top of page
Search

အာဏာသိမ်းပြီး တစ်နှစ်အကြာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 1, 2022
  • 1 min read

ဒီနေ့ မအလအာဏာသိမ်းတာ တစ်နှစ်ပြည့်ပါပြီ။ သူအကြောင်းပြတာက မဲစာရင်းပေါ့။ ဒါပေမယ့် မဲစာရင်းမှားတာ ရှာမရပါ။ ပြည်သူတွေကလဲ သူအာဏာသိမ်းတာကို ခါးခါးသီးသီး ဆန့်ကျင်နေကြဆဲပါ။ ဒါဆို မအလအာဏာသိမ်းတာ အောင်မြင်လား?

တပ်ထဲမှာ အာဏာသိမ်းတာဟာ သူတို့အတွက် ဂွင်ဆိုပြီး ထောက်ခံတဲ့ နွားအချို့ရှိပါတယ်။ သူတို့ထောက်ခံတာက သူတို့တွေ မြေသိမ်း၊ ပါမစ်ချ၊ ခိုးချင်တိုင်း ခိုးလို့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ မအလကလဲ မိမိပိုချမ်းသာလာဖို့၊ သမ္မတဖြစ်ဖို့နဲ့ ICC မရောက်ဖို့ အာဏာသိမ်းတာပါ။ သူတို့က ဆန္ဒပြတာကို မျှော်လင့်ခဲ့ပေမယ့် PDF ကို မမျှော်လင့်ခဲ့ပါလို့ ဝန်ခံထားပါတယ်။ ဒါဆို မအလအာဏာသိမ်းတာအောင်မြင်ပြီလား သူ့နောက်လိုက်တွေ ဂွင်ရပြီလား လေ့လာကြည့်ရအောင်။

NUG ဟာ သူတို့လေလံတင်တာတွေကို ပြည်သူပိုင်သိမ်းမယ်ဆိုတာ ကြေညာထားလို့ မအလဘာရောင်းရောင်း အချောင်စျေးနဲ့တောင် မဝယ်ရဲကြပါ။ နိုင်ငံခြားကလဲ ရင်းနှီးမြုပ်နှံမှုအသစ် ဘာမှမလာပါ။ စီးပွါးရေးမှာလဲ ဘရွှေလက်ထက်က မထွက်ခဲ့တဲ့ ရေနံကုမ္ပဏီတွေတောင် ထွက်မယ်လို့ကြေညာရတဲ့အထိဖြစ်လာနေပါပြီ။ ဒါကြောင့် အာဏာသိမ်းပြီး ခိုးမယ်ဆိုတဲ့ အရာရှိအများစုရဲ့အိမ်မက်က အဆင်မပြေသေးပါ။ လောလောဆယ် မအလတပ် ထောနေတာက အိမ်တွေကို ဝင်မွှေခိုးတာ၊ စျေးတွေကခိုးတာ၊နောက်အချို့ PDF နဲ့မဆိုင်သူတွေကို PDF ဆိုပြီးဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းရာကရတဲ့ ပြန်ပေးဆွဲ၊ ဓားမြတိုက်ပိုက်ဆံလောက်သာ ဝင်နေတာပါ။

တိုင်းပြည်စီးပွါးရေးက ဓာတ်ဆီစျေးဟာ NLD အစိုးရလက်ထက်ကထက် သုံးဆတက်သွားတာအားလုံးသိမှာပါ။ ဒါပေမယ့် NLD အစိုးရလက်ထက် အစိုးရိမ်လွန်ဝေဖန်လေ့ရှိတဲ့ ဘယ်နွားကမှ လိုင်းပေါ်တက် မဝေဖန်ရဲတာ တွေ့ရမှာပါ။ စီးပွါးရေးကတော့ မအလလက်ထက် အဝီစိကို ထိုးဆင်းမယ်ဆိုတာ ကြိုပြောထားပါရစေ။

ဒါဆိုရင် မအလက တပ်မိုလို့ လုံခြုံရေးအားကောင်းတဲ့ အဖွဲ့အစည်းမှာ လုံခြုံရေးတွေ အားကောင်းနေပြီလားလို့ ကြည့်ရအောင်။ အားလုံးသိတဲ့အတိုင်း အာဏာသိမ်းအပြီး ချင်းပြည်နယ်တစ်ဝက်၊ စစ်ကိုင်းက ၈၀% နီးပါးနဲ့ ကယားပြည်နယ် တစ်ဝက်လောက်မှာ လက်နက်ကိုင်အသစ်တွေ ပေါ်လာခဲ့ပါပြီ။ ဒါဟာ NLD အစိုးရလက်ထက် မရှိခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ပြီး မအလကို တိုက်ရိုက်စိန်ခေါ်နေတာတွေ့ရမှာပါ။ နောက်ပြီး မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာလဲ မအလကို နေ့စဉ်စိန်ခေါ်နေတာ တွေ့ရပါတယ်။ ယခုအချိန်အထိ မအလဟာ အသံထွက်သပိတ်ရော အသံတိတ်သပိတ်ပါ ကြောက်နေရတာအားလုံးအသိပါ။

ယခုအချိန်မှာ PDF တွေအတွက် လစဉ်ငွေကြေးထောက်ပံ့ဖို့အစီအစဉ် ငွေတိုက်စာချုပ်အစီအစဉ်နဲ့ပံ့ပိုးမှုတွေဟာ မအလရဲ့ နှောက်ယှက်မှုကြားက တိုးတက်လာနေလို့ PDF အင်အားဟာ တိုးလာမှာပါ။ဒါကြောင့် တိုက်ပွဲတွေဟာလဲ များလာမှာပါ။

မအလတပ်ထဲမှာလဲ သူ့တပ်ထဲကလူတွေဟာ PDF က ဘာမှမလုပ်သေးလို့သာ ခံသာနေပြီး PDF ကယခုထက် ရန်ငါပြတ်လာရင် ခံလာရမှာပါ။ ဥပမာ တပ်ထဲက ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေရဲ့ သားသမီးတွေတက်တဲ့ ရန်ကုန်က ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း၊ ဒဂုံ(၁)၊ ဗိုလ်တထောင် (၅)၊ လသာ(၂)၊ ဗဟန်း(၂) တွေကို ပြည်သူတွေက ဘာမှမလုပ်သေးလို့ သူတို့သားသမီးတွေကိုကျောင်းပြန်တက်ခိုင်းခဲ့ကြတာပါ။ ပြည်သူတွေသဘောကောင်းနေသေးလို့ သူတို့သက်သာနေတာပါ။နောက်ခရိုနီတွေဟာလဲ ထို့အတူပါဘဲ။ PDF တွေက ထိန်းနေလို့သာ သူတို့ရဲ့အကျိုးစီးပွါးတွေ သက်သာနေတာဖြစ်ပြီး ယခင်ကလို အဘနဲ့ပေါင်းရုံနဲ့ မရတော့ပါ။

အကျဉ်းချုပ်ရရင် မအလဟာ လက်နက်ကိုင်အာဏာသိမ်းထားသော်လဲ အသံတိတ်သပိတ်တောင်ကြောက်နေရတာ အားလုံးသိမှာပါ။ စာရေးသူတို့က ဖေဖော်ဝါရီ (၁) ရက်မှာ လက်နက်မရှိဘဲ သုံညကစခဲ့ရပြီး ယခုအချိန်မှာ နယ်မြေအချို့မှာ မအလအုပ်ချုပ်ရေးလုံးဝပျက်သွားအောင် လုပ်နိုင်တဲ့အထိအောင်မြင်လာနေပါပြီ။ စာရေးသူတို့မှာ နိုင်ငံရေးအရလဲ အခြေခံဥပဒေသစ်အတွက် ညီလာခံကိုNUCC က ကိုမင်းကိုနိုင်နဲ့ တိုင်းရင်းသားတွေက ခေါင်းဆောင်လုပ်ခဲ့ပြီး ဖယ်ဒရယ် အခြေခံဥပဒေအစစ် ပေါ်လာခါနီးနေပါပြီ။ ဒီနေရာမှာ ထပ်ခါထပ်ခါပြောလိုတာက စစ်ဖြစ်တာဟာ မကောင်းလို့DASSK က တပ်နိုင်သမျှရှောင်ဖို့ ငါးနှစ်သီးခံပြီး ကြိုးစားခဲ့တာပါ။ ယခုက မအလက စည်းစဖောက်လူပါးဝလို့ ပြန်တိုက်ရတာပါ။ တော်လှန်ရေးဟာ ညှာရင် ကြာနိုင်ပြီး မညှာရင် မြန်ပါမယ်။ လုပ်စရာရှိတာကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသားလုပ်ပြီး မအလကို အပြတ်ဖြတ်နိုင်ပါစေ။ အားလုံးဖေဖော်ဝါရီ(၁၂) မအလထွက်ချိန် မုန့်ဟင်းခါးလေး ကျွေးနိုင်အောင် စဉ်းစားကြပါလို့ တိုက်တွန်းပါရစေ။ ကျေးဇူးပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Feb 01, 2022

ဦးမြတ်!!! ရပ်ရှစ်ခွင် အမှောင်ခ၊ အခွင့်မှန်သမျှ ဆုံး ၊လူလုံး မလှ ၊ အပူလုံးကြွခဲ့ရတဲ့ အပူလုံးကြွနေရတဲ့ ဘဝတွေ ဘဝတွေ ဘဝတွေ ဖြစ်တည်ခဲ့တာ ရာသီစက်ဝန်း တပတ် ယွန်းလို့၊တနှစ်တာကာလ ကြာ ခဲ့ရပြီ။

ဒုက္ခ ခလုတ် ၊ ဆင်းရဲ ငုတ်တို့ ၊ ထိုးထောင် အညစ်လူး ၊ အစူး ခံခဲ့ရ၊ ဒါဏ်ရာအသွယ်သွယ်ဟာ သူ ကိုယ် မှန်သမျှ ၊ မမျှမတ မေ့မရအောင်ခံခဲ့ရတာလည်း လက်ပန်ပင်တွေပင် အဖူးအငုံ ဝင်လာပါတော့မည်။

မနှစ်ကတော့ လက်ပန်ပွင့် ချိန်၊ ခွေးရူးချိန် ဆိုသောစကား အရ အကိုက်ခံရလို့

ဆုံးရှုံးသူတွေ ဆုံးရှုံးခဲ့ရပါသည်။

သင်ခန်းစာတွေ ရခဲ့ကြပါပြီ။သည်ရာသီ လက်ပန်ပွင့်ချိန်မှ‌ေတာ့ာ *ဂိန်* ကနဲတချက်သာ၊ အော်၊ဇီဝိန်ချုပ်၍ မျိုးပြုတ်တော့မည့် အရိပ်အယောင် လက္ခဏာကတော့ ပြည်တွင်းပြည်ပ အခြေနေအရ ရာနှုန်းပြည့်သာ ဖြစ်ပါတော့သည်။


Like

kmnyo2
Feb 01, 2022

ဆရာ ရေ ကျမ စိုးရိမ် ခဲ့ တာ က အခြေခံ လူတန်းစားတွေ တကယ် စား စရာမရှိ ရင် ဖေါက်ထွင်း တာတွေ ခိုး ဆိုး လုယက် မှာ တွေ ပါ။ကျမ တို့ ပြည်သူတွေ တော် လိုက် ကြတာနော်။ တကယ် ခိုးဆိုး ဖောက်ထွင်း လု ယက်နေ တာတွေ ကသူတို့ စစ်ခွေးတွေ ဘဲ လုပ် နေ ကြတာပါ။ ကျမတို့ ပြည်သူ ‌တွေ တော်လှန်ရေး ဘယ်လေါက် တောင် အောင် ချင်နေ သလဲ ဆို တာ ဒီ ကောင် တွေ ခုထိ သဘော မပေါက် တာလါး သိရက် နဲ့ ရူး ချင် ယောင် ဆောင် နေ သလါး

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page