top of page
Search

အာဏာသိမ်းတာကြိုက်လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 12, 2024
  • 1 min read

မအလက ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေကို အာဏာသိမ်းလို့ ဒီတော်လှန်ရေးဖြစ်လာတာ အားလုံးမမေ့ပါနဲ့။ ဒါကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။ စာရေးသူတို့က လက်နက်ကိုင်သူတောင်းစားတွေက လက်နက်အားကိုးနဲ့ ပြည်သူ့ကိုယ်စားလှယ်ကို အာဏာသိမ်းတာကို မကြိုက်လို့ ယခုတော်လှန်ရေးဖြစ်နေတာပါ။ ဇော်မဲလုံးဟာ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့အစိုးရကို စော်ကားတာ၊ လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို စစ်ခွေးတွေက စော်ကားတာကို စာရေးသူတို့ ပြည်သူတွေက မခံချင်ခဲ့ပါ။  ခင်ဗျားတို့ နိုင်ငံရေူသမားတွေကဆိုပြီး လက်နက်ကိုင်တွေက စော်ကားခဲ့လို့ ဒီလို တော်လှန်ရေးဖြစ်လာတာပါ။ ဒါကြောင့် ရွေးကောက်ခံမဟုတ်တဲ့ လက်နက်ကိုင် လူရမ်းကားတွေက တိုင်းပြည်ကို ထပ်စော်ကားလို့မရအောင် လက်နက်ကိုင်ပုန်ကန်တာပါ။

ဟိုနေ့က ပုလဲမှာ တီကောင်က သူ့တပ်ဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကိုဝင်ပြီး အစည်းအဝေးပျက်အောင်လုပ်တာဟာ မအလတပ်က အာဏာသိမ်းတာကို ပြန်သတိရစေပါတယ်။ ထိုအစည်းအဝေးကို တီကောင်နဲ့အဖွဲ့က လက်နက်နဲ့ ဝင်တာက လွှတ်တော်ကို လက်နက်နဲ့ မအလတပ်က ဝင်စီးတာကို သတိရစေပါတယ်။ ယခုထက်စိုးတာက တီကောင်က ဗီဒီယိုရိုက်ပြီး ထိုအစည်းအဝေးတက်တဲ့ ပအဖတွေရဲ့ပုံကို လိုင်းပေါ်မှာ ဗီဒီယိုတင်တာက စရဖကို ထိုသူတွေက ဘယ်သူပါဆိုပြီး သတင်းပို့ ဒလန်လုပ်တာပါ။ လုံခြုံရေးစည်း ကျိုးပေါက်မှုပါ။ ဒလန်လုပ်မှုပါ။ ဒီနေရာမှာ မီဒီယာက ထိုအကြောင်းကို သိပ်ပြောတာမကြားမိပါ။ ပြည်သူ့အစိုးရအမိန့်နာခံတဲ့ နိုင်ငံခြားမှာ နေခဲ့ဘူးသူ လူ့အခွင့်အရေးအကြောင်း နားလည်တဲ့ ဗိုလ်သီမဏိအဖွဲ့ထဲက အချို့ကက ဖွတ်တွေကိုသတ်ချိန်မှာ အော်ခဲ့တဲ့ မီဒီယာက နဂါး/တီကောင်လူသတ်ချိန်မှာ မအော်ခဲ့တာဟာလဲ ထူးဆန်းနေခဲ့ပါတယ်။

ပြည်သူတွေစဉ်းစားရမှာက အိုးစားဖက်က သူခိုးတွေကိုလှူပြီး တီကောင်မိန်းမတွေထပ်ယူဖို့ ပိုက်ဆံလှူမလား၊ ဒီထက်စိုးတာက ပြည်သူကို အာဏာသိမ်းမယ့် မအလလို နောက်ထပ်စစ်တပ်မျိုးကို သင်တို့ငွေနဲ့ မွေးထုတ်မလားဆိုတာ အရေးတကြီး စဉ်းစားရမှာပါ။ တီကောင်ကို မတည်ငွေသိန်းတစ်ထောင်လှူတာက မအလတို့နဲ့ စီးပွါးတွဲလုပ်တဲ့လူပါ။ သူတို့က ပန်ဆယ်လိုကို တရားစွဲဖို့လဲ ငွေထောက်ပံ့ပါတယ်။ ထိုအမျိုးသမီးရဲ့ စီးပွါးရေးကို အဘက ဘာမှမလုပ်သေးပါ။ အိုးစားဖက်ကလဲ ဘာမှစာရင်းမရှင်းတာ အားလုံးအသိပါ။ လက်နက်ဝယ်တယ်ဆိုပြီးလဲ ဘာစာရင်းမှ ရှင်းလေ့မရှိပါ။ တပ်သား ၃၀၀၀-၆၀၀၀ ဆိုပြီးလဲ သူ့နယ်တောင် မထိန်းနိုင်တာ အားလုံးအသိပါ။ ကောလင်းကူဖို့က အဝေးကြီးပါ။

ကျန်တာကတော့ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ NUG သမ္မတကြီးအနေနဲ့လဲ တီကောင်ကို ဘာလုပ်မလဲ နိုင်ငံရေးအရ ဆုံးဖြတ်ရပါမယ်။ သမ္မတဆိုတာ CSO လုပ်နေတာမဟုတ်လို့ အချို့နေရာတွေမှာတော့ ဆုံးဖြတ်ချက်ပေးရမှာပါ။ ကြိုက်သူ မကြိုက်သူရှိပါမယ်။ တီကောင်ဟာ တီကောင်ပါ။ တီကောင်တွေဟာ မိမိဝမ်းထဲက အစာတွေကို ယူစားနေလို့ တီကောင်ကို သန်မချရင် ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသလို တော်လှန်ရေးကိုလဲ နှောင့်နှေးစေပါတယ်။ ပြောစရာရှိတာတော့ ပြောပြီးပါပြီ။ စစ်ကိုင်းမှာ စစ်နိုင်ဖို့က တီကောင်လိုအကောင်တွေကို စိုးမိုးနိုင်မှပါ။ မဟုတ်ရင် မအလအပြီး ကွန်မြူနစ်နဲ့ နောက်စစ်အာဏာရှင်က အာဏာသိမ်းတာ ထပ်ခံရပါမယ်။ တီကောင်က နိုင်ငံရေးသမားကိုပြောတာမြင်ရင် လွှတ်တော်ထဲမှာ လက်နက်ကိုင်စစ်ခေးတွေ လူပါးဝတာကို သွားသွားမြင်နေမိပါတယ်။ ပြည်သူလဲ စဉ်းစားပါ။ အိုးစားဖက်ကနေ နောက်စစ်အာဏာရှင်ကိုမွေးထုတ်မလား ပြည်သူ့အစိုးရအမိန့်ကိုလေးစားနဲ့  PDF ကို မွေးထုတ်မလားဆိုတာပါ။ ဒုတိယအောင်ဆန်းလို့ပြောသူက ဂျင်းပါ။ ဒီကောင်ဟာ အောင်ဆန်းအဆင့်မရှိပါ။ စာရေးသူတို့က ယခင် ဖက်ဆစ်ခေတ်ကလို လူတစ်ယောက်အခြေပြုစနစ်ကိုလဲ ရှောင်ရမယ်ဆိုတာ မမေ့ပါနဲ့။ နိုင်ငံရေးနဲ့ စစ်ရေးသမားကို ခွဲခြားကြပါ။ ဒါဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးပါတယ်။ ထိုးစစ်က စစ်ကိုင်းကိုရောက်လာချိန်မှာ ချစားတဲ့ တီကောင်တွေ မရှိပါစေနဲ့။ မဟုတ်ရင်တော့ ဆီးရီးယားလို စစ်ရှုံးနိုင်သလို ဟေတီလို လက်နက်ကိုင်ပေါင်းစုံနဲ့ မင်းမဲ့စရိုက်ဖြစ်သွားနိုင်ပါတယ်။ ပြည်သူများ ဆုံးဖြတ်ချက်မှန်ပါစေလို့ ဆန္ဒပြုရင်း။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Mar 12, 2024

တီကောင် ဒလန် ဓားပြဂိုဏ်း ပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page