top of page
Search

အောက်တိုဘာ အဆုံးအဖြတ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 28, 2024
  • 1 min read

အောက်တိုဘာ အဆုံးအဖြတ်


ပါတီထောင်ပြီး နိုင်ငံရေးလုပ်တော့ လက်နက်နဲ့ အနိုင်ကျင့်ပြီး အာဏာသိမ်းတယ်

လက်နက်ကိုင်ပြန်ချတော့ လက်နက်စွန့်ပြီး ပါတီထောင်ဖို့ပြောတယ်

လူတွေက မ အ တော့ဘူးလေ။

ပြင်ထားတာက သန်ခေါင်စာရင်းကောက်မယ်

ဒီလိုကောက်ရာမှာ ကောက်ချိန်မှာ နန်းတွေ အုပ်ကြီးတွေကို လုံခြုံရေးပေးထားမယ်

စဉ်းစားရမှာ အဆိုပါ သန်ခေါင်စာရင်းကောက်ရာမှာပါတဲ့ နန်းတွေကို အခြားအချိန်မှာ လုံခြုံရေးမပေးနိုင်ပါ။ တပ်ထဲလဲ ခေါ်ထားလို့မရပါ။ သူတို့လုံခြုံရေးမပေးနိုင်ချိန်မှာ ပြည်သူက ဝင်ကူညီခဲ့တဲ့ နန်းတွေကို ဘာလုပ်မလဲဆိုတာ သေသေချာချာ ကြေညာထားဖို့လိုပါတယ်။

နန်းတွေက ပထမပြည်သူကိုအာဏာဖီဆန်ပြီး အကြမ်းဖက်တပ်နဲ့ ပေါင်းနေသူများပါ။ သူ့ရွေးကောက်ပွဲမှာ သန်ခေါင်စာရင်းကောက်ပြီးကူရင် ဘာအကျိုးဆက်တွေဖြစ်နိုင်တယ်ဆိုတာ သူတို့သိအောင် ပြောပြထားဖို့လိုပါတယ်။

ပြီးမှ ကျွန်တော်/ကျွန်မမှာ သားလေး၊ သမီးလေးရှိပါတယ် အမေအိုကြီးလုပ်ကျွေးနေရလို့ပါဆိုတဲ့ ဇတ်လမ်းတွေပေါ်လာနိုင်ပါတယ်။

ရှေ့လကတော့ မအလနဲ့ ဖယ်ဒရယ်အဖွဲ့တွေရဲ့ အားစမ်းပွဲပါ။ ဟားခါး PDF ကတော့ ပြတ်ပြတ်သားသား စာထုတ်ပြီးပါပြီ။ အခြားအဖွဲ့တွေကရော? လေနဲ့မဟုတ်ဘဲ ထိရောက်တဲ့ ရဲရဲရင့်ရင့် ဟန့်တားနိုင်တဲ့ စစ်မြေပြင်နည်းလမ်းတွေလိုပါတယ်။ အဘသားနဲ့ နန်းတွေက တကယ်လုပ်ပြရင်တော့ ကြောက်တတ်ပါတယ်။ အောက်တိုဘာလက အဘနဲ့ပြည်သူ အားပြိုင်ပွဲပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page