top of page
Search

အာဆီယံနှင့်မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 8, 2021
  • 1 min read

အာဆီယံကိုယ်စားလှယ်ကို အမေရိကန်နဲ့ တရုတ်၊ ဂျပန်က ထောက်ခံထားတယ်။ အာဆီယံနဲ့တရုတ်က မျှော်လင့်ချက်သိပ်ကြီးကြီးမထားဘူး။ မအလပြောတဲ့စကားအတိုင်း ရွေးကောက်ပွဲလုပ် ပြီးရင်နိုင်တဲ့သူကို အာဏာလွှဲ။ ဒါပေမယ့် DASSK ကိုလွှတ်ပေး NLD ကိုရွေးကောက်ပွဲပေးဝင် ဒါပါဘဲ။ ဟို ဒီမို ၁၀၀% အဆင့်တောင် မဟုတ်ပါ။

ဒါပေမယ့် မအလက NLD ပါရင် DASSK ပါရင် သူရှုံးမှာသိလို့ DASSK ကို ထောင်ချဖို့ NLD ပါတီကိုဖျက်ဖို့သာ လုပ်နေတာပါ။

အာဆီယံကိုယ်စားလှယ်လာရင် DASSK ပေးတွေ့ဖို့ မအလကိုတောင်းထားလို့ ဒါကလဲ တိုင်ပတ်နေပါတယ်။ ပေးတွေ့ရင် DASSK က NUG ကို ထောက်ခံပါလို့ပြောလိုက်လို့ တရုတ်ကြီးက လိုက်လုပ်ရင် မအလယခုထက် တိုင်ပိုပတ်သွားပါမယ်။ မအလက အာဆီယံကိုယ်စားလှယ်ကိုတော့ အလာခံမှာဖြစ်ပြီး DASSK နဲ့ ပေးမတွေ့ဖို့ ဆုံးဖြတ်ထားပုံပါ။ ဒါကို ဝဏ္ဍမောင်လွင်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကိုပြောလို့ အင်ဒိုနဲ့ မလေးရှားက မအလကို မဖိတ်ဖို့အထိ ဖြစ်လာတာပါ။

ဒီနေရာမှာ PDF ရဲ့ မိုင်တဲတာဝါတိုင်ကိစ္စက အာဆီယံရော တရုတ်ထံပါ သတင်းစကားရောက်သွားခဲ့ပါတယ်။ PDF ဟာ မအလနဲ့ပေါင်းနေတဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွါးကို ထိခိုက်နိုင်တယ်ဆိုတဲ့သတင်းစကား ပေးနိုင်ခဲ့ပါတယ်။ ယခင်က စင်ကာပူနဲ့တရုတ်ဟာ မအလက အင်အားကြီးလို့ နိုင်မယ်လို့ တွက်ခဲ့ပေမယ့် ယခုအချိန်မှာ သူတို့ရဲ့အကျိုးစီးပွါးကို မအလက အာမမခံနိုင်မှန်း သိလာနေပါပြီ။

ပြည်သူက NUG နဲ့ သူ့လက်အောက်ခံ ပြည်သူ့တပ်တွေကို လှူစရာရှိတာလှူပါ။ ပြည်သူသာ အဓိကပါ။ လှူမှ ရမှာပါ။ လှူလို့ရှိရင် နောက်ဘဝအထိ စောင့်စရာမလိုဘဲ ယခုဘဝမှာတင် မိမိအနာဂတ်ကောင်းစားမှာပါ။ ဒါ့ကြောင့် မအလပြုတ်အောင် PDF ကို များများလှူပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 09, 2021

ဦးမြတ် စွယ်စုံကြန်အင်နှင့်ပြည့်စုံသည့်

ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့သောကြောင့် ဟု စာအစမှာ ဖြည့်စွက်ဖတ်ရှုပေးပါရန်။


Like

Myint Soe Oo
Myint Soe Oo
Oct 09, 2021

ဆင်မည်း(မဲ)မကြည့်ဝံ့သည့်အဖြစ်မို့ ဆင်ကန်း တောတိုးသည့်အလား ဥပမာထားကာ ရှုမြင်အပ်ပါသည်။

အာရပ်ကမ္ဘာ ဒူဘိုင်းဈေးပွဲတော်တွင် DASSK၏ ပစ္စက္ခတ်အခြေနေကိုထင်ဟပ်စေသောပုံရိပ်ကို တံဆိပ်နှိပ်၍ ဖော်ပြထားပါသည်။

*အနက်ရောင် မက်စ်ပေါ်တွင် အဖြူရောင် ချိုးငှက် ပျံတက်မည့်အသွင်*ကို

လှစ်ဟဖေါ်ကျုးထားပါသည်။နှုတ်ဆိတ်တတ်သော အာရပ်များပင် အသိအမှတ်ထားရှိပုံကို သတင်းစကားပါးလိုကြောင်း

နိမိတ်ပုံဟု ယူဆမိပါသည်။

သို့ပါ၍လည်း မလေးက အသံပိုထွက်လာသည်ဟု ထင်စရာအကြောင်းရှိပါသည်။

မလေး အင်ဒို ဘရူနိုင်းတို့သည် အာရပ်တို့၏ အလိုဆန္ဒကို ရိပ်စားမိတန်တူပါသည်။

DASSKအနေဖြင့် တစုံတရာမျှ ပြောခွင့်မရ နှုတ်ဆိတ်နေရပုံနှင့် ငြိမ်းချမ်းရေးဆုရှင်အနေဖြင့် လွတ်လပ်စွာ ပျံသန်းလှုပ်ရှားခွင့်မရကြောင်း တစေ့တစောင်း သိနေကြောင်း အာရပ်များကသတင်းပေးလိုဟန်ကြောင့် အာဆီယံလည်း လှုပ်ခပ်လာရသည်ဟု ယူဆမိပါသည်။

ယုလျှားကြီးကလည်း ချိန နည်းတူ တာလီဘန်များအပေါ် အပြုသဘောဆောင်မှုကို သတင်းများမှတဆင့် သိလာရပါသည်။ ဈေးကွက်အဟောင်း အခြေနေမကောင်း၍ ဈေးကွက်အသစ် ဖွင့်လိုသော အရိပ်အယောင်များပြနေပါပြီ။

ထုံးစံအတိုင်း သီချင်းခေါင်းစည်းလိုဖြစ်လာပြပြီ။

A man against the world{Survivor} ။မူရင်းသီချင်းကို မျိုးကြီးပြန်ဆိုတေးအမည်က

အဆိပ်ခွက် ဟူ၍ဖြစ်ပါသည်။

ပြည်တွင်းမှာလည်း ထို့အတူပါ။ သတင်းများအရ တိုင်းဧရာထဲမှာ စက်ဘီး ကလင်ကလင် ဘဲလ် မပါလျှင် သောင်းချီ၍ အောက်ခြေက ဒါဏ်ကြေးအဖြစ်တောင်းနေကြပါသည်။ည၈နာရီထက် ‌ေ‌‌ေ‌‌ေ‌ေေ‌‌ေ‌ေ‌ေ‌‌ေ‌‌ေ‌‌ေ‌ေေ‌‌ေ‌ေ‌‌ေ‌‌ေ‌‌ေ‌ေေ‌‌ေ‌ေ‌ေ‌‌ေ‌‌ေ‌‌ေ‌ေေ‌‌ေ‌ေ

နောက်ကျ ဝင်ရောက်လိုသော မော်တော်ကားားအနေဖြင့် မြို့တွင်းဝင်လိုက သောင်းပမာဏ ပေးဆောင်နေရပါသည်။

သည်ထက်ဆိုတဲ့အဖြစ် အညစ်ကတော့ ပြည်သူတွေ ကျောကော့အောင်ခံနေရပြီမို့

မနေ့ကနိုင်ငံနေရာအများစုမှာ ဖောင်းဒိုင်းတွေများလာခဲ့ရပါပြီ။

ဆင်ကန်းတောတိုး၍ လမ်းဖြစ်သော်လည်း သစ်ပင်တွေပျက်ဆီးရသဖြင့် မပျက်လိုသူတစ်စုက မုဆိုးလက်အပ်၍ တောတိုးဆင်အတွက် ပူးပေါင်း၍တောခြောက်သံလည်း ပိုမြိုင်ဆိုင်လာခဲ့ပါပြီ။။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page