top of page
Search

အာဆီယံအစည်းအဝေး အောင်မြင်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 23, 2021
  • 1 min read

မြန်မာပြည်ဟာ မအလဆက်အုပ်ချုပ်နေရင် မြောက်ကိုရီးယား (သို့) ဆီးရီးယားဖြစ်သွားမှာပါ။ ဒါ့ကြောင့် ဒီကိစ္စကိုဖြေရှင်းဖို့ ကုလကရော တရုတ်ကပါ အာဆီယံကို အားကိုးထားပါတယ်။ စာရေးသူအနေနဲ့ အာဆီယံကို မျှော်လင့်ချက်အများကြီးမထားပါ။ ယခင်ကလဲ ဂမ်ဘာရီကို မျှော်ခဲ့လို့ ကြာခဲ့တာပါ။ ဒါပေမယ့် ဘယ်ပြဿနာမဆို နောက်ဆုံးမှာ နိုင်ငံရေးနဲ့သာ ပြန်ဖြေရှင်းရတာပါ။

ယခုအာဆီယံလေသံက မအလရဲ့ မြေပုံကို ကတိတောင်း သူတို့ဝင်ကြီးကြပ် ပြီးရင် အပြန်အလှန်အနေနဲ့ DASSK တို့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို လွှတ်ပေးပြီး ဆန္ဒပြသူတွေကို ထိန်းခိုင်းဖို့ပါ။ ဒါပေမယ့် မအလအနေနဲ့ DASSK လွှတ်ရင် သူသွားပြီဆိုတာ သူသိပါတယ်။ ဒါ့ကြောင့် ဒီကိစ္စက အောင်မြင်စရာမရှိပါ။ သူက အာဆီယံကို ပြည်ပဝင်စွက်တာမခံဘူး သူ့မြေပုံအတိုင်း သွားမယ်ဆိုရင် အာဆီယံနဲ့သူနဲ့လမ်းခွဲရဖို့ များပါတယ်။

ဒီနေရာမှာ အာဆီယံက မအလ ခေါင်းမာနေမယ်ဆိုရင် ဘယ်လောက်အထိ ဝင်ပါမလဲဆိုတာပါ။ အာဆီယံက ကုလကို ငါတို့မနိုင်တော့ဘူ ကြိုက်တာလုပ်ဆိုရင်တော့ တရုတ်နဲ့ အာဆီယံ တစ်လေသံထဲထွက်ရင်တော့ မအလရဲ့ ခေါင်းမာမှုဟာ သူ့ကိုဖိအားပေးလိုသူတွေကို စုစည်းသွားစေမှာပါ။

အကျဉ်းချုပ်ရရင် အာဆီယံအစည်းအဝေးဟာ မအောင်မြင်ဖို့များပါတယ်။ ဒါပေမယ့် အာဆီယံထဲကစင်ကာပူနဲ့ တရုတ်နိုင်ငံတို့က ပေါင်းပြီး စီးပွါးရေးပိတ်ရင်တော့ မအလဟာ ရေရှည်မခံနိုင်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Commenti


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page