top of page
Search

အာဆီယံနဲ့ မအလ ဘယ်သူနောက်ဆုတ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 14, 2021
  • 1 min read

မအလအခြေအနေက ယခင်ကနဲ့မတူပါ။ နေဝင်းအာဏာသိမ်းချိန်က ကွန်မြူနစ်ကိုသာတိုက်ရင် အမေရိကန်က ကြိုဆိုပါတယ်။ သန်းရွှေက စောမောင်ထံကနေ အာဏာလွှဲယူခဲ့လို့ ထိုအချိန်မှာ တရုတ်ကအသိအမှတ်ပြုပြီး သလို NLD ကလဲ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီးပါပြီ။ အနောက်အုပ်စုက အသိအမှတ်မပြုပေမယ့် ကုလမှာတော့ သူ့ကိုယ်စားလှယ်ရှိနေခဲ့ပါတယ်။

ယခု မအလက အာဏာသိမ်းတာကိုက သူက ၂၀၀၈ အတိုင်းဆိုလို့ ဥပဒေနဲ့ မညီဘဲ စမှားနေပါပြီ။သမ္မတက သူကသာ လက်ရှိသမ္မတပါလို့ တရားရုံးမှာထွက်ဆိုသွားခဲ့လို့ အာဆီယံအတွက် ပိုအခက်တွေ့သွားခဲ့ပါပြီ။ လက်ရှိသမ္မတဦးဝင်းမြင့်ဟာ NUG ရဲ့ သမ္မတလဲဖြစ်နေပါတယ်။ အီရာဝန်က သမ္မတဦးဝင်းမြင့်နဲ့ တွေ့ရရင် သူက NUG နဲ့တွေ့ရသလိုအဆင်ပြေသွားမှာပါ။ ဒါပေမယ့် မအလဟာ သူမဟုတ်တာလုပ်ထားလို့ ပေးမတွေ့ရဲပါ။

ဒါဆို မအလအခြေအနေက ဘယ်လိုလဲ? ၁၉၈၈ နဲ့မတူတာက ကုလမှာ သူ့ကိုယ်စားလှယ်နေရာမရပါ။နိုဝင်ဘာမှာလဲ ပြောစကားနားမထောင်ရင် တရုတ်နဲ့ အမေရိကန်ပေါင်းပြီး NUG ကိုယ်စားလှယ်ကိုသာဆက်ထားထားမှာ သေချာပါတယ်။ ရုရှားကန့်ကွက်လဲ မဲခွဲရုင် ရှုံးမှာမိုလို့ ရုရှားလဲ မိုက်မည်မထင်ပါ။

မနေ့က အီရာဝန်ကို ယူကေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေက ဖုန်းဆက်ပြီး ထောက်ခံကြောင်းပြောထားပြီးသားပါ။ အီးယူကလဲ သူလုပ်တာထောက်ခံကြောင်း တရုတ်၊ဂျပန်၊ ကိုရီးယားကလဲထောက်ခံကြောင်း ပြောပြီးသားပါ။ ဒါ့ကြောင့် သူ့ကို မအလက ဘာပြောပြော သူက DASSK နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တွေ့ဖို့သာ တောင်းဆိုနေတာပါ။ သူကတော့ လျှော့မယ့်ပုံမရှိပါ။

ဒီနေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးရင် မအလကို ဖိတ် မဖိတ်ဆွေးနွေးကြမှာပါ။ သဘောမတူနိုင်ရင် မဲခွဲဆုံးဖြတ်ရမှာပါ။ ပုံမှန်မှာ ဘုံသဘောတူညီချက်ယူလေ့ရှိပေမယ့် ဒီတခေါက်မှာတော့သဘောမတူရင် မဲခွဲမှာပါ။ ဒါဆိုရင် မလေးရှား၊ အင်ဒို၊ ဖိလစ်ပိုင်၊စင်ကာပူတို့က မအလကို မဖိတ်ဖို့မဲပေးမှာ သေချာပါတယ်။ ဘရူနိုင်းဟာလဲ မဖိတ်ဖို့မဲပေးဖို့များပါတယ်။ ဒါဆိုရင် ငါးနိုင်ငံမိုလို့ မြန်မာကမဲပေးလို့မရလို့ မဖိတ်ဖို့များသွားပါမယ်။ ဗီယက်နမ်တပ်ဟာ မအလနဲ့ ရင်းနှီးပေမယ့် ဗီယက်နမ်ပါတီက လူကြီးတွေက DASSK ကို လေးစားပါတယ်။ ဒါ့ကြောင့် ဗီယက်နမ်တောင် မအလဘက်က လိုက် မလိုက်မသေချာပါ။ ထိုင်းက ကြားနေဖို့များပြီး ကမ္ဘောဒီးယားနဲ့ လာအိုသာ မအလဘက်က မဲပေးကောင်း ပေးနိုင်ပါမယ်။ ဒါဆိုရင်တော့ မအလအရှက်ကွဲပြီး သူ့အစိုးရရဲ့ တရားဝင်မှုဟာ မြောင်းထဲရောက်သွားမှာ သေချာပါတယ်။ ဒါက တပ်ထဲကသူ့နောက်လိုက်တွေကိုပြဖို့ မအလအတွက်အရေးကြီးပါတယ်။ ဒါမှမဟုတ် အာဆီယံက မအလနဲ့ NUG ကို အတူတကွဖိတ်ခြင်းဖြင့် မအလကိုစိတ်ဒုက္ခပေးနိုင်ပါတယ်။

စာရေးသူအမြင်ကတော့ နိုင်ငံခြားရေးရုံးကိုပို့တဲ့ အီဝန်ယူဆွတ်ရဲ့စာတွေက DASSK နဲ့ ပေးတွေ့ဖို့ အမြဲတောင်းဆိုပြီး ပေးမတွေ့ရင် သူလာဖို့မဖြစ်နိုင်ကြောင်း ရေးထားတာပါ။ ဒါ့ကြောင့် မအလနဲ့အာဆီယံဘယ်သူမျက်တောင် စခတ်မလဲ ဘယ်သူနောက်ဆုတ်မလဲ စောင့်ကြည့်ရပါမယ်။ မအလကို မဖိတ်လို့အာဆီယံမှာအရှုံးမရှိပါ။ အာဆီယံကို အစကထဲက မမျှော်လင့်ခဲ့ပေမယ့် မအလက အာဆီယံတောင်းဆိုတာကိုတောင် မလိုက်လျောလို့ ကိုယ့်ဂိုးကိုယ်သွင်းနေတာတွေ့ရပါတယ်။ မလေးရှားသာ NUG နဲ့တွေ့ပြီး လက်နက်ထောက်ပံ့ခဲ့ရင် စာရေးသူတို့ ပြည်သူ့တပ်မတော် PDF တွေပိုအဆင်ပြေလာမှာပါ။ မအလအခက် NUG နဲ့ PDF အချက်ပေါ့။ စာရေးသူကတော့ အာဆီယံကို ပြည်သူနှင့်အတူ ရပ်တည်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page