top of page
Search

အာဆတ်မှသည် မအလဆီသို့ (သို့) ဒမတ်စကပ်မှသည် နေပြည်တော်သို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 8, 2024
  • 1 min read

အာဆတ်နဲ့မအလဟာ ဆင်တူတာလေးတွေရှိပါတယ်။ အာဆတ်ဟာ ၂၀၁၁မှာ ဆန္ဒပြသူတွေကိုပစ်သတ်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ဖြစ်ပြီး လူငါးသိန်းလောက်သေခဲ့ပါတယ်။ ဒုက္ခသည်က သန်းချီပြီး ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။ ၂၀၁၄နောက်ပိုင်းမှာ သူ့ရဲ့အတိုက်အခံတွေက အချင်းချင်းမညီညွတ်ကြတာရယ် အာဆတ်ကို အီရန်နဲ့ ရုရှားတို့က ဝိုင်းထောက်ပံခဲ့ကြလို့ အာဆတ်က ပြည်တွင်းစစ်မှာပြန်နိုင်လာခဲ့ပါတယ်။ အာဆတ်က ၂၀၁၄ နဲ့ ၂၀၂၁မှာ သမ္မတရွေးရွေးကောက်ပွဲလုပ်ခဲ့ပြီး သူကသာ သောင်ပြိုကမ်းပြို ၉၀%‌ ကျော်နဲ့ နိုင်သွားခဲ့ပါတယ်။ ရွေးကောက်ပွဲကတော့ လုပ်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ အားလုံးသိမှာပါ။

ထို့အတူပါပဲ မအလဟာလည်း ဆန္ဒပြသူတွေကို ပစ်သတ်ပြီး အာဏာသိမ်းခဲ့သူပါ။ သူ့ကြောင့်ယခုပြည်တွင်းစစ်ဖြစ်နေဆဲပါ။ မအလကိုပံ့ပိုးနေတာက တရုတ်နဲ့ရုရှားပါ။ အီရန်နေရာမှာ မြန်မာပြည်က တရုတ်ပေါ့။

ဒါဆိုရင် အာဆတ်ကဘာလို့ယခုမှ ရုတ်တရက် ထပြုတ်ကျရတာလဲ။ အားလုံးသိကြတဲ့အတိုင်း ပါလက်စတိုင်းကိစ္စမှာ ဟစ်ဇဘိုလာဟာ အီရန်ကထောက်ပံ့တဲ့အဖွဲ့ပါ။ ဟစ်ဇဘိုလာတွေကလည်း ဆီးရီးယာမှာ သူနဲ့ဘာသာတူ အာဆတ်ဘက်က ဝင်တိုက်ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ ပါလက်စတိုင်း ပြဿနာဖြစ်ပြီးမှ အစ္စရေးက ဟစ်ဇဘိုလာရှိတဲ့ လဘနွန်ကိုဝင်ရောက်တိုက်ခိုက်လာလို့ သူတို့ရဲ့ခေါင်းဆိုင်ပိုင်းတွေသေပြီး တပ်ပျက်သွားခဲ့ပါတယ်။ အီရန်ဟာလည်း အစ္စရေးရဲ့အကြိမ်ကြိမ်တိုက်ခိုက်တာကိုခံခဲ့ရပြီး လက်နက်အင်အား နည်းသွားခဲ့ပါတယ်။ ထို့အတူပါပဲ ရုရှားဟာလည်း ယူကရိန်းနဲ့ အလုပ်များသွားခဲ့ပါတယ်။ ရုရှားတပ်သားတွေမလောက်လို့တောင် မြောက်ကိုရီးယားကနေ စစ်ကူခေါ်နေရတာပါ။

ထိုအချိန်မှာပဲ တူရကီက ယခု HTS လို့ခေါ်တဲ့အဖွဲ့ကိုထောက်ပံ့ပြီး သူတို့က ဒုတိယမြို့တော်ကို စတိုက်လာခဲ့ပါတယ်။ အာဆတ်တပ်တွေက မခုခံဘဲ ယူနီဖောင်းချွတ်ပြီး အရပ်သားယောင်ဆောင်ထွက်ပြေးသွားခဲ့ပါတယ်။ သူတို့မခုခံနိုင်တာကလဲ ပြည်တွင်းစစ်က နှစ်ပေါင်း၁၃နှစ်ကြာလာချိန်မှာ အာဆတ်ကလဲ သူတို့ကိုလခမပေးနိုင်သလို ယခုတိုက်ပွဲမှာ ယခင်ကလို သူတို့ဘက်က ကူတိုက်ပေးမယ့်စစ်ကူတွေ မရှိတော့တာလဲ ပါပါတယ်။ အစပိုင်းမှာ ရုရှားကဗုံးဝင်ကျဲပေးပေမယ့် နောက်ပိုင်းမှာမြေပြင်ပေါ်မှာ တိုက်သူမရှိလို့ ရုရှားလဲ မကယ်နိုင်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ နိုဝင်ဘာလကုန်လောက်ကစခဲ့တဲ့တိုက်ပွဲဟာ ဒီနေ့မှာမြို့တော် ဒမတ်စကပ်ကိုရောက်လာခဲ့တာပါ။ ဒီအချိန်မှာပဲ အခြားအရှေ့အနောက် တောင်မြောက်က တော်လှန်ရေးအဖွဲ့များကလဲ မြို့တော်ဒမတ်စကပ်ကိုချီတက်လာခဲ့ကြပါတယ်။ ယခုမြို့တော်ကိုအရင်ဆုံးရောက်တဲ့ HTS အဖွဲ့က ကုလသမဂ္ဂရဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့အဖွဲ့ပါ။ အဆိုပါအဖွဲ့ခေါင်းဆောင်ကတော့ လူနည်းစုတွေကိုလက်စားမချေဘူး ဘာညာဆိုပြီးတော့ မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူက တူရကီရဲ့အမိန့်နာခံတဲ့အဖွဲ့ဖြစ်လို့ တူရကီမကြိုက်တဲ့ ကဒ်လူမျိုးတွေကို စတိုက်နေပြီလို့လည်းပြောပါတယ်။ ဒီကနေ ဘာဆက်ဖြစ်မလဲ မသိသေးပါ။ ဘာပဲပြောပြော အာဆတ်ကတော့ မောစကိုကို ပြေးသွားခဲ့ရပါပြီ။

အဓိကပြောလိုတာက လောလောဆယ်မှာ မအလကိုထောက်ပံ့တဲ့ အားကောင်းတဲ့ တရုတ်ရှိနေပေမယ့် ထရမ့်တက်လာခဲ့ရင် တရုတ်ဟာလည်း ထရမ့်ပိတ်ဆို့တာ စစ်ရေးအရ ကျပ်တာတွေကို ရင်ဆိုင်ရမှာပါ။ ရုရှားဟာလည်း ယူကရိန်းကိစ္စကို ထရမ့်နဲ့ အပေးအယူလုပ်ဖို့ စစ်ရေးအရပြင်ရမှာပါ။ ဒါကြောင့်မို့လို့ မအလကိုလာကူဖို့ ကယ်ဖို့ မဖြစ်နိုင်ပါ။

အားလုံးသိထားရမှာက အီရတ်မှာ အမေရိကန်ဦးဆောင်ပြီး ဆဒ္ဒန်ဟူစိန်ကို ချက်ချင်းဖြုတ်ချနိုင်ခဲ့ပေမယ့် နောက်ပိုင်းပြဿနာက ၁၀နှစ်လောက်ကြာခဲ့ပါတယ်။ လစ်ဗျားမှာလည်း ကဒါဖီကို ချက်ချင်းပြုတ်ချနိုင်ခဲ့ပေမယ့် နောက်ပိုင်း ပြည်တွင်းစစ် ပြဿနာက ၁၄နှစ်လောက် ကြာခဲ့ပါတယ်။

စာရေးသူတို့မှာက မအလဟာ အားနည်းလာနေပြီး အနောက်ဘက်မှာ မောင်းတောကျခဲ့သလို အမ်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာလည်းကျနေပါပြီ။ မြောက်ပိုင်း ကချင်ကလည်း မြစ်ကြီးနားအထိရောက်လာဖို့က အနေးနဲ့အမြန်ပါ။ ရှမ်း‌မြောက်က ကျပြီးသားပါ။ သူတို့အားလုံးသူတို့နေရာတွေယူပြီးရင် မြေပြန့်မှာက တိုက်ပွဲတွေနဲ့မြိုင်ဆိုင်လာမှာပါ။ ထရမ့်ကလည်း ၂၀၂၅ ဇန်နဝါရီ၂၀မှာ သမ္မတစလုပ်မှာဖြစ်လို့ ဒီဘက်ကစစ်‌ကြောင်းတွေစထိုးချိန်မှာ တရုတ်ဝင်စွက်ရင် ထရမ့်ကနေတဆင့် ဖိအားပြန်ပေးလို့ရမှာပါ။ တရုတ်လက်နက်ကိုင်ကုမ္ပဏီတွေ ဝင်လာရင်လဲ အမေရိကန်က မူဝါဒရေးဆွဲသူတွေက်ု တရုတ်ကျူးကျော်လာတာကို မီးမောင်းထိုးပြရုံပါ။

ဒါကြောင့်မို့လို့ ရောင်နီဟာ ၂၀၂၅မှာမြင်နေရပြီး အားလုံးက အီရတ်၊ လစ်ဗျား၊ ဆီးရီးယားတို့ကို သင်ခန်းစာယူပြီး စုစည်းစွာနဲ့ စစ်ပွဲတွေဆင်နွဲနိုင်ရင် မအလကျရှုံးတာနဲ့ သူတို့လိုပြဿနာဖြစ်တာတွေကို ရှောင်ရှားနိုင်ပြီး မြန်မာပြည်ဟာ ချက်ခြင်းလွတ်လပ်သွားမှာပါ။ အားလုံးက အာဆတ်အပြီးမှာ မအလကျရှုံးဖို့ လုံးဝ လုံးဝ သေချာသွားခဲ့ပါပြီ။ ဒမတ်စကပ်အပြီးမှာ နေပြည်တော်ကို ချီတက်ကြပါစို့။။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 comentário


Moh Moh Zaw
Moh Moh Zaw
29 de dez. de 2024

Trump အကြောင်းရေးပေးပါအုံး

Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page