top of page
Search

အာခြောင်သူတစ်ဦးနှင့် တွေ့ဆုံခြင်း

Writer: Myat Tun OoMyat Tun Oo

ဒီလူက RIT ပြီးလို့ရေးထားပါတယ်။ မှန်ခဲ့ရင် ဘွဲ့ရပညာမတတ်ပေါ့။ သူနဲ့စာရေးသူကြား friends အချို့တူပါတယ်။ သူက မနေ့ကစာရေးသူရေးတဲ့ “မြန်မာအစိုးရနှင့် ကမ္ဘာ့အစိုးရများ COVID ကိုင်တွယ်ပုံယှဉ်ကြည့်ခြင်း” မှာ ကျန်းမာရေးအတွက်သုံးငွေရေးထားတာကို ယခုလို ဝေဖန်ပါတယ်။ ဒါက သူရေးထားတာပါ။

“ကျန်းမာရေး Budget က

ဒီနှစ်အတွက် 1072 billion ပါ

လူဦးရေ 54 သန်းနဲ့စားရင်

တယောက်စာ ၂ သောင်းကျပ်

ရပါတယ်။ ဒေါ်လာနဲ့တွက်ရင်

$ 14 ဝန်းကျင် ရပါတယ်။

$62 ဆိုတာဘယ် ref ကလဲ

သိချင်ပါတယ်။”

ရုတ်တရက်ကြည့်ရင် ဟုတ်သရောင်ပါ။ စာရေးသူကလဲ world bank data ကို ယူထားကြောင်း “https://data.worldbank.org/indicator/SH.XPD.CHEX.PC.CD” အထောက်အထားနဲ့ ပြန်ရှင်းပြခဲ့ပါတယ်။ ဒါမျိုးထောက်ပြတာ ကောင်းပါတယ်။ စာရေးသူကလဲ အချက်အလက်နဲ့ ပြန်ရှင်းပြခဲ့ပါတယ်။

နောက်သူက စာရေးသူက မြန်မာက အမေရိကန်နဲ့ အင်္ဂလန်ထက်သာတယ်ဆိုတာကို ယခုလိုမေးခွန်းထုတ်ပါတယ်။

“US မှာ လေဆိပ်က လာတဲ့

သူတွေကို Quarantine လုပ်

ပါတယ်။ အစားအသောက်

free ။ TV၊ Internet အပြည့်

အစုံပါ။

အရင်အပတ်က ပြန်

သွားတဲ့ ဇော်မင်း(88) အခုထိ

Q နေတုန်းပါ။”

သူဆိုလိုချင်တာက စာရေးသူရေးထားတာ မဟုတ်သလို ထင်ရောင်ထင်မှားဖြစ်အောင် စာဖတ်သူတွေကို လုပ်တာပါ။ သူလဲ သေချာမသိပါ။ ယခင်က တရုတ်ကလာသူကို Quarantine လုပ်ပေမယ့်နောက်ပိုင်းမှာ US, UK quarantine ကို camp မှာ မလုပ်နိုင်တော့ပါ။ နေသူများကိုယ်တိုင် ပြောပါတယ်။သူက ရူးချင်ရောင်ဆောင်ပြီး သိသလိုရေးထားတာပါ။ စာရေးသူရဲ့ တုံ့ပြန်မှုကတော့

“Kyaw Thet Aung US မှာ contact tracing မလုပ်နိူင်ပါဘူး။ Mexico and Canada border က ဝင်သူကိုquarantine မလုပ်နိုင်ပါဘူး။ အမေရိကန်က မိတ်ဆွေပြောသလို internet ပေးသုံး ဟိုတယ်မှာ ထားတယ်လို့ စကားအဖြစ်ယုံပေးရင်တောင် US က ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်ပါ။ မိတ်ဆွေမျှတစွာ တိုင်းချင်ရင် Apple ကို Apple နဲ့ နှိုင်းရပါမယ်။ ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်မှာလုပ်တာကို အဆင်းရဲဆုံးတိုင်းပြည်က လိုက်မလုပ်နိုင်လို့ အပြစ်တင်လို့မရပါ။”

ဒီအထိလဲ ထားပါတော့။ နောက်သူက အာဆက်ခြောင်ပါတယ်။ ဒီလိုရေးထားပါတယ်။

“PPE 8600 နဲ့ N95 mask

95000 surgical mask

၃ သိန်းခွဲကို သိမ်းထားပြီး

တရုတ် လေယာဉ် ဆိုက်မှ

ဆေးရုံတွေကိုဖြန့်ပေးတဲ့

management ကလည်း

စဉ်းစားစရာပါ။”

ဒါကသတင်းမှားပါ။ ဘာမှမဆိုင်တာကို သူ့အထင်နဲ့ လူတွေအထင်လွဲအောင်ရေးထားတာပါ။

သူကစာရေးသူက အစိုးရက transparency ရှိတယ်လို့ပြောတာကို ယခုလိုရေးပါတယ်။

“ဒီရောဂါ အကြောင်းကို

ကမ႓ာ့ပညာရှင်တွေက

online မှာရေးတင်ကြပါတယ်။

ဒါ့ကြောင့် ကမ႓ာသုံးဘာသာ

တခုခုတတ်တဲ့မြန်မာတွေ

အလွယ်တကူ သိနိုင်ပါတယ်။

သူတို့က FB မှာ

ပြန်ရေးတင်လို့ ပြည်သူတွေ

သိကြတာပါ။ အစိုးရရဲ့ပွင့်လင်း

မြင်သာမှုလို့ ပြောရအောင်

အစိုးရ တခုတည်းသိတဲ့

လှို့ဝှက်ချက်မဟုတ်ပါ။”

နာဂစ်မှာ ဘယ်လောက်သေလဲ စစ်အစိုးရကြေညာဖူးပါသလား? စာရေးသူက ယခုလိုတုံ့ပြန်ထားပါတယ်။

“Kyaw Thet Aung မိတ်ဆွေရဲ့ အဆိုးမြင်ဝါဒက ဒီမှာပေါ်လာပါပြီ။ transparency means they declared transparently how many patients they tested and how many patients they have confirmed. It is different from previous governments. ကိုကိုကြီးလိုကောင်မျိုးနဲ့ သူ့ပါတီက အကောင်တွေသာတက်လာခဲ့ရင် ဒီအစိုးရရဲ့ ခြေဖျားတောင်မှီမှာ မဟုတ်ပါ။”

နောက်သူက ရောဂါပိုးစစ်တဲ့အကြောင်းရေးရာမှာတော့ သူဟာဘာမှမတတ်ဘဲ အစိုးရလုပ်သမျှကိုအစိုးမြင်နေတဲ့ အဘက မွေးစားထားတဲ့ ၈၈ ရောင်ရောင် ဆိုတာသိလိုက်ရပါတယ်။

သူဘာမှမသိအသုံးမကျဘဲ သိသယောင်ရေးနေတာကို ပြသွားတာကတော့ ဒီ comment ပါ။

“စင်္ကာပူနဲ့ ကိုရီးယားက

Test အများကြီးလုပ်နိုင်တာ

ချမ်းသာလို့မဟုတ်ပါ။

မြန်မာပြည်က

Virus ကိုစစ်ပြီး သူတို့က

Antibody ကိုစစ်လို့ပါ။

ဒီက များများမစစ်နိုင်တဲ့

အကြောင်းရင်းက MOHS က

ခေါင်းမာပြီး antibody စစ်တဲ့

rapid test kit မသုံးလို့ပါ။”

ဒါက Kyaw Thet Aung ရဲ့ ခေါင်းမရှိဘဲ အစိုးရကိုသာ မကောင်းပြောချင်တဲ့စိတ်က များနေတယ်ဆိုတာကို ပြသွားတာပါ။ ရောဂါစဖြစ်တာကို ရှိ မရှိစမ်းသပ်တာဟာ Antigen ပါ။ antibody ဆိုတာက ရောဂါပိုးဝင်ပြီး ခန္တာကိုယ်က ပိုးကိုတိုက်မှ ထွက်လာတာပါ။ လူတွေကို ရောဂါရှိ မရှိသိအောင်လုပ်တာကantigen နဲ့ စ စစ်ရတာပါ။ ဒီ antigen စစ်ဖို့ဟာက နှာခေါင်းနဲ့ လည်ချောင်းက ယူရတာပါ။ အဲဒါအတွက်ပစ္စည်းလိုသလို စစ်တဲ့ reagent လဲ လိုပါတယ်။ သူက MOHS က ခေါင်းမာပြီး antibody စစ်တဲ့ kit မသုံးလို့ဆိုတာက သူကခေါင်းမသုံးဘဲ အစိုးရကို အပြစ်ပြောချင်ရာကနေ သူ့ရဲ့ ဦးနှောက်မရှိမှုကို ပြသွားတာပါ။

စာရေးသူအနေနဲ့ ပုံမှန်မှာ တုံ့ပြန်လေ့မရှိပေမယ့် မဟုတ်တဲ့ သတင်းတွေနဲ့ အစိုးရကို အပုတ်ချဝေဖန်နေတာကို လက်ပိုက်ကြည့်နေရင် မကောင်းလို့ပါ။ အချို့နေရာတွေမှာ တတ်ရောင်ကားတွေက အန္တရာယ်များပါတယ်။ ဒီလိုအချိန်မှာ ကိုကိုကြီးလို ၈၈ သာ အစိုးရဖြစ်လို့ကတော့ ဒီလိုကောင်တွေနဲ့ မလွယ်ပါ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 Comment


Aung Myint
Aung Myint
Apr 10, 2020

Antibody စစ်တဲ့ kit ရဲ့ စစ်ဆေးမှုရလာဒ်များရဲ့ မှားယွင်းလွဲချော်မှုတွေများလွန်းလို့ ပထမဆုံးအစောပိုင်းကာလများမှာ အရေးပေါ်သုံးခဲ့ကြတာပဲရှိပါတယ် ။ Negative သမားကို Positive ပြတာကိစ္စမရှိပါဘူး ။ Positive ကို Negative ပြလို့ ဒုက္ခတွေ တွေ့ကြရတာ လဲ‌ အာချောင်သူ သိမယ်မထင်သလို ၊ သိအောင်လဲ လေ့လာမှာမဟုတ်ပါဘူး အဓိကရည်ရွယ်ချက်က စကားလုံးကြီးကြီးသုံးပြီး virus ကြောင့်စိုးရိမ်စိတ်နဲ့ ပူပန်နေကြရတဲ့ ပြည်သူတွေကို အစိုးရရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းကြောင်း ၊ ဖြေရှင်းလို့ရတာကို မဖြေရှင်းခဲ့လို့ ရောဂါပိုပြီးပြန့်ပွားတော့မလိုလို ၊ fb ပေါ်ကလူတိုင်းသိနိုင်တဲ့ ကိစ္စတွေကို သူကိုယ်တိုင်တောင် ရေရာသေချာမသိပဲ ပါးစပ်နဲ့ မဆံ့တဲ့ စကားတွေသုံးပြီး ပြည်သူ့အစိုး ရအပေါ် ယုံကြည်မှုကင်း မဲ့စေချင်တဲ့ စိတ်စေတနာဆိုးနဲ့ သူ့ခမျာ လုပ်ကြံဖန်တီးနေရရှာတယ် ။ နိုင်ငံတော်အတိုင်ပင်ခံ ပြောထားတဲ့ စကားက တစ်ခွန်းထဲကို သဘော မပေါက်ရှာဘူးနော် ။ " ပြည်သူသာ အဓိက " တဲ့ ။ အဲ့ထက်ပွင့်လင်းမြင်သာတာဘာရှိသေးလဲလို့ အဲ့ဒီ့ " အာချောင်သူ " ကိုမေးလိုက်ချင်ပါတယ် ခင်ဗျာ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page