top of page
Search

အားတက်မိသော သတင်းများ

Writer: Myat Tun OoMyat Tun Oo

ယခုရက်ပိုင်းအတွင်း အမေရိကန်က လူသားချင်းစာနာရေးအကူအညီ ဒေါ်လာ ၁၃၆ သန်းကူဖို့ ဥပဒေကို အတည်ပြုပြီးလို့ သတင်းတက်လာတယ်။ ဒီနေရာမှာ ဒီငွေက စာရေးသူတို့ PDF တွေကို စစ်တိုက်ဖို့ပေးတာမဟုတ်ဘဲ ဒုက္ခသည်တွေကို ကုလနဲ့ ကြားခံအဖွဲ့တွေကနေ ကူညီဖို့များပါတယ်။ NUG နဲ့တိုင်းရင်းသားတွေ ထိန်းချုပ်ရာဒေသမှာတော့ သူတို့ကို ပေးနိုင်ပါတယ်။ မျှော်လင့်ချက်ကို နဂိုထဲကလက်နက်အတွက် မမျှော်လင့်ထားပါ။ ဒါပေမယ့် သူက ပြည်တွင်းက ဒုက္ခသည်တွေကို ကူညီရင်စာရေးသူတို့ပြည်သူတွေက PDF ကို အားစိုက်ကူလာနိုင်မှာပါ။ ဒါက ငွေများသလိုရှိပေမယ့် ဘာမှ PDF တွေကို ထောက်ပံ့တာမဟုတ်လို့ သတင်းအဖြစ်သာ သတ်မှတ်ပါတယ်။

ဒီထက်ပိုပြီး အားတက်စေတာက NUG ရဲ့ ကာကွယ်ရေးဝန်ကြီးတင်ပြတဲ့ အစီရင်ခံစာပါ။ သူကစာရေးသူပြောလေ့ရှိတဲ့ ဘယ်ပြည်ပနိုင်ငံကမှ PDF ကို မပံ့ပိုးဘူးဆိုတာကို အတည်ပြုပါတယ်။ စာရေးသူတို့ပြည်သူထံကရတဲ့ ဒေါ်လာ သန်း ၃၀ထဲက ၂၅ သန်းကို လက်နက်ဝယ်ဖို့ လုပ်ပြီးသွားတာကပထမအားတက်စရာပါ။ ယခု PDF အများစုဟာ ကိုယ့်အားကိုယ်ကိုးပြီး ထ တိုက်သူအများစုပါ။ AA နဲ့အခြားအဖွဲ့တွေလို လက်နက်စုပြီးမှ တိုက်တာမဟုတ်ဘဲ စာရေးသူတို့ PDF တွေက တိုက်ပြီးမှလက်နက်စုရလို့ ထောက်ပို့လမ်းကြောင်း အခက်အခဲရှိပေမယ့် NUG က အောင်မြင်အောင် နည်းလမ်းရှာလုပ်နေလို့ အားတက်စရာပါ။ ဒီလက်နက်တွေက မြို့မသိမ်းနိုင်ပေမယ့် မအလတပ်ကို ယခုထက်ပိုပြီး မုန့်ဟင်းခါးကျွေးနိုင်မှာ မြေကြီးလက်ခပ်မလွဲပါ။

တကယ်စစ်တိုက်ရင် မအလကို အကြီးအကျယ်ထိခိုက်အောင်တိုက်နိုင်ဖို့က လစဉ် ဒေါ်လာသန်း ၃၀ လိုပါတယ်။ ယခု PRF ပြည်သူ့တော်လှန်ရေးမိသားစုက တစ်လ တစ်သန်းတောင် အနိုင်နိုင်ပါ။ ဒါကြောင့်လစဉ် ပြည်ပရောက်မြန်မာများက ငွေလုံးမကွဲဘဲ ထည့်ဝင်ကြရင် ပန်းတိုင်က မြန်သွားမှာပါ။

ဒါတွေထက် ပိုပြီး အားရစရာကောင်းတာက နောင်ချိုက သတင်းလေးပါ။ နောင်ချိုတောင်ဘက်မှာအမှတ် ၁၁၇ အမြောက်တပ်ထိုင်ထားပါတယ်။ ဒီကြားထဲက မအလတပ်တွေ အတိုက်ခံလိုက်ရတာပါ။အခြားနေရာတွေအတိုက်ခံရရင် သေ မသေကို မအလတပ်က ငြင်းလေ့ရှိပေမယ့် ဒီအခေါက်မှာ ငြင်းရခက်လောက်အောက် ဖြစ်သွားခဲ့ပါတယ်။ သေသူက အနည်းဆုံး ၄၀ လောက်ရှိခဲ့ပါတယ်။အသေအပျောက်များရတာက သူက မိုင်တဲအဖျက်ခံရတဲ့သတင်းရလို့ ဖားပြီးထွက်ရှင်းတာပါ။ တိုက်ပွဲကြီးဖြစ်မယ်လို့ မထင်ထားခဲ့ပါဘူး။ မထင်ရတာက ရှမ်းပြည်က တောင်ရော မြောက်ရောကို မအလကငြိမ်အောင်ညှိထားနိုင်လို့ သူ့ကို TNLA၊ KIA ၊ MNDAA ဒေသကလွဲရင် အံတုသူမရှိလို့ တွက်ထားခဲ့ပုံပါ။နောင်ချိုက အတွင်းထဲရောက်နေတာလဲပါပါတယ်။ ဒါကို နောင်ချို PDF က လက်နက်ကောင်းနဲ့ ဝိုင်းဆော်ချိန်မှာ စစ်ကြောင်းမှူးပါ ကြွသွားတာပါ။ ရဟတ်ယာဉ်တွေနဲ့ပစ် လေယာဉ်နဲ့ပစ်ရတဲ့အထိ အသေများသွားခဲ့တာပါ။ သူမထင်ထားတဲ့နေရာမှာ အတိုက်ခံရတာနဲ့ ဟိုကလက်နက်ကလဲ ရှမ်းပြည်ထဲမှာမိုလို့ အတန်အသင့်ကောင်းနေလို့ အကြီးအကျယ်ခံလိုက်ရတာပါ။ PDF တွေက စိတ်ဓာတ်အားသာပြီးသားပါ။ ဒါကဘာကိုပြလဲဆိုတော့ PDF တွေဟာ အတော်အသင့်လက်နက်ရလာရင်တောင် မအလတပ်ဟာ ယခုထက်ပိုခံရတော့မယ်ဆိုတာပါ။

တချိန်ထဲမှာဘဲ PDF တွေဟာ အထူးမွမ်းမံသင်တန်းတွေ၊ ကွန်မန်ဒိုသင်တန်းတွေထပ်ယူလာနိုင်လို့ သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကလဲ ပိုတိုးတက်လာမှာ သေချာပါတယ်။

အကျဉ်းချုပ်ရရင် NUG ကိုယ်တိုင်က ပြည်ပကို သိမ်မမျှော်ဘဲ ပြည်သူကိုချပြထားသလို ရလာတဲ့ငွေနဲ့အကောင်းဆုံး အဖြစ်နိုင်ဆုံးနေရာတွေကနေ လက်နက်တပ်ဆင်လာမှာမိုလို့ မအလတပ်က စစ်မျက်နှာယခုထက်ပိုများလာမှာပါ။ နောင်ချိုလို နေရာမျိုးဟာ မအလကို ထိုးနှက်လို့အကောင်းဆုံးပါ။ သေချာတာကတော့ နိုင်ငံကြီးတစ်ခုက ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁၀၀၊ တင့်ကားဖျက် ၁၀၀ လောက်၊အဝေးပစ်အမြောက် ၂၀ လောက်ဆိုရင် ရန်ကုန်နဲ့ မန္တလေးဟာ PDF တွေ အချိန်မရွေး တက်သိမ်းလို့ရတဲ့နေရာပါ။ စာရေးသူတို့ ပြည်သူ့ပိုက်ဆံနဲ့က ပိုက်ဆံရှိရင်တောင် ဒီလက်နက်တွေက ဝယ်ရခက်မှာပါ။ဒါပေမယ့် မအလရဲ့ လုပ်ပုံအရ တရုတ် (သို့) အမေရိကန်က ဒီနှစ်နောက်ဆုံးထားပြီး စာရေးသူတို့ PDF တွေကို ထောက်ပံ့ မပံ့ ဆုံးဖြတ်ရမှာပါ။ တရုတ်ဟာလဲ ယူကရိန်းအရေးကြောင့် PDF တွေအတွက်ဆုံးဖြတ်ရမှာဖြစ်သလို အမေရိကန်ဟာလဲ ယူကရိန်းကြောင့်ဘဲ ဆုံးဖြတ်ရမှာပါ။ စာရေးသူတို့မှာ ရှိတဲ့နေရာကနေ အဆိုပါလက်နက်တွေရအောင်လဲ ဖိအားတွေ ပေးနိုင်လာမှာပါ။ အရေးကြီးဆုံးက ပြည်သူက ပြည်သူ့တပ်မတော် PDF ကို ကူညီခြင်းဖြင့် ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

3 Comments


Myat Tun Oo
Myat Tun Oo
Mar 16, 2022

သူပါကီက ဝယ်ထားတာ ကြာပါပြီ။ တရုတ်မှာ မသုံးတော့ပါ။

Like
Nay Nann myint
Nay Nann myint
Mar 17, 2022
Replying to

ဟုတ်ကဲ့ဆရာ

Like

Nay Nann myint
Nay Nann myint
Mar 16, 2022

I' be read in chrome china supporting weapons မအလthrough pakistan . what's happened ဆရာ


Myanmar is also eyeing to purchase Air to Surface missiles from Pakistan, ET has further learnt. These missiles are for their JF-17 fighter aircraft. Myanmar cannot directly purchase these missiles from China due to a ban imposed by Beijing. It may be recalled that in 2015, Myanmar became the first country to import JF-17 Thunder fighter aircraft, a light weight multi-role combat aircraft developed jointly by Pakistan Aeronautical Complex and Chengdu Aircraft Industries Corporation of China.


By economic mes

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page