top of page
Search
  • Writer's pictureMyat Tun Oo

အဲ့ဒါနိုင်ငံရေးသမား


စာရေးသူတို့တိုင်းပြည်မှာက ၁၉၆၂ ထဲက နိုင်ငံရေးသမားတွေကို ထောင်ချခဲ့လို့ နိုင်ငံရေးသမားအုပ်ချုပ်တဲ့တိုင်းပြည်မှာ မကြီးပျင်းခဲ့ပါ။ ၂၀၁၆ နောက်ပိုင်းမှ ပြည်သူများဟာ နိုင်ငံရေးသမားအောက် စရောက်လာတာပါ။ ရဲနဲ့တပ်ဟာ ယခုအချိန်အထိ နိုင်ငံရေးသမားအောက်မှာ မနေဖူးသေးပါ။

နိုင်ငံရေးသမားနဲ့ မိုးကျက ဘာကွာလဲဆိုရင် ပြည်သူကို ဘယ်လောက် မျက်နှာမူလဲဆိုတာ ကွာပါတယ်။နောက် ခိုင်းမှလုပ်တာထက် တိုင်းပြည်အတွက် မခိုင်းဘဲ လုပ်တတ်တာပါ။ နိုင်ငံရေးသမားက နိုင်ငံရေးကို နိုင်ငံရေးလို လုပ်သွားတာပါ။

ကိုဗစ်တွေ စမဖြစ်ခင်က ၂၀၁၈-၁၉ လောက်က လှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြတာ တွေ့ကြုံဖူးမှာပါ။ သူတို့က ဆန္ဒပြတာကို ကွီးဖြိုးက ခေါ်ရှင်းလိုက်တော့ နောက်အလုပ်သမားနေ့မှာ ကွီးဖြိုး ကွီးဖြိုးဆိုပြီး အော်ဟစ်ခါ သူတို့ကြိုက်ကြောင်းပြကြပါတယ်။ ဒီလိုဆန္ဒပြပွဲကို သူ့နေရာမှာ မိုးကျသာဝန်ကြီးချုပ်ဖြစ်ခဲ့ရင် လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ဝင်စွက်မှာမဟုတ်သလို အထက်ကရှင်းဆိုရင်လဲ မိုးပေါ်ထောင်မပစ်ဘဲ ဝင်ဖမ်းမှာပါ။ ၈၈ က ဝေးနေလို့ မမှတ်မိရင် လက်ပတောင်းတောင်သပိတ်ကဥပမာပါ။ ဒါပေမယ့် ကွီးကတော့ risk ယူပြီး ဝင်ရှင်းခဲ့ပါတယ်။ အဆိုပါကွီးဟာ အစွန်းရောက်အလုပ်သမားအချို့ လိုအပ်တာထက် စည်းကမ်းဖောက်ဆန္ဒပြချိန်မှာလဲ ပြည်သူ့အသံကိုယူပြီး မြန်ဆန်စွာ နှိမ်နင်းခဲ့ပါတယ်။ သူတို့ကို ထောက်ခံမယ့်ပြည်သူမရှိလို့ အဆိုပါဆန္ဒပြပွဲတွေကို လွယ်ကူစွာ အရေးအခင်းကြီးတွေမဖြစ်ဘဲ ထိန်းနိုင်ခဲ့ပါတယ်။ ကွီးလိုလုပ်မယ့်လူမရှိလို့ ယခု နမ္မတူက အလုပ်သမားတွေဒုက္ခရောက်နေပါတယ်။ လက်ရှိနမ္မတူမှာ အလုပ်သမားတွေကို ထွေအုပ်နဲ့ အလုပ်သမားဝန်ကြီးကဘော်လီဘောပုပ်မရှင်းဘဲထားပါတယ်။


နောက်ကိုဗစ်ကာလ ဆန်၊ ဆီ၊ ကြက်သွန် ထောက်ပံ့ချိန်က ကွီးနဲ့ လွှတ်တော်အမတ်တွေက ပြည်သူထဲဝင်ပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ခဲ့တာ မှတ်မိမှာပါ။ ဒီ့အတွက်လဲ ဆရာကြီးအချို့ရဲ့ ဝေဖန်တာကိုခံခဲ့ရပါတယ်။ ကိုဗစ်ဖြစ်ချိန် လူတွေထဲသွားရင် ရောဂါကူးနိုင်တာ လူတိုင်းသိပါတယ်။ သူတို့က သွားလို့ အဆဲခံခဲ့ရပါတယ်။ သူတို့က ပြည်သူတွေလက်ထဲရောက်အောင်နဲ့ သူတို့က နိုင်ငံရေးသမားမိုလို့ပြည်သူတွေကို စာနာတယ် ပြည်သူနဲ့ ကိုဗစ်ဖြစ်ချိန်မှာ ရပ်တည်တယ်ဆိုတာကိုပြဖို့ ပြည်သူထဲ သွားခဲ့တာပါ။ လှိုင်သာယာက ပြည်သူများကလဲ ငါတို့ရဲ့ ဆင်းရဲသားရပ်ကွက်ကို ဝန်ကြီးချုပ်ကြီးကိုယ်တိုင်လာတယ်ဆိုပြီး စိတ်ဓာတ်ခွန်အားဖြစ်ခဲ့ပါတယ်။ ဒါက နိုင်ငံရေးပါ။ သူ့ကိုဆဲသူရှိသလို ချစ်သူဆင်းရဲသားများကလဲ ရှိခဲ့ပါတယ်။ ဒီအချက်ဟာ အစပိုင်းမှာ မသိသာပေမယ့် ယခုရွေးကောက်ပွဲအပြီးဆင်းရဲသားတွေကို ငွေကြေးထောက်ပံ့ရာမှာ ထွေအုပ်ဝန်ကြီး ဦးမင်းသူကိုယ်တိုင် ဦးစီးပြီးလုပ်လိုက်ရာမှာ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲသွားခဲ့ပါတယ်။ အဆိုပါကိစ္စအတွက် ဝန်ကြီးဟာ တာဝန်ယူမှု တာဝန်ခံမှုနဲ့မနှုတ်ထွက်ခဲ့သလို အောက်ခြေက ပြည်သူကရွေးထားတဲ့ ရပ်ကျေးအုပ်ကြီးတွေကိုသာမျက်နှာပြောင်တိုက် အပြစ်တင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ဆူပူမှုအကြီးစားတွေအထိ ဖြစ်နိုင်ပြီး သာဝကိုအာဏာသိမ်းလို့ရအောင် အထာပေးနေသလိုပါ။ ယခုဆိုရင် စာရေးသူက အစိုးရကို နောက်တစ်ခါထောက်ပံ့ကြေးထပ်ပေးမှာတောင် ကြောက်နေရပါတယ်။ ထွေအုပ် အသုံးမကျလို့ ဆူနိုင်လို့ပါ။


မနေ့က ဗိုလ်တထောင်ဘုရားပြင်တာ ပြီးသွားခဲ့ပါပြီ။ ဒီဘုရားကြီးဟာလဲ ကိုဗစ်အချိန်မှာ ပြည်သူတွေအလုပ်ရအောင်နဲ့ သမိုင်းဝင်ဘုရားကြီးကို ဘာသာ သာသနာ စောင့်ရှောက်တဲ့အနေနဲ့ ပြင်တာပါ။ ယခုဆိုရင် အောင်မြင်စွာပြီးဆုံးလို့ ဆရာတော်ကြီးများ၊ အလုပ်သမားများ၊ ဗိုလ်တထောင်ဘုရားဖူးသူများက ကွီးကို ကျေးဇူးတင်ကြမှာပါ။ သာဝဘုရားတည်တာကို မဝေဖန်ရဲတဲ့ အဘတဖွတ်များက ဒါကိုဝေဖန်ခဲ့ပြီး လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်ခံပြီး သာသနာကို စောင့်ရှောက်ခဲ့တာပါ။ ဒါကလဲနိုင်ငံရေးသမားတွေက risk ယူရတာပါ။ မနိုင်ရင်လဲ ညောင်းပေါ့။ ဒီနေရာမှာ DASSK လဲ နိုဝင်ဘာရွေးကောက်ပွဲကို ကိုဗစ်ကြားက risk ယူပြီး လုပ်ရတာပါ။ တိုင်းပြည်ရှေ့ရေးကြည့်ပြီး အတိုမှာ စွန့်စားရတာပါ။ အဲ့ဒါနိုင်ငံရေးသမားပါ။


ယခုအလုပ်သင်ဆရာဝန်ပြဿနာကိုကြည့်ပါ။ ပုံမှန်ဆေးရုံမှာလုပ်တဲ့ ဆရာ၊ ဆရာမကြီးတွေဆို ဒီပြဿနာဖြစ်မယ်ဆိုတာ သူတို့မှန်းလို့ရပါတယ်။ တပ်ထဲမှာ စစ်ဆေးကျောင်းက မပိတ်ပါ။ စာမေးပွဲစစ်ပြီးပါပြီ။ ဒါပေမယ့် အရပ်ဖက်က ကျောင်းတွေက ကိုဗစ်ကြောင့် ပိတ်ရပါတယ်။ ဒါပေမယ့် ဆေးကျောင်းဟာ ချွင်းချက်ဖြစ်ရမှာပါ။ ဒါမျိုးဟာ နိုင်ငံရေးသမားသာဆိုရင် DASSK ကို ခေါင်းခံတင်ပြမှာပါ။ သူမသာ သိရင် အဆင်ပြေအောင် စီစဉ်မှာပါ။ ယခုတော့ ဖွင့်ဖို့အထက်ကိုတင် ကျန်းမာရေးဝန်ကြီးက ကိုဗစ်ကော်မတီကိုတင်ပြ ကိုဗစ်ကော်မတီမှာ အရေးပါတဲ့ မိုးကျက လုပ်ထုံးလုပ်နည်းနဲ့ မကိုက်လို့ပယ်ချပြီး တစ်တိုင်းပြည်လုံးကို ဒုက္ခရောက်အောင်လုပ်တာပါ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာနိုင်ငံရေးသမားမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းသာ ကြည့်လို့ပါ။ သူတို့က risk မယူပါ။ လေယဉ်မောင်းရင်ယူတဲ့ risk နဲ့ နိုင်ငံရေးမှာ ယူတဲ့ risk က မတူပါ။ စာရေးသူရေးအပြီးမှာတော့ ကျန်းမာရေးဝန်ကြီးကအစည်းအဝေးမှာ ဒီကိစ္စ DASSK ထံ ရောက် မရောက် ပြန်စစ်မယ်လို့ ပြောပါတယ်။ ဒီအပတ်စောင့်ကြည့်ကြပါ။


မနေ့က ကွီးရဲ့ ကိုဗစ်ကိုင်တွယ်တာကို ကွီးက ခုခံပြောသွားတာ ကြည့်လိုက်ရပါတယ်။ ရန်ကုန်ဟာလူဦးရေ ၇ သန်းခွဲကနေ ၈ သန်းနီးပါးရှိပါတယ်။ နယူးယောက်က ၈.၃ သန်း၊ လန်ဒန်က ၈.၉သန်း၊ ပါရီက ၂.၁ သန်းပါ။ မနေ့ကသတင်းတွေမှာ အင်္ဂလန်မှာ ပိုးသစ်တွေ့လို့ ဥရောပက ပိတ်လိုက်လို့ ကုန်တင်ကားတွေပိတ်၊ လူတွေစျေးဝယ်ရာကနေ ပစ္စည်းပြတ်နဲ့ မျိုးစုံပြဿနာဖြစ်တာ တွေ့ရပါတယ်။ သူတို့ကဒီမိုနိုင်ငံပါ။ ချမ်းသာသူများပါတယ်။ ပညာတတ်ပေါပါတယ်။ စစ်တပ်ဟာ အစိုးရအောက်မှာ ရှိပါတယ်။ ဒါတောင် ပြင်သစ်က ပိတ်လိုက်တာနဲ့ ပြဿနာတက်ပါတယ်။ ရန်ကုန်ကို ကွီးကသာ ပိတ်လိုက်ရင် အင်္ဂလန်ကဖြစ်တာမျိုးလောက်မဟုတ်ဘဲ မြန်မာပြည်မှာက ကုန်စည်စီးဆင်းမှုပြဿနာ စားဝတ်နေရေးပြဿနာနဲ့ ဆူပူအုံကြွလာနိုင်ပါတယ်။ ဒါ့ကြောင့်သူက ယခုဗျူဟာကို သုံးရပုံကို ရှင်းပြသွားခဲ့ပါတယ်။ မြန်မာပြည်မှာက အမေရိကန်လို၊ ဥရောပလို ပြည်သူကို အကြီးအကျယ် ထောက်ပံ့နိုင်တာ မဟုတ်ပါ။ ဒါလဲ နိုင်ငံရေးပါ။ သူ့ကို မတင်းကျပ်လို့ အဆဲခံရနိုင်ပါတယ်။ ဒါပေမယ့်နိုင်ငံရေးသမားဆိုတာက တိုင်းပြည်အတွက် ရေရှည်ကိုကြည့်ပြီး လုပ်ရတာပါ။ ရန်ကုန်ကို တင်းကြပ်ပြီး လူထုက စားစရာမရှိလို့ အုံကြွရင် သာဝက ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုကို စောင့်နေတာပါ။ဒါ့ကြောင့်သူ့မှာ သာဝရန်ကာကွယ်ရင်း ကိုဗစ်ကို အင်္ဂလန်ကလို ပိတ်ဆို့မှုကြောင့် ပြဿနာမပေါ်အောင်ရှင်းရပုံပါ။ အဲ့ဒါနိုင်ငံရေးသမားပါလို့ ပြောပါရစေ။


News Credit: BBC, New York Times, Myanmar Times, Irrawaddy, Mail online, California times

301 views1 comment

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

1 comentário


Myint Soe Oo
Myint Soe Oo
23 de dez. de 2020

ဦးမြတ်!တောတိုင်းမှာ စန္ဒကူး မရှိသလို တောင်တန်းတိုင်းမှာလည်း

ပတ္တမြား မထွက်ပါ။

#သားကောင်းတစ်ယောက်ကျောက်ကောင်းတစ်စေ့။

ရတာ နာ၊ မဟုတ်သော ရတနာ။


**************************


ခံ ခဲ့ရတာ၊ စံ ဖို့ မဟုတ်။ အထက်သို့ ဆန် ဖို့။

အစွန်းခံ သံမဏိ။ တော်တန်ရုံ အပူချိန်မှာ အရည်ပျော်လေ့ မရှိ။

အထုအထောင်း ခံနိုင်သလို၊ ဖိအားထုနဲ့ ထု သော်လည်း ပုံ မပြောင်း။ ပို၍ပင် ပြတ်ရှ ထက် လာပါသည်။ ခုတ်သမျှ ပြတ်တာ သံမဏိဓားပါ။ ကလပ်ပေါ်မှာပဲ တင် တင်၊ တောတိုးရာမှာ သုံး သုံး

ထိစပ်သမျှကို ပြတ်ရှစေသော ဂုဏ်သတ္တိ။


**************************


မြို့တော်တစ်ခို သာစေလို စကားအရာမှသာ အတိတ်က ရှိခဲ့ပါသည်။ သာစေလို နဲ့ပဲ အဆုံးသတ် သတ် သွားကြသူချည်းများသာ များကြပါသည်။

ခုတော့#မြို့တော်တစ်ခိုသာစေ ပို ခဲ့ကြောင်း အထက်အညာဆီကပင်

သတိပြုမိခဲ့ရပါသည်။

အတူ ရှိနိုင်မည် မထင်ပါ။ နောက်က တု ပြီး မီအောင် လိုက်နိုင်မှသာ။ Qualify ဖြစ်ရုံမျှနှင့်တော့ မရနိုင်ပါ။ ဘုန်းတော် ဖွဲ့ နေခြင်းမဟုတ်ပါ။ ရတနာ စစ်လျှင် စွဲမက်ကြသည်မှာ နိယမပါ။


မေတ္တာဖြင့်

Curtir
bottom of page