CDM တွေထဲ လူမသိတာက EPC ပါ။ သူတို့ကလဲ ပြည်သူတွေအတွက် အခက်အခဲကြားက ပေးဆပ်နေပါတယ်။ မအလက EPC တို့ ရထားဝန်ထမ်းတို့ကိုတော့ ဝန်ထမ်းအိမ်ရာကဖယ်ခိုင်းတာ အလုပ်ဖြုတ်တာတွေနဲ့ ခြိမ်းခြောက်နေပါတယ်။ စားဝတ်နေရေးကိုပေါ့။ ဒါပေမယ့်လဲ EPC ဝန်ထမ်းတွေက CDM ပါဘဲ။ ယခုဟာက ပဲခူးစာရင်းပါ။ အားလုံးက လေးစားရတဲ့ သူရဲကောင်းတွေပါ။ အလေးပြုပါတယ်။
top of page
bottom of page
ဦးမြတ်!!!မီးရထား CDM အကြောင်း ဖေ့စ်ဘုတ်မှာရေးတုန်းက လျှပ်စစ်ဝန်ထမ်းများကိုလည်း မမေ့သင့်ကြောင်း ရေးခဲ့ပါသည်။ CDM or non-CDM ဖြစ်စေ ခုကာလ ကျေးဇူးတင်ထိုက်သူများအဖြစ် မှတိတမ်းတင်အပ်ပါသည်။
~လျှပ်စစ် (အရာထမ်း မဟုတ်သော) အခြေ ဝန်ထမ်းများ တာဝန်ကျေပွန်မှုကြောင့် သတင်းများ အချိန်နှင့်တပြေးညီ လူမှုကွန်ယက်မှာ ချက်ချင်း သိ ခွင့် ရခြင်း။
~မြို့ပြကြီးနေ လူထုအတွက် ချက်ပြုတ်ရေးအတွက် လျှပ်စစ် မခက်ခဲအောင် ဆောင်ရွက်ပေးထားခြင်းကလည်း ကျေးဇူးတင်ထိုက်သည့်အချက်ပါ။
~ညအခါ လျှပ်စစ်မီးရောင်ကြောင့် ဆိတ်ငြိမ်နေငြား အကြောက်တရား ကင်းဆိတ်ကွာစေခြင်း။
တနေ့က ကျောက်ဆည်မှ ဝန်ထမ်းတဦး လိုင်းပြင်ရာမှ မတော်တဆမှုကြောင့် ကျောက်ဆည်ဆေးရုံ တက်ရောက် ကုသနေရပါသည်။
သို့သော် တဖက်က မသိဆိုးရွားသူများကတော့
လိုင်းပြတ်လို့ လိုင်းအဆက်ပြင်ပြန်လာသော ပဲခူးမြို့မှလျှပ်စစ်ဝန်ထမ်းကို ရိုင်းပျစော်ကားစွာ ဆက်ဆံမှုကြောင့် စိတ်ဆင်းရဲရပါသည်။
ပေးဆပ်သူတွေ ပေးဆပ်နေကြချိန်မှာ အတွေး မတတ် အမှန်မမြင်တတ်သူ တစ်စုကတော့ ထင်ရာစိုင်းလျက်။
အမြင်ကို တင်ပြပါရစေ။
ရန်ကုန် မန်း မြို့ကြီးများအပါအဝင် ရေပေးဝေရေးစနစ်ကို မှီခိုနေရသော မြို့ပြများရှိ စည်ပင်ဝန်ထမ်း(ရေဖြန့်ဖြူးပေးရေးဌာနရှိ အခြေ ဝန်ထမ်း) များကိုလည်း ကျေးဇူးတင်ထိုက်သူ စာရင်း သွတ်သွင်း ၊ ချီးမြှင့် သင့်ပါသည်။
နေက ပူ ၊ အိုက် က အိုက် ၊ချွေးစီးများနှင့် စေးကပ်ကပ်၊ ရေ မချိုးရတဲ့ ဒုက္ခကလည်း အတော်ဆိုးပါသည်။
ကျေးဇူးရှိသူကို ကျေးဇူးရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြု သတိရခြင်းသည် မြတ်ဗုဒ္ဓဘုရားရှင်အလိုတော်ကျ မင်္ဂလာတစ်ပါး ဖြစ်ပါသည်။
ခုကာလမှာ ပြည်သူတွေ ေကာင်းကျိုး ရဖို့၊ ဆောင်ရွက်ကြသော ဝန်ထမ်းမှန်သမျှ
ကြည်သာရွှင်လန်း