top of page
Search

အာဆီယံ၏ ဂရက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 27, 2021
  • 1 min read

မအလဟာ အာဆီယံကို လျှော့တွက်ခဲ့ပုံပါ။ အာဆီယံက ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့တိုင်းပြည်တွေရှိသလို အာဏာသိမ်းခဲ့တဲ့တိုင်းပြည် အာဏာရှင် တစ်ပိုင်းအုပ်ချုပ်နေတဲ့တိုင်းပြည်တွေရှိနေလို့ သူ့အတွက်အနေ ချောင်မယ်လို့ထွက်ခဲ့ပါတယ်။

အာဆီယံကလဲ အစပိုင်းမှာ မအလက တိုင်းပြည်ကို အလျင်အမြန် ထိန်းနိုင်မယ်လို့ထင်ခဲ့ပါတယ်။ မအလဟာ လူတွေအများကြီးကိုသတ်ပြပြီး အကြောက်တရားနဲ့ လူတွေကိုထိန်းဖို့ကြိုးစားခဲ့ပါတယ်။ သူကလူပိုသတ်ပြလေ ပိုကြမ်းပြလေ ပြဿနာကပိုကြီးသွားလေပါ။

သူ့အမှား နောက်တခုကသမ္မတဦးဝင်းမြင့်ကိုစကားပြောခွင့်ပေးလိုက်တာပါ။ သမ္မတဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်ကြောင့် သူအာဏာသိမ်းထားတာဟာ နိုင်ငံတော် ပုန်ကန်မှုဖြစ်ကြောင်းအာဆီယံအထိ သိသွားခဲ့ကြပါတယ်။ ယခု DASSK ကိုယ်တိုင်က မအလဟာ တရားဝင်အစိုးရမဟုတ်ကြောင်း ထောက်ပြတာကိုလဲ အာဆီယံက သိမှာပါ။ အာဆီယံကိုတနေ့တကြိမ်စာထုတ်ပြီး ဖောင်းထုတာကလည်းကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တာပါ။ ဒါက မအလအဖွဲ့ရဲ့စိတ်ရောဂါအခြေအနေကို ပြနေပါတယ်။

အာဆီယံ အစည်းအဝေးကျင်းပချိန်မှာ မအလက အမေရိကန်သမ္မတတို့ မလေးရှားဝန်ကြီးချုပ်တို့က ဝေဖန်မှာကို ကြိုတွက်ပြီးသားပါ။ ဒါပေမယ့် မအလနဲ့ သူ့လူတွေအတွက်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ထိုင်းဝန်ကြီးချုပ် ပရာရွတ်တို့က ဝေဖန်တာကိုတော့ ခံရခက်နေကြပါတယ်။ ဒီ နှစ်ယောက်ကတော့ မအလအဖွဲ့ မမျှော်လင့်ထားတဲ့သူတွေပါ။ မအလဏအဆဲခံလိုက်ရသလိုပါဘဲ။

အာဆီယံက ယခုလိုမာနိုင်တာဟာ ဘာကြောင့်လဲဆိုတော့ သူ့ကိုအမေရိကန်ရော တရုတ်ရောက ထောက်ခံပေးထားလို့ပါ။ အာဆီယံအဖွဲ့ကို မအလက ဂရုမစိုက်ဘဲနေနိုင်ပေမယ့် တရုတ်နိုင်ငံက ထောက်ခံထားရင်တော့ ဂရုမစိုက်ပဲ နေရခက်ပါလိမ့်မယ်။ ယခင်ကလို တံခါးပြန်ပိတ်ပြီးနေရင်လည်း မအလကို ပညာပေးလို ဖိအားပေးလိုသူများက PDFနဲ့ EAO ထောက်ပံ့ပြီးကျပ်လို့ရနိုင်ပါတယ်။

ယခုဆိုမထင်မှတ်တဲ့နေရာက လက်နက်အနည်းငယ် စရလာ‌နေပြီး နောက်ပိုင်းပိုရလာဖို့သာရှိပါတယ်။ သံတမန်ရေးအရလဲ ပိုအထိနာလာဖို့သာရှိပါတယ်။ နောက်ဆုံးကတော့ မြန်မာပြည်ထဲက စစ်ရေးအခြေအနေကသာ ဆုံးဖြတ်ပေးသွားမှာပါ။ ရှေ့နှစ်မေလမှာ တိုင်းပြည်ဘယ်သွားမလဲဆိုတာ အဖြေတခုထွက်လာမှာပါ။ အဆိုပါ စစ်ရေးကလဲ ပြည်သူကသာဆုံးဖြတ်သွားမှာပါ။ နောက်ဆုံးတော့ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 28, 2021

ဦးမြတ်!! ပွဲထွက်ခွင့် မရ ဆူညံညံကြောင့်

အာဆီယံ ဂယက်ထ၊ မငြိမ်မသက် လှိုင်း

အဆက်ဆက်နဲ့ အာဆီယံ၏ တန်ပြန်ပြင်းထန်ရိုက်ချက်ကတော့

အပူလုံး ကြွ၊ လူ လုံး မလှ ဖြစ်ခဲ့ရပါသည်။

တကယ်တော့ ပါးစပ်ဆိုတာ စားဖို့ရန်အတွက်ချည်း မဟုတ်ပဲ၊ ပြောဆိုဆက်ဆံရန် အတွက်ပါ အသုံးကျပါသည် ဟူသော အသိ မရရှိခဲ့သောကြောင့် အထီးကျန်ဘဝနှင့် ဆီ မီးစာ ခမ်းခြောက်

ပျောက်ရတော့မည့် ကိန်း။

တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့

~ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ပဌာန်း ဝတ်ရွတ်စဉ်များနှင့်ပြည့်လျှံ ယဉ်ကျေးလိမ္မာ သင်တန်းကပါ ရံ ထားပါသေးသည်။သို့သော် ရန်ကင်းအောင် မေတ္တာတွေရှိလာအောင်သာ ရည်ရွယ်ခဲ့ပါသည်။

လိုက်နာကျင့်သုံးမှု ပျက်ကွက်ခဲ့၍ အထီးကျန်ဘဝမှာ အပြီး စံ ရပါတော့မည်။

**သုဝစော စဿ

~ပညာရှိတို့က ဆိုလွယ် ဆုံးမလွယ်သူဖြစ်ရာ၏။

**မုဒု

~နူးညံ့ သိမ်မွေ့ရာ၏။

**အနတိမာနိ

~မာန်မာန မထားရာ။

ဘယ်သူမပြု မိမိအမှုသည်သာ

••စီးပွါးရေး ပိတ်ဆို့တာ မမှုပါ။ အနည်းငယ်သော မိတ်ဆွေတို့ဖြင့် ဆက်လျောက်သည်မှာ ကျင့်သားရနေပါပြီ။

ချစ်စေလိုလည်း သည်ပါးစပ်

မုန်းစေလိုလည်း သည်ပါးစပ်

ပြောတတ်ရန်တော့ လိုပါသည်။

**နိပကောစ ~ရင့်ကျက်သောပညာရှိရာ၏။

ရှင်းလင်းလိုက်ရသည့် သတင်းစာရှင်းလင်းပွဲ၊ ပြောလိုက်ရသည့် နှုတ်ထွက် စကား။ နှုတ်ခမ်းတလန် ပန်းတလန်နှင့်

နန်းမဆန် နန်းနှင့်မထိုက်သော အမိုက်စကား။ စကား စကား ပြောပါများ၊ စကားထဲက ဇာတိ ပြ။

ကိုယ်နှုတ်အမူအရာ မကြမ်းတမ်းစေရာ။

မေတ္တသုတ်လာ ဆုံးမမှုများဖြင့် ဆန့်ကျင်ဖက်ချည်းမို့ မေတ္တာတွေ ခမ်းခြောက် ဒေါသမီးတွေ တောက်လောင်နေရပါပြီ။

အထီးကျန်ဘဝ(Isolated System)တွင်

ခက်မာဝတ္ထု (သိပ်သည့်ကျစ်လစ်မှုအရာ စံ ဖြစ် ြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြြ

မှသာ)ရေရှည်ရပ်တည်နိုင်ပါမည်။

ဆောက်တည်ထားသော အတွင်းသားများကို လေ့လာကြည့်သော် အကွဲ အပြဲများနှင့်မို့ သိပ်သည်းမှု မရှိ။ သို့ပါ၍…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page