top of page
Search

အာဆီယံမှသည် စစ်ကိုင်းဆီသို့ ထလော့မြန်မာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 15, 2021
  • 1 min read

ree

မနေ့က အာဆီယံဆုံးဖြတ်ချက် ဒီနေ့တရားဝင်ထုတ်မယ်လို့ သိရပါတယ်။ အကျဉ်းချုပ်ရရင်တော့ အာဆီယံက မအလကို အသိအမှတ်မပြုဘူးဆိုတဲ့သဘောပါ။ တရုတ်နဲ့ အမေရိကန်ကလဲ အာဆီယံကတဆင့် လုပ်ခိုင်းထားတာကို မအလက ငြင်းလိုက်လို့ သူ့သမိုင်းသူ ရေးသွားပါပြီ။ ဒါကအာဆီယံသမိုင်းမှာ မကြုံစဖူး ရှားရှားပါးပါးပါ။ ဒါကတော့ နိုင်ငံတကာ စစ်မျက်နှာမှာပါ။

ပြည်တွင်းစစ်မျက်နှာကို ကြည့်ရင်လဲ မအလဟာ အကြမ်းဖက်နှိမ်နင်းရေးတပ်ကို သမ္မတအိမ်တော်ဝင်စီးရာမှာ အလွဲသုံးစားလုပ်ခဲ့ပါတယ်။ ယခု လပိုင်းသာရှိသေးတဲ့ စစ်ကိုင်းက PDF တွေကို မအလကယခင် ဝ ကိုတိုက်ဖို့ စစ်ရေးလေ့ကျင့်စဉ်က သုံးခဲ့တဲ့တပ်တွေ ကွန်မန်ဒိုတွေနဲ့ တိုက်နေရတာဟာ မြေပြင်ပေါ်က အခြေအနေကို ပြနေပါတယ်။ ပခုက္ကူက တက်သွားတဲ့တပ်ဟာ ကျောက်ထုဘက်မှာ ဗုံးခွဲတာ မခံရပေမယ့် စစ်ကိုင်းဘက်တက်တဲ့ တပ်တွေကတော့ အတိုက်ခံနေရပါတယ်။ PDF တွေဟာ တိုက်ရည်ခိုက်ရည်ကောင်းလာပြီး အဆင့်ဆင့် ဗုံးခွဲနေလို့ မအလတပ် အကျအရှုံးများနေပါတယ်။ လူနာတွေကိုစစ်မြေပြင်မှာ မိုင်းထိလို့ ခြေထောက်ဖြတ်ပေးတဲ့ စစ်ဆေးဆရာဝန်ရှိတာတောင် ထိသူများလို့ သွေးထွက်လွန်ပြီးသေပါတယ်။ ဒါက မိုင်းထိပြီး အဓိကသေတာပါ။ စစ်ကိုင်းဟာ ဗမာအများစုရှိပြီး စစ်အုပ်စုကို ဗကပလက်ထက်ကတောင် အကြီးအကျယ်စိန်မခေါ်ခဲ့ပါ။ ယခုအချိန်ကတော့ အိမ်မီးရှို့ခံရသူကလဲ PDF ဖြစ်သွားခဲ့ပါပြီ။ သူတို့ဟာ အသေခံတိုက်နေကြပါပြီ။ အဆိုပါဒေသက ဗမာတွေဟာယခုမအလတပ်ကို အပြီးတိုင် အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ တိုက်ပွဲတွေက သက်သေပြနေပါတယ်။

မအလဟာ ဆရာဇော်ဂျီကဗျာကို သွေးရူးသွေးတန်းနဲ့ ထလော့မြန်မာအော်နေပေမယ့် တကယ်ကမြန်မာတစ်နိုင်ငံလုံးက နိုးကြားထကြွပြီး မအလကို ပြန်ချနေကြပါပြီ။ သမိုင်းမှာ မကြုံဖူးသေးတဲ့ အာဆီယံမှသည် စစ်ကိုင်းအထိ ထလော့မြန်မာဖြစ်နေကြပါပြီလို့ ပြောပါရစေ။

News Credit: Reuters

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 16, 2021

ဦးမြတ် လာရာနှင့် လားရာ

လာရာတူသလို လားရာ တူမှသာ

အကျိုးဖြစ်ရလာဒ်ကောင်းပါမည်။

လာရာ မတူလျှင် ရှေ့ရှုအပ်သော လား

ရာ မတူနိုင်ပါ။ အမြဲဆန့်ကျင်နေပြီး

အကျိုးဖြစ်ရလာဒ်သည် သုည မျှသာ

ဖြစ်ပါသည်။

ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှ့ှလာရာကို ကြည်သော်


တပ်သာ အမိ၊ တပ်သာ အဖ။

အဆိုပါတပ်တော်သားတွေ ဘယ်ကလာသလဲ???တောင်သူလယ်လုပ် ဓါးမခုတ်အလုပ်လုပ်သည့် ကျေးလက်တောင်သူများ၏ သားများသာ ရာနှုန်းများပါသည်။(ယခင်ကအခြေနေ)သည်တတ်တော်သားတွေ ဘယ်သူကကျွေး ဘယ်သူ့ပိုက်ဆံနှင့် ဆေးကုပေးပါသနည်း။

လားရာကို ကြည့်ကြပါစို့

စေတလုံး အမိန့် မနာခံသမျှ အကျဉ်းချ ၊နိှပ်စက်ကာသတ် တရစပ်။

သည်မူ သည်လူ မည်သူ ပြည်သူကြည်ဖြူအံ့ပါနည်း။

ကိုယ် ကောင်းမှ ၊ခေါင်း မရွေ့မှာပါ

တခါလာလည်း မဲပြာပုဆိုး ပွဲမတိုးတော့ပါ။ တိုင်းသူပြည်သားတွေအနေနဲ့ လူလူသူသူ အလှဆင် ဝတ်ဆင်လိုလှပါသည်။ အိမ်ပတ်ဝန်းကျင်က သူများနဲ့ ယှဉ်မှ ကြာလေ မဲပြာရုံမက ချွတ်မရ မဖြူတော့မည့် ဆီသည်မလက်သုတ် ဖြစ်နေပါသည်။

ကောင်းကောင်းလေး စားဝတ်နေသည် လူသား၏ မွေးရာပါဗီဇဖြစ်ပါသည်။

ကိုယ်ကောင်းရင် ခေါင်း မရွေ့ပါဘူးလို့ပြောကြပေမယ့် ကိုယ်ကြီးမှ မကောင်းတော့ ခေါင်း ရွေ့ရတော့မှာပေါ့။

ခေါင်း =ဦးနှောက် + နုညံ့သော နှလုံးသွင်းမှန်သော စိတ်

သည်အရည်ချင်းများပြည့်စုံမှသာ ခေါင်းကောင်းသူ ဟု သတ်မှတ်နိုင်ပါမည်။

အရည်ချင်းကောင်းများမပြည့်စုံသောကြောင့်(ခုခါ တချို့စာမျက်နှာ အသုံးနှုံးမှာ ) *ဂေါင်းကြီး*ဟူသောအသုံးတွေ့နေရပါပြီ။

ခေါင်းကောင်းမှ ကိုယ်ကို ဆောင်ယူနိုင်ပါမည်။

ဂေါင်း မကောင်းပါက

ဂေါင်း တခြား

ကိုယ် တခြား။

ခုခောတ်သည် တွဲတိုင်းမှ ရုန်းကန်နိုင်သော စက်ခေါင်းရှိပါသည်။

ဘဲအုပ်က တရာ နှစ်ရာ

မဗေဒါက တပင်တည်း

နောက်တချီ ဒီ တလုံးက

ဖုံး လိုက်ပြန်ရာ

ကြွတ်ကြွတ်အိပ်ကမျောပါ

စွပ်ကာ တုတ်ပြီမို့

ပုပ် မြုပ်ရတော့မှာ။


Like

Albert Wint
Albert Wint
Oct 16, 2021


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page