အာဂျင်တီးနားမှာ မြန်မာကိုတရားစွဲရင် ဘာဖြစ်မလဲ?
- Myat Tun Oo
- Nov 14, 2019
- 1 min read

အာဂျင်တီးနားမှာ မြန်မာကိုတရားစွဲရင် ဘာဖြစ်မလဲ?
စာရေးသူတို့က ဘင်္ဂါလီကိစ္စမှာ ICC မှာစွဲရင် ဂျပုနဲ့အဖွဲ့မိုလို့ ဘာမှ မပြောလိုကြပါ။ ICJ မှာက နိုင်ငံလား ဂျပုလားမသိသေးပါ။ နိုင်ငံဖြစ်ဖို့များပါတယ်။ စာရေးသူဆောင်းပါးရေးခဲ့ပြီးပါပြီ။ ဘာမှတကယ်လုပ်လို့မရပါဘူးဆိုတာ။ မအလကို မကြိုက်ပေမယ့် လက်တွေ့ရေးပြထားတာပါ။
ဒီစီရင်ထုံးတွေ အကောင်အထည်ဖော်လို့ မရနိုင်မှာက မြန်မာကိုချစ်လို့ ဂျပုကိုချစ်လို့ မဟုတ်ပါ။
ဘင်္ဂါလီကိစ္စမှာ သူတို့ရဲ့ နိုင်ငံသားဖြစ်မှုဟာ ပါလက်စတိုင်းလောက်မထင်ရှားပါ။ သူတို့မြန်မာပြည်ထဲကို ခိုးဝင်တာပါ။ ပြီးမှလူဦးရေများလာတာပါ။ သူတို့ကတော့ ဘာညာပြောမှာပါ။ အိုကေ သူတို့က တပ်ကစစ်ဆင်ရေးကြောင့် ထွက်ပြေးရတယ်။ ဒါပေမယ့် သူတို့နေခဲ့တာက သူတို့နေရာမဟုတ်ဘူး။ ဥပမာအိမ်တစ်အိမ်ကို သူခိုးဝင်တယ်ဆိုပါစို့။ သူခိုးကိုအိမ်ရှင်က သေနတ်နဲ့ပစ်ဖမ်းရင် ဥရောပမှာက လူ့အခွင့်အရေးအရ အိမ်ရှင်ကို သူခိုးက တရားပြန်စွဲလေ့ရှိပါတယ်။ သူခိုးရှေ့နေက အိမ်ရှင်က အင်အားအလွန်အကျွန်သုံးဖမ်းလို့ (disproportionate use of force) သူခိုးရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်ပေါ့။ ဒီလိုဖြစ်စဉ်မျိုး အမေရိကန်မှာဆိုရင်တော့ အမေရိကန်ဥပဒေအရ သူခိုးက ပြန်တရားစွဲလို့မရပါ။
ဒီကိစ္စမှာ အဆိုပါတရားရုံးတွေက ဘင်္ဂါလီကို အနိုင်ပေးခဲ့ရင် တကယ့်နိုင်ငံသားစစ်စစ် ပါလက်စတိုင်းကို သူတို့တိုင်းပြည်က နှင်ထုတ်ခဲ့တဲ့ အစ္စရေးကိုလဲ အာရပ်တွေက မြန်မာကိုလုပ်သလို ICJ တို့ ICC တို့မှာ တရားစွဲလာပါမယ်။ ဒါကြောင့် မြန်မာကိုလုပ်ချင်ရင် အမေရိကန်နဲ့ အင်္ဂလိပ်အနေနဲ့ ဒီစီရင်ထုံးကဘယ်အထိသွားမလဲဆိုတာ စဉ်းစားရမှာပါ။
အာဂျင်တီးနားကတော့ ဘာမှအဆင့်မရှိပါ။ သူကစွဲသလို သူ့ကိုမြန်မာပြည်က တရားရုံးမှာလဲ စွဲလို့ရပါတယ်။ ဥပမာအနေနဲ့ စွေစောင်းက ထရမ့်ကို မြန်မာပြည်က တရားရုံးမှာစွဲရင် ဘာဖြစ်မလဲဆိုတော့ ခွေးဟောင်သလောက်သာရှိပါမယ်။ အာဂျင်တီးနားကစွဲလဲ ခွေးဟောင်တဲ့အဆင့်ပါ။တောင်ကိုရီးယားတရားရုံးက ဂျပန်အပေါ် ဒုတိယကမ္ဘာစစ်ကပြစ်မှုအတွက် စီရင်ချင်ချလို့ လွန်ခဲ့တဲ့ ၆ လ လောက်ကပြဿနာတွေ တက်ကြပါတယ်။
အကျဉ်းချုပ်ပြောရရင် ဘင်္ဂါလီလဲ ဆက်လော်ပါ။ DASSK ကတော့ မေတ္တာနဲ့ သူလုပ်စရာရှိတာကိုမှန်ကန်ရဲရင့်စွာ ဆက်လုပ်သွားမှာပါ။ သူမသာ ကြောက်တတ်ခဲ့ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ထဲကအင်္ဂလန်ပြန်သွားတာ ကြာခဲ့ပါပြီ။
Photo credit : Myanmar State Counsellor Office
Comments