top of page
Search

အောင်မြင်သောရွေးကောက်ပွဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 8, 2020
  • 1 min read

အမေရိကန်မှာ မဲပေးသူတွေဟာ စံချိန်တင်လောက်အောင် များခဲ့ပါတယ်။ ထရမ့်ကြောင့်ပါ။ သူတို့ကတော့ ပါတီနှစ်ခု မဲသိပ်မကွာခဲ့ပါဘူး။

ဒီနေ့ မြန်မာပြည်မှာလဲ မဲလာပေးသူ များမယ်ဆိုတာ နံနက်မိုးလင်း ၆ နာရီမှာ တန်းစီတဲ့ လူအုပ်ကြီးကိုကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ယခုအချိန်မှာ ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ ယခင်၂၀၁၅ ကထက် များမယ်ဆိုတာ သေချာသွားခဲ့ပါပြီ။ ဒါက ပထမဆုံးအောင်မြင်မှုပါ။ ဒုတိယကတော့နေရာအများစုမှာ ငြိမ်းချမ်းစွာ လုပ်နိုင်ခဲ့တာပါ။ မြန်မာဟာ ဒီမိုစနစ်မှာ အမေရိကန်တို့၊ ဥရောပကလူတွေလို ငြိမ်းချမ်းစွာမဲပေးခဲ့တာ တွေ့ရပါတယ်။ မြန်မာပြည်မှာ မဲပေးသူများသွားတာဟာလဲ သာဝကျေးဇူးမကင်းပါဘူး😀။


ဘယ်သူနိုင်မလဲဆိုရာမှာ စာရေးသူယခင်ကထဲက နိုင်ငံရေးသုံးသပ်သူများနဲ့မတူဘဲ NLD သာ နိုင်မယ်လို့ပြောထားခဲ့ပါတယ်။ မနိုင်နိုင်တဲ့နေရာလဲ ပြောထားပြီးသားပါ။ ဒါပေမယ့် ၂၀၁၅ ထက် အခြေအနေကောင်းမှာ သေချာပါတယ်။ တွေဝေနေသူအချို့ကို ဘဘသာဝက မဲမကွဲအောင် မီးကုန်ယမ်းကုန် မဲဆွယ်ပေးသွားခဲ့လို့ပါ😀😀😀။

အကျဉ်းချုပ်ရရင် မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်မှာ အမေရိကန်လို ရွေးကောက်ပွဲကို ကိုဗစ်ကြားက ယခုလို အောင်မြင်အောင်လုပ်နိုင်တာဟာ ဂုဏ်ယူစရာပါ။

ဒီနေ့အဘကလဲ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုမယ်လို့ ပြောသွားခဲ့ပါပြီ။ အားလုံးညီညွတ်ကြပါ။

Photo credit: CNN, NPR, Al-Jazeera

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Albert Wint
Albert Wint
Nov 08, 2020

စိတ်အေး/အားရှိပါ၏

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page