top of page
Search

အောက်ဆီဂျင်ဘယ်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 14, 2021
  • 1 min read

မနေ့က အသိတိုင်း လူတိုင်းပြတ်နေတာက အောက်ဆီဂျင်ပါ။ ဆိုက်ကားသမားလေးလဲ အောက်ဆီဂျင်မရှိ၊ နိုင်ငံတိုင်းကို လည်ပတ်ခဲ့သူ သူဌေးကြီးလဲ အောက်ဆီဂျင်မရှိပါ။ တေဇက လွဲလို့ပေါ့။ယခုအချိန်မှာ အောက်ဆီဂျင်ဟာ ရွှေထက်တောင် ရှားနေပါပြီ။ ဘယ်သူမှ ငတုံး မအလပြောသလို အောက်ဆီဂျင်ကို ဒေါ်လာစုသလို လိုက်စုနေတာမဟုတ်ပါ။ လွန်ခဲ့တဲ့ ငါးရက်ကျော်ကအောက်ဆီဂျင်ဟာ အပြင်မှာ မိမိဖာသာ ဖြည့်လို့ရနေပါသေးတယ်။ စောက်ရူး အာဏာရူးမအလအစည်းအဝေးထလုပ်အပြီး အောက်ဆီဂျင်စက်ရုံတွေကို ဝင်စီးအပြီးမှာ အောက်ဆီဂျင်က ရွှေထက် ရှားသွားခဲ့ပါပြီ။

အချို့က ဆေးရုံသွားရင် အောက်ဆီဂျင်ရမယ်လို့ ပြောကြပါတယ်။ မနေ့က ဆေးပညာပါမောက္ခကြီးတစ်ဦးရဲ့ အစ်ကိုတောင် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးမှာ အောက်ဆီဂျင်ပြတ်ပြီးသေသွားခဲ့ပါတယ်။ နားကြားမှားတာ မဟုတ်ပါ။ ဒီသတင်းက အမှန်ပါ။ သူလို ဆေးပညာပါမောက္ခရဲ့ အစ်ကိုတောင် အောက်ဆီဂျင်ပြတ်ရင် အခြားလူဆို မပြောပါနဲ့။

သာမန်လူက ဆေးရုံနားတောင် ကပ်မရပါ။ သေခါနီးလူက ဘောမခင်ခင်ကြီးပြောသလိုထောက်ခံစာလိုက်တောင်းနေတာနဲ့ သေတာများပါတယ်။ အချို့ဆို လင်သေပြီး နှစ်ရက်အတွင်းမယားပါ လိုက်သေပါတယ်။ ကိုဗစ်က အဲ့ဒီလောက်ဆိုးတာပါ။

ဒါဆို အောက်ဆီဂျင်က ဘယ်ရောက်သွားလဲ? ယခင်က ပြောခဲ့ ရေးခဲ့သလိုပါဘဲ။ ကိုဗစ်ဟာ တပ်ထဲမှာလဲ အောက်ခြေမိသားစုတွေကို ကူးစက်နေပြီး မအလက လောလောဆယ် အောက်ဆီဂျင်စက်ရုံတွေကို ဝင်စီးပြီး သူ့တပ်ကိုထောက်ပံ့ဖို့ လူမဆန်စွာ လုပ်ထားပါတယ်။ သာမန်လူက ယခုအောက်ဆီဂျင်စက်ရုံ စတည်ဆောက်ရင်တောင် တစ်လလောက်ကြာမှ ရမှာပါ။ ဒီကြားထဲမှာ လူပေါင်းများစွာ အသက်ပေါင်းများစွာ သေရမှာပါ။ ဒါဟာ မအလရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်အာဏာရူးတာကြောင့် ပြည်သူတွေ မသေသင့်ဘဲ သေရတာပါ။

ဒါမျိုး အနာဂတ်မှာထပ်မဖြစ်အောင် ဘာလုပ်ရမလဲ? အချို့က ငါတို့ဆန္ဒမပြရင်၊ ငါတို့ CDM မလုပ်ရင်၊ ငါတို့ လက်နက်ကိုင်မတိုက်ရင် ငါတို့က ဘေးကင်းမယ်လို့ ထင်သူများ ရှိခဲ့မှာပါ။နိုင်ငံရေးဟာ ငါနဲ့မဆိုင်ဘူးလို့ ထင်သူများလဲ ရှိမှာပါ။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုသူများလဲ ရှိမှာပါ။

ယခု မအလ လက်ထက်မှာ မိမိပိုက်ဆံ ပြန်ထုတ်ဖို့ တန်းစီနေရပြီး တန်းစီတာတောင် ထုတ်မရဖြစ်နေသလို အောက်ဆီဂျင်ကလဲ တန်းစီတာတောင် မရတော့ပါ။ သေသူတောင် သဂြိုလ်ဖို့ တန်းစီနေရပြီး တန်းစီတာတောင် သဂြိုလ်မရတော့ပါ။

ကိုဗစ်မှာ မိမိအမျိုးတွေ အောက်ဆီဂျင်မရလို့ သေဆုံးခဲ့ရရင် သူတို့အတွက် လက်စားချေဖို့ မအလကို ဖြုတ်ချဖို့ စာရေးသူတို့အားလုံးမှာ ယခင်ကထက် တာဝန်ပိုရှိသွားပါပြီ။ ယခုအချိန်မှာသိကြားမင်းတောင် ရင်ကြားလာစေ့လို့ မရတော့ပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 15, 2021

ဦးမြတ် ~ ရေ!!!လို့ပဲ အာလုပ် စကားပြုလိုက်ပါသည်။ ခုခါ လူတိုင်းရဲ့ ရင်မှာ သောကမီး တောက် အကြီးကြီးတွေ တောက်လောင်နေပြီး **ရေ**(WATER /H2O) နှင့် ငြိမ်းသတ်မမှ ရမည်မို့ ရေ ဟူ၍ တမ်းတလိုက်ရပါသည်။

***ငါ့ အလှည့် ဘယ်နေ့များ ရောက်လာမှာပါလိမ့်***တွေးပူနေရသောကာလ။

အဘိုးဖြစ်သူ စကား ပြန်လည် တင်ပြပါရစေ။

**ငါ့မြေး!!! မရှိရင် တောင်းစား၊ ခိုးပြီးတော့ ဘယ်တော့မှ မစားလေနဲ့၊၊ ခိုးစားရင် မလှသလို ဝ လည်း မဝ ဘူး**ဤဖြစ်စဥ်နှင့် တထပ်တည်းပါ။

အမြင်ပြောရလျှင် ~ ဝ တဲ့နေ့လည်းရောက်ရော စားပို့ နင့် ပြီး သေရပါလိမ့်မည်။

ကမ္ဘာ့သမိုင်းမှာ ရိုင်းတဲ့ ယုတ်တဲ့ အရာမှာ တိုင်းတပါးသားများကပင် အံ့သြ(အံ့အော)ယူရသည်ထိ စံ တင်ခဲ့ပြီမို့ စာမဖွဲ့တော့ပါ။


ရင်ကြားစေ့မှု နှင့် တွေ့ဆုံဆွေးနွေးမှု ဟူသော

အသုံး ဝေါဟာရ စာလုံးနှစ်လုံး

နွေဦးမှာပေါ်လာတဲ့

လေ အထူးကြောင့်

စုံးစုံးမြုပ် ပျောက်ကွယ်

လွင့်မျောသွားပါပြီ။

လေချိုချို ေသွး၍

အပျော့ ဆွဲ ၊ ကန်တော့ပွဲနှင့်

လာလျှင်တောင်မှ

ဆောရီးပါ ဟူ၍။ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page