top of page
Search

အိန္ဒိယကိုဗစ်မှပြောသော အစိုးရကောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 14, 2020
  • 1 min read

ဘီဘီစီမှာ အိန္ဒိယက ကိုဗစ်ကြောင့် လူတွေဆေးရုံတက်ရတာ ဆေးရုံတွေပြည့်နေတာကို ပြသွားတာလိုင်းပေါ်မှာတွေ့လိုက်ရပါတယ်။


ပထမလူက သူ့မိန်းမကိုယ်ဝန်နဲ့ ကိုဗစ်လိုဖြစ်လို့ ဆေးရုံတက်ဖို့ ကြိုးစားတာ ဆေးရုံ ကိုးခု တစ်ခုပြီးတစ်ခု ငြင်းနေလို့ ၁၃ နာရီ ကြာသွားပြီး သူ့မိန်းမဆုံးသွားခဲ့ပါတယ်။ သူ့သားက အမေဘယ်မှာလဲလို့မေးနေတယ်။ ကျွန်တော်ဘယ်လိုဖြေရမလဲဆိုပြီး ရင်နင့်ဖွယ်ရာ ဖြေသွားခဲ့ပါတယ်။ ကျွန်တော့်လိုအဖြစ်မျိုးမဖြစ်အောင် အစိုးရက အရေးယူပေးပါလို့ ပြောသွားခဲ့တာပါ။


ဒုတိယက ဒေလီကဆေးရုံကို လူနာလက်ခံပြီး ဆေးရုံတင်ပေးဖို့ပြောပေးပါဆိုပြီး ငိုနေတာပါ။


တတိယကတော့ ဆိုရှယ်မီဒီယာမှာ လူတစ်ယောက်က အထူးကြပ်မတ်ကုသဆောင်ကိုတင်ဖို့ စောင့်နေရင်း သေသွားခဲ့ရပါတယ်။ သူက ငါတို့ပြည်နယ်အစိုးရက အထူးကြပ်မတ်ဆောင်တွေ မဆောက်ခဲ့လို့ငါ့အဖေ သေရတာဆိုပြီး အပြစ်တင်နေတာပါ။


အိန္ဒိယက ဆေးရုံတွေဟာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေပြီး မနိုင်မနင်းဖြစ်နေတာပါ။ သုံးလ lockdown အိန္ဒိယမှာ လုပ်တာက စောသွားတာနဲ့ လူတွေကို မထောက်ပံ့နိုင်တာ၊ နယ်မသွားအောင် မထိန်းနိုင်ခဲ့တာကြောင့် အလုပ်မဖြစ်ခဲ့ဘူးလို့လဲ ဝေဖန်သူတွေက ပြောကြပါတယ်။

အိန္ဒိယဟာ အတော်အသင့်ပိုက်ဆံရှိပါတယ်။ ဆရာဝန်ပေါပါတယ်။ ဒီမိုကရေစီပါ။ တပ်ဟာ အစိုးရအောက်မှာရှိပါတယ်။



သူတို့မှာ မရှိတာက ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူကို လမ်းပြနိုင်တဲ့ ခေါင်းဆောင်မရှိပါ။ နောက်ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးလို မိမိနိုင်ငံရဲ့ ရှိတဲ့ငွေ၊ လူ့အရင်းအမြစ်နဲ့ ကိုက်ညီတဲ့ မူဝါဒလဲချနိုင်ခဲ့ပုံမရပါ။ မြန်မာပြည်က နောက်ရောင်ခံလိုက်တဲ့ track and trace စနစ်ကလဲ အားကောင်းနေဆဲပါ။ အိန္ဒိယလို ဆင်းရဲသားတွေ ဒုက္ခမရောက်အောင်လဲ လူကယ်ပြန်နဲ့ တိုင်းဒေသကြီး အစိုးရတွေကထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယလို လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းတာ နည်းသွားခဲ့ပါတယ်။ နောက်မြန်မာပြည်က လုပ်အားပေး ပရဟိတသမားတွေက အစိုးရကို ကူခဲ့ကြပါတယ်။


နောက်ဒီလူပြောသွားတဲ့ ပြည်နယ်အဆင့်မှာလဲ အဖြစ်များတဲ့ ရန်ကုန်မှာ ကွီဖြိုးက ဦးဆောင်ပြီးအလှူရှင်တွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖောင်ကြီးကို ဆေးရုံပြောင်းထားနိုင်ခဲ့ပါတယ်။ သူက ဗဟိုအဆင့်က မဖြစ်နိုင်လောက်ဘူးလို့ ထင်နေတဲ့ကြားထဲက အချိန်အတိုအတွင်း ဆေးရုံအဖြစ် ပြောင်းခဲ့တာပါ။ ဆေး (၁) က သူနဲ့အတူတွဲလုပ်ခဲ့တဲ့ ပါမောက္ခချုပ်တို့ ဒုချုပ်တို့ဆို သူ့ရဲ့ ပေါင်းစပ်ခေါင်းဆောင်နိုင်မှု၊ သူတို့အကြံဉာဏ်တွေကို နားထောင်ပြီး လုပ်သွားတာကို ချီးကျူးကြပါတယ်။ ပညာရှင်စကားနားထောင်တဲ့ နိုင်ငံရေးသမားလို့ သူတို့က အသိအမှတ်ပြုကြပါတယ်။

မြန်မာပြည်ရဲ့ အနောက်တံခါးက အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်မှာ ကိုဗစ်ဖြစ်လူနာများနေလို့ စာရေးသူတို့အောင်ပွဲခံဖို့တော့ စောပါသေးတယ်။ ဒါပေမယ့် စာရေးသူတို့တိုင်းပြည်ဟာ ဗီဒီယိုထဲက အိန္ဒိယလောက် မဆိုးဘူးဆိုတာ သိလိုက်ရတော့ အတိုင်ပင်ခံ DASSK၊ ကျန်းမာရေးဝန်ကြီး၊ လူကယ်ပြန်၊ရန်ကုန်တိုင်း ဝကခနဲ့ ပူးပေါင်းပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းများ ပြည်သူများကို ကျေးဇူးတင်မိပြန်ပါတယ်။ NLD အစိုးရရဲ့ ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလာဘ်လို့ ပြောရမှာပါ။

News Source and video credit: BBC

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 15, 2020

ဦးမြတ် !

တာတိုမှာ ခွန်အား

တာလတ်မှာ အဆုံးအဖြတ်

တာဝေးမှာ စိတ်ဓာတ်

(မူရင်းပိုင်ရှင် စိုင်းထီးဆိုင်)


***************


CV -19. + ve စတွေ့သည်နှင့်အတူ ဝေဘာဂီမှအစ မဥက္ကလာ ဖောင်ကြီး ရှိသမျှအရင်းအနှီး ပိုင်သောအရင်းအမြစ်များနှင့် %%အလုံးအရင်း ခွန်အားများဖြင့် တည်ဆောက်ခဲ့ပါသည်။ %%%

ပြည်ပပြန်များကို စောင့်ကြည့်ရေးစခန်းများမှာ နေထိုင်စေခြင်းတည်း ဟူသော အဆုံးအဖြတ်။

Mask ချုပ်လုပ်ခြင့်ဖြင့် (ဝိသမလောဘသားများ၏ ရန်ဘေးမှ ကင်းလွတ်မှု) စျေးနှုန်းများ ထိုးကျ လူတိုင်းနီးပါးလိုလို masks တပ်ဆင်လာကြပါသည်။

စားသောက်ကုန် ကျန်းမာရေးဆေးရုံဆေးခန်းများ မပိတ် (ရှင်သန်ရေးအတွက် မပတ်သသော ဘီယာဆိုင် အလှပြူင်ရေး အဝတ်အထည် ကေတီဗီ ---- လူစုလူဝေးဖြစ်ပေါ်စေသောအရာမှန်သမျှ ပိတ်သိမ်းခြင်း)။

ကာလ ဒေသ ပယောဂ အပေါ်မူတည်၍ အမိန့်ကြော်ငြာစာများ မကြာခဏ ထုတ်ပြန်ခြင်း။

------+++စသည်ဖြင့် ။


********************


CV19 သည် ယခုတိုင် မငြိမ်းနိုင်။ မသိမ်းနိုင်သေး။ ပြည်ပပြန်များမှာတွေးနေရသေးသမို့ ရေရှည် တာဝေးပြိုင်ပွဲ တစ်ရပ်။ ကျန်းမာရေးဝန်ကြီးကလည်း ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးကြား သတိပေးစကား ပြောကြားခဲ့ပါသည်။ မပေါ့ မဆ. မလျော့ကျကြစေရန် အထူးမှာကြားခဲ့ပါသည်။ ပြည်တွင်းကူးစက်မှုနည်းပါးမှု အကြောင်းပြုပြီး ပျော်ပါးမော်ကြွားကြလျှင်ဖြင့်?

မိဘစကားနားမထောင်သော သားသမီး ဆရာ့အဆုံးအမ ပစ်ပယ်သောတပည့် အနာဂတ်အရေး ဘေးတွေးရပါမည်။

%%စိတ်ထား အရေးကြီးပါသည်%%

သံဝေဂရစရာတစ်ခု ဥပမာပြုပါရစေ။အိန္ဒိယမှာ ဖြေလျှော့မှုများ စပေးတဲ့နေ့ အရက်ဆိုင်မှာ လူတန်းစီ

ဆူဆူညံနဲ့ လူအစုအဝေးကြီး နိုင်ငံအနှံ့ ဖြစ်ပွါးခဲ့ပါသည်။

#စိတ်အလိုလိုက်မိုက်ခဲ့ကြပါသည်#။

လှေလှော်ပြိုင်ပွဲမှာ ပန်းတိုင်မြင်ရုံမျှဖြင့် အောင်ပြီအထင်နဲ့ တက်မ ထောင်ခဲ့ကြတာကိုး !!!

ဒါ့ကြောင့် တာဝေးမှာ စိတ်ဓာတ် ။

*******************

အမြင်မှာ ရှင်း စိတ်ရင်း တင်း ♥မာ♥ ရွှေမြန်မာများဖြစ်စေရန်…


Like

naynanmyint629395
naynanmyint629395
Jun 14, 2020

စစ်တပ်မှ အပ

အစိုးရ

ပြည်သူ

ပရဟိတများ

နဲ့ ပညာရှင်များ ကိုျေးဇူးတင်ရ

မှာပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page