top of page
Search

အဲ့ဒါနိုင်ငံရေးသမားပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 5, 2020
  • 1 min read

အလုပ်သမားဆန္ဒပြပွဲတွေဖြစ်တယ်။ သူတို့ကလမ်းတွေပိတ်တယ်။ ဒါတွေကို ဘယ်လိုရှင်းမလဲ? ကြိုက်တဲ့အဘ လုံခြုံရေးသမားကိုမေး သူတို့က plan တွေနဲ့ လာပါလိမ့်မယ်။ မီးလောင်ဗုံးလား၊သာလွန်အင်အားလား၊ မီးသတ်ပိုက်နဲ့လား၊ ရာဘာကျည်ဆန်နဲ့လား? ညဘက်ဝင်ရှင်းရမလား၊ နေ့ဘက်ဝင်ရှင်းရမလား? အာရုံတက် သူပုန်စခန်းစီးသလို ဝင်ရှင်းရမလား? ဒါတွေကို ရဲတိုင်း တပ်နောက်ခံရှိသူတိုင်း ဘာလုပ်ရမလဲ သိပါတယ်။ အမိန့်လေးသာ ပေးလိုက်ပါ။ ဒါကလုပ်ရတာလွယ်ပါတယ်။ လုပ်ငန်းရှင်ကလဲ သဘောကျမှာပါ။ သူ့ကိုကာကွယ်ပေးတာလေ။ ဒါပေမယ့် အလုပ်သမားတွေကို ပြည်သူကစာနာရင် ဖွတ်ကဝင်ဖျာဝင်ခင်းရင် ပြဿနာတွေက မထင်မှတ်ဘဲ ကြီးသွားတတ်ပါတယ်။အကယ်၍များ ဆန္ဒပြပွဲကြီးဖြစ်ရင် အဘကလဲ လက်နှစ်လုံးအလိုမှာ ကယ်တင်ဖို့ စောင့်နေပါတယ်။

ဒါကို နိုင်ငံရေးသမားက ဘယ်လိုရှင်းသလဲ? ရန်ကုန်မှာ မြန်မာပြည်ရဲ့ အလုပ်သမားအများစုရှိပါတယ်။ပုံမှန်ဆိုရင် ရှင်းရမှာက ခြေဥအရ ပြည်ထောင်စုဝန်ကြီးပါ။ သူက အလုပ်တွေများပြီး ပျောက်နေပါတယ်။ အဲ့ဒီမှာ ကွီးဖြိုးက အများစုကို ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ငြိမ်းချမ်းစွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် အချို့အစွန်းရောက် အလုပ်သမားအဖွဲ့တွေက အလုပ်သမားအချို့ကို မြှောက်ပေးပြီး အမိန့်မနာခံဘဲ စက်ရုံပိတ်ဆန္ဒပြတာတွေ ဆက်တိုက်လုပ်လာခဲ့ပါတယ်။ ဒါကြောင့် အချို့စက်ရုံတွေပိတ်လာရပါတယ်။ နိုင်ငံရေးသမားက အချိန်စောင့်ပြီး ပြည်သူတွေက မိမိဘက်ကရပ်အောင် အချိန်ပေးပါတယ်။ပြည်သူကလဲ ဒီဆန္ဒပြပွဲတွေကို မထောက်ခံတာသေချာပြီး သူတို့နောက်မှာ ပြည်သူမပါချိန်မှာမပြတ်သားစွာ အရေးယူပြလိုက်ပါတယ်။ နောက်အရေးယူတာကြမ်းရင်လဲ အထက်က အပြောခံရနိုင်ပါတယ်။ အောင်မြင်ရင်တော့ ချီးကျူးချင်မှ ချီးကျူးမှာပါ။ ဘာလို့လဲဆိုတော့ ပြဿနာကို ကွီးကရှင်းလိုက်လို့ သူမထံ ပြဿနာမရောက်သွားလို့ပါ။

ယခုကွီးဖြိုးအရေးယူတာနဲ့ ယခင်ကအဘတို့နဲ့ ဘာကွာလဲဆိုရင် သူကပြည်သူတွေရဲ့ ဒီဆန္ဒပြပွဲတွေအမြင်ကို ပြောင်းအောင်လုပ်ပြီးမှ when public opinion against them ဆိုမှ ထကိုင်လိုက်တာပါ။ ဒါကနိုင်ငံရေးသမားပါ။ ဆုံးဖြတ်ချက်ကို နိုင်ငံရေးအရ သေချာလေ့လာပြီး ကိုင်သင့်ချိန်မှာ ပြည်သူက မိမိနောက်မှာရှိတာသေချာမှ ကိုင်လိုက်တာပါ။ သူလိုလူမျိုးရှေ့ကရှိနေလို့ DASSK ရဲ့ ဗဟိုအစိုးရ ဝီရသူဒဏ်၊ ဘူးလက်ဒဏ်၊ အလုပ်သမား၊ ကျောင်းသားဆန္ဒပြပွဲဒဏ်ကို ခံနိုင်ခဲ့သလို ICJ မှာလဲ ကွီးကြောင့်အစိုးရနှစ်ရပ်ဆိုတာကို ညွန်ချုပ်ကိစ္စကစလို့ ကမ္ဘာက သတိထားမိလာတာပါ။

နောက်သူက သူလုပ်ချိန်မှာ Facebook ကနေ သူဘာကြောင့်လုပ်ရကြောင်း ပြောပြပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိသလို သူက အလုပ်သမားတွေကို စာနာကြောင်း empathy ပြပြီး မလုပ်မဖြစ်လို့ လုပ်ရကြောင်းပြောတာပါ။ ဒါမျိုးတွေက နိုင်ငံ့ခေါင်းဆောင်တွေမှာ လိုအပ်တဲ့ အရည်ချင်းတွေပါ။

NLD အစိုးရမှာ၂၀၂၀ နိုဝင်လာအလွန်ပြုပြင်ပြောင်းလဲဖို့လိုတာက သူလို နိုင်ငံရေးသမားတွေကိုအစိုးရအဖွဲ့မှာ ပိုခန့်ဖို့ပါ။ မိုးကျများကို ဝကခခန့်လို့ကတော့ ယခုထက်ပိုစိုးသွားပါမယ်လို့ ပြောပါရစေ။

Credit: Phyo Min Thein FB page, Myanmar Harp Media

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
May 06, 2020

ဦးမြတ် ကူညီသည်ဖြစ်စေ မကူညီဖြစ်စေ ကိုယ်ထူကိုယ်ထ ကို့ယ့်အားကိုယ်ကိုးမှ ကိုယ်သာ သခင်ဖြစ်ပေ ဝန်ထမ်းရွှင်လန်း ပန်းတိုင်ရောက်အောင်လှမ်းနိုင်ဖို့ရာ လုလင်ငယ်သွေး အားမာန်မွေးရမလေ။ လောကမှာ ဘယ်အရာမှ မြဲမြံခိုင်တည်ခြင်းမရှိပါ။ ဤနိယမအရ #မြေအုတ်တို့ပြိုလျှင်ကျောက်အုတ်ဖြင့်အစားထိုးရာသည်#။ တပည့်သည် ဆရာထက်တော်မှ! သားသမီးသည် မိဘထက်ချွန်မှသာလျှင်! သားတို့ရုပ်ရည် သီတာမည်သား! တစ်ပေါက်ကလေးကျရုံမျှဖြင့် မိဘတို့ဝမ်း လွန်ငြိမ်းချမ်း၏။ ဂန္ထဝင်မေမေ ကရုဏာအမေ တန်ဘိုးကြီးတဲ့အမေက မွေးထုတ်တဲ့သားမှန်သမျှ # သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့#။ပြည်တန်ပတ္တမြားသည် ကျောက်ကောင်းတစ်စေ့မှစတင်၏။ အဖိုးတန် အမျိုးမှန် ဗီဇအအခြေခံကောင်းသောသားတို့သည် မိခင်အား အားဖြစ်စေရန် ကူ ကြပါသည်။ မကူပဲ ဆူ နေရင်တော့ သားလား? ကျားလား? ။ သားမှန်လျှင် မိဘအတွက် အား သန်ကြပါသည်။ ----===--- ဆက်စပ်မိလို့ မနေ့ကအကြွေးဆပ်ပါစေ။ ဦးမြတ်ကိုမေးပါရစေ။ အာဇာနည်ခေါင်းဆောင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်သူကို ချီးကျုး အမွှန်းတင်မှလါး?ပြစ်တင်ရှုံ့ချမှာလား?။သူတစ်ပါးအသက်ကို သတ်ဖြတ်သူမှန်သမျှ အမည်ကောင်းမရကြပါ။ ငါးကိုသတ်တော့ တံငါ /ငါးစိမ်းသည်။ တိရစ္ဆာန်တွေကိုသတ်တော့ မုဆိုး ။ ဂဠုန်ဦးစောကိုအကောင်းမြင် အမွန်းတင် ထားတဲ့ပို့စ်တစ်ခုဖတ်ဖြစ်မိပါသည်။ ကိုဗစ်အချိန်မှာ သူသူငါငါ အချိန်နှင့်အမျှကြည့်နေချိန်မှာ #နာမည်ကြီးကို တက်ဖိုက်မှ ငါ နာမည်ကြီးထင်ရှားကြော်ကြားလိုမှု#ပို့စ်တွေ့လိုက်ရတော့ လွန်စွာဝမ်းနည်းကြေကွဲခဲ့ရပါသည်။ FAMOUS. & NOTORIOUS ကွဲပြားအောင်ခွဲခြားပြီး မသိရှာဘူး။ မိမိတို့ ကိုးကွယ်ရာ အနှိုင်းမဲ့ကျေးဇူးရှင် ဗုဒ္ဓဘုရားရှင်မှ တပည့်သားသာဝကအပေါင်းကို လာဘ(လာဘ်အကြီးအပွါး အကျိုးစီးပွါးရရှိမှု) သက္ကာရ ( လူများ၏ ကြည်ညိုပူဇော်မှု အလွန်အမင်း ခံယူရရှိခြင်း) သိလောက (ကောင်းသတင်းဖြင့် လူသိများကြော်ကြားမှု FAMOUS) တို့ကို မဖက်တွယ် ပယ်ဖျက်ပစ်ရန် ဆုံးမတော်မူခဲ့ပါသည်။ အထက်ပါတရားဆိုး သုံးပါးကိန်းဝပ်လာပါက အမှန်မမြင်နိုင်တော့ပဲ လေယူရာတိမ်း ယိမ်းရသည့် တိမ်ပမာသို့။ မနေ့ကပို့စ်နှင့်အတူ အချိန်အခါသင့်နေပြီမို့ ဦးမြတ်အား စာလက်ဆောင်ပါးပါရစေ။ ညိုမှောင်ဖြူပြာ စိမ်းတစ်ချို့ နီတစ်ထွေ --ဝါရွှေနုသွေး --ပန်းရိပ်ရောင်ဆမ်းသည့် -- တိမ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page