတာကို လှူပါ။ DASSK က ပြည်သူသာအဓိကလို့ ပြောပြီးသားပါ။


နောက်တာလီဘန်ဟာ စစ်တိုက်စရာရှိတာကို တိုက်သွားပါတယ်။ အမေရိကန်၊ အင်္ဂလိပ်နဲ့ ဥရောပက ဝေဖန်မှာကို ဂရုမစိုက်ခဲ့ပါ။ သူ့ရဲ့ လက်နက်အတွက်ဝင်ငွေက ဘိန်း၊ လုပ်ငန်းခွန်၊မြေခွန်၊ ပိုင်ဆိုင်မှုအခွန်တွေကနေ သွားပါတယ်။ အနောက်နိုင်ငံ၊ ရုရှား၊ တရုတ်ကို မမှီခိုလို့ သူ့ကိုဘာလုပ်ပါ ဘာညာ အမိန့်ပေးလို့ မရခဲ့ပါ။ သူဟာ အာဖဂန်တပ်ရဲ့ အားသာတဲ့ လေယဉ်မောင်းသူ၊ တင့်ကားမောင်းသူ၊ လက်နက်ကြီးပစ်သူများကို ထောက်လှမ်းပြီး ပစ်ခတ်သတ်ဖြတ်ထားလို့ လေယဉ်ရှိပေမယ့် မောင်းသူမရှိတာတွေ ဖြစ်ခဲ့ပါတယ်။ တာလီဘန်ဟာလေယဉ်မောင်းသူတွေကို စစ်ဖြစ်မှ တိုက်ခိုက်သတ်ဖြတ်တာမဟုတ်ဘဲ သူတို့ရဲ့ အခြေစိုက်စခန်းတွေ အိမ်တွေမှာ တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ အကယ်၍စစ်ပွဲမှာဆိုရင် သူတို့လေထဲရောက်မှ သတ်လို့ရမှာပါ။ တာလီဘန်မှာ လေယဉ်ပျံမရှိလို့ သူတို့ကို မြေပြင်မှာဘဲ တာလီဘန်က လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် အာဖဂန်တပ်မှာ လေယဉ်မောင်းတတ်သူ၊ တင့်ကားမောင်းတတ်သူ၊ လက်နက်ကြီး ပစ်တတ်သူ နည်းသွားခဲ့ပါတယ်။

နောက်တာလီဘန်ဟာ ရန်သူ့ရဲ့ စစ်စခန်းတွေ ရန်သူ့စစ်ကား သွားလာတာကို လေ့လာပြီးစနစ်တကျ ဗုံးခွဲတိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ ရလာဒ်က ရန်သူ့တပ်တွေဟာ သူတို့ရဲ့စခန်းတွေမှာ ပိတ်မိလာတာပါ။ ဒါတင်လားဆိုတော့မဟုတ်ဘဲ ရန်သူ့တပ်ထဲကထွက်လာတဲ့မိသားစုတွေကိုပါ ပစ်လာပြီး ဖိအားပေးလို့ ရန်သူက ထောက်ပို့နဲ့ ရိက္ခာပြဿနာရှိလာပါတယ်။ ဒိနေရာမှာ တာလီဘန်က စစ်မတိုက်တဲ့ တပ်မိသားစုကိုပါ တပ်ထဲမှာပိတ်ထားလို့ စစ်ရာဇဝတ်မှုလား မေးစရာရှိပေမယ့် တာလီဘန်က အဆိုပါတပ်မိသားစုတွေဟာ တပ်ထဲမှာနေလို့ တရားဝင်ပစ်မှတ်ဆိုပြီး ပစ်ပါတယ်။ အာဖဂန်တပ်က မိသားစုတွေက ဒါတောင် သေနတ်မကိုင်ပါ။ သေနတ်ကိုင်ရင်တော့ စစ်သားမိန်းမဟာ စစ်သားဖြစ်ပြီး တရားဝင်ပစ်မှတ်ဖြစ်မှာပါ။

စာရေးသူတို့တိုင်းပြည်က လူအများစုဟာ တာလီဘန်က ကာဘူးကိုတက်သိမ်းတဲ့ D Day ကိုသာ သိမှာဖြစ်ပေမယ့် သူမသိမ်းခင် မြေပြင်မှာ ဘယ်လိုတိုက်လာတယ်ဆိုတာကို သိသူနဲမှာပါ။

နောက်သင်ခန်းစာက ပြုတ်သွားတဲ့ အာဖဂန်အစိုးရဘက်ကပါ။ အာဖဂန်အစိုးရအောက်မှာပညာတတ်တွေ ဒီမိုထောက်ခံသူတွေ အများစုရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ မိမိယုံကြည်ချက် ခံယူချက်အတွက် တာလီဘန်ကို ခံမချဘဲ ထွက်ပြေးဖို့သာ စိတ်ဝင်စားခဲ့ပါတယ်။ အမေရိကန် (သို့) နေတိုးက လာကယ်မလားလို့ မျှော်ခဲ့ပါတယ်။ မိမိတို့ရဲ့ လွတ်လပ်မှုကို သိမ်းယူမယ့် တာလီဘန်ကို ယုံကြည်ချက်နဲ့ ခံမချဘဲ အမေရိကန်လာမယ်လို့ မျှော်နေခဲ့လို့ သူတို့ရဲ့လွတ်လပ်ရေးလဲ ဆုံးရှုံးခဲ့ရပါတယ်။

သင်ခန်းစာကတော့ မိမိတို့လုပ်စရာရှိတာကို ဘယ်သူ့ကိုမှမမျှော်ဘဲ ယုံကြည်ချက်နဲ့လုပ်ရင်အောင်မြင်မှာပါ။ စစ်တိုက်ရာမှာလဲ ရန်သူ့ရဲ့အားသာချက်ကို အားမသာနိုင်အောင် လုပ်သွားပုံတွေက သင်ခန်းစာယူစရာပါ။ ရန်သူအားသာတဲ့ လေတပ်၊ ရေတပ်၊ အမြောက်တပ်၊ တင့်ကားတပ်နေရာတွေကို လေ့လာပြီး သင်ခန်းစာယူ လှုပ်ရှားနိုင်ပါစေ။


News Source: Reuters and The Times

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page