အာခြောင်သူ အဘတများသို့
- Myat Tun Oo
- Mar 9, 2020
- 1 min read

၁၀ ရက်နေ့ တပ်ကို အသင့်ပြင်ဘာညာ အာခြောင်သူများ သိထားရမှာက အဘတပ်က အာဏာသိမ်းပြီးပြည်မကလူထုနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မပြောနဲ့ ရခိုင်မှာတောင် ဓာတ်ခဲကို သူ့လူမျိုးကညီတော့ ကြည်း၊ရေ၊ လေ တိုက်နေရတာ အဘတညီငယ် ညီမငယ်များ သိမှာပါ။ မသိရင်လဲ စာဖတ်ပါ။
ယခုလဲ မင်းတို့ရဲ့အဘက ဘယ်တပ်ကိုမှ မညွှန်ကြားထားပါ။ ညီလေးတို့က ဘာကြောင့် အာခြောင်နေလဲတော့ မသိပါ။ အကယ်၍ သိမ်းခဲ့ရင် ပြည်မကလူထုက တပ်ရင်းအချို့ရဲ့ အကူအညီနဲ့ခံချရင် မင်းတို့အဘတွေ ကဒါဖီ သို့မဟုတ် ဆဒမ်ဟူစိန်လို ဘဝဆုံးသွားနိုင်ပါတယ်။
လက်ရှိအစိုးရကလဲ နိုင်ငံခြားတပ်ကို တရားဝင်ခေါ်လို့ရတယ်ဆိုတာ မမေ့ထားပါနဲ့။ အာဏာသိမ်းတပ်ဟာ အာဏာမရသေးသ၍ သူပုန်တပ်ပါ။ သူပုန်ရဲ့ခေါင်းဆောင်ကို ကုလနဲ့ နိုင်ငံခြားတပ်က ပစ်သတ်လို့ရပါတယ်။ ပစ်ခတ် ဖမ်းဆီးလို့ရပါတယ်။ ကဒါဖီကို ပစ်ဖမ်းတာလေး မျက်စေ့ထဲ မြင်ကြည့်ပါ။
စိတ်ကူးမယဉ်ပါနဲ့လို့ ပြောပါရစေ။
Comments